Myanmar Labour News ရှင့်။
ညီမက လက်ရှိ လာအို မှာ အလုပ်လုပ်နေတာပါ။
Everlao စက်ရုံမှာပါ ။ အထည်ချုပ် စက်ရုံပါတယ်။ Alpilao စက်ရုံရဲ့ ရုံခွဲပါ။ စက်ရုံက ။ Alpilao စက်ရုံထက် ပိုဆိုး ပါတယ်။
ပြန်ချင်တဲ့ လူတွေ များတယ်။ လျှော်ကြေး မပေးနိုင်လို့ မပြန်ရဘူး။ ကူညီကြပါ။
တစ်လကို တစ်ရက်တောင် ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ် ရှိလို့ နားရတယ်။
နေ့တိုင်း ည ၈ နာရီ ၊ ၁၀ နာရီတွေ ဆက်တိုက် ဆင်းနေရပါတယ်။
အလုပ်သမားတွေလည်း အလုပ်ချိန်တွေကများလို့ ပင်ပန်းပြီး နေထိုင် မကောင်းကြတာ အများကြီးပါ။
ညီမတို့ နေမကောင်းလို့ ပြန်ရင်တောင်၊ လျှော်ကြေးပေးရပါတယ်။ ဆင်းထားတဲ့ ရက်အတွက် လုပ်အားခလည်း မရပါဘူး။
နိုင်ငံကူးလက်မှတ်စာအုပ်တွေ သိမ်းထားပြီး စစ်ဆေးရေးတွေ လာတော့ မသိမ်းထားဘူးလို့ ပြောခိုင်းတယ်။
ပွဲစား ကုမ္ပဏီ အားထန် ( Ar Htan ) နဲ့ ညီမတို့ စာချုပ်ချုပ်ထားတယ်။ စာချုပ်မှာ အလုပ်ချိန်မပါဘူး၊ ပါးစပ်ကနေ အလုပ်ချိန် တစ်နေ့ ၁၀ နာရီလို့ ပြောလိုက်တယ်။
ဒီရောက်တော့ စာချုပ် ထပ်ချုပ်တယ်။ အလုပ်ရှင် အလုပ်သမားကြား စာချုပ်ပါ။
စာချုပ်ထဲမှာ အလုပ်ချိန် တစ်နေ့ ၈ နာရီ ၊ ညနေ ၅ နာရီ နောက်ပိုင်း အချိန်ပိုလို့ သတ်မှတ်ထားတယ်။
တကယ် လုပ်ငန်းခွင်မှာ အားထန်က ၁၀ နာရီနဲ့ စာချုပ်ချုပ်ထားပါတယ်ဆိုပြီး၊ တစ်နေ့ ၁၀ နာရီ ခိုင်းတယ်။ ည ၇ နာရီ နောက်ပိုင်းမှ အချိန်ပို ပေးတယ်။
လာအိုမှာ လျှပ်စစ်မီးက ညီမတို့ ရောက်ထဲက တစ်လကို တစ်ရက် မနက်ပိုင်း ဖြတ်တယ်။ စစ်ဆေးတာလားတော့ မသိဘူးပေါ့နော်။ အဲ့လို ရက်တွေဆို နောက်နေ့တွေ ရက်စား ပြန်ဆင်းပေးရတယ်ရှင့်။
သကြန် ၈ ရက် ပိတ်တယ် ။ အဲလထဲက သုံးရက် တနင်္ဂနွေဖြစ်နေလို့ဆိုပြီး အဲ့ဒီ ၃ ရက်ကို အစား ဆင်းခိုင်းတယ်။
စစ်ဆေးရေးလာတော့လည်း ညနေ ၅ နာရီတွေ ပြန်လွှတ်ပြီး၊ စစ်ဆေးရေး ပြန်သွားတော့လည်း အစား ပြန်ဆင်းခိုင်းပါတယ်ရှင့်။
သင်္ကြန် နောက်ဆုံးနေ့တောင် ၂ နာရီ အလုပ် လွှတ်ပြီး၊ ပြန်ဖွင့်တော့ ပြန်လွှတ်တဲ့ အချိန်တွေကို အစားပြန်ဆင်းရပါတယ်။
ညီမတို့မှာ ဘယ်သူမှ ရပ်တည်ပီး ပြောပေးမဲ့ လူမရှိပါဘူး။
စကားပြန်တွေ၊ စူပါတွေ၊ အောစူပါက အစ တရုတ်တွေ ခိုင်းသလို ပြောသလို ဖိနှိပ်ကြပါတယ်။
စံချိန် မပြည့်ရင်၊ ပိုက်ဆံ ဖြတ်တယ် ။ လာအို ငွေ တစ်ယောက် ငါးသောင်း လိုင်း တစ်လိုင်းလုံး ပေးကတာပါ။
အေးဆေးမပေးရင် ဝမ်တိန်ထိုးရပါတယ်။ ဝမ်တိန် တစ်ခါထိုးရင် လာအိုငွေ ၁ သိန်းပါ ဒဏ်ငွေ ဆောင်ရပါတယ်။
အောစူပါက ထိုးခိုင်းတာပါ ။ သူတို့ စံချိန်မပြည့်လို့ ငါးသောင်း ချောချောမွေ့မွေ့မပေးရင် ဝမ်တိန်အနေနဲ့ ၁သိန်း နဲ့ ထိုးရတော့၊ အလုပ်သမာတွေလည်း ပေးရပါတယ်။
ပြီးတော့ အဲ့ပိုက်ဆံတွေက ဘယ်ရောက်မှန်းမသိပါဘူး။
အမှားလုပ်တိုင်း ဒဏ်ကြေးကို အမျိုးမျိုး သက်မှတ်ထားပါတယ်။
စက် မှန်ကာဗာ မချရင် ဘယ်လောက်၊ ဖိနပ် မစီးရင် ဘယ်လောက်၊ စာရေးမတွေ အထည်လွှဲလို့ ဘောင်ချာ မှားရင် ဘယ်လောက်၊ အမျိုးမျိုးနည်းလမ်းတွေနဲ့ ဒဏ်ကြေးရှိပါတယ်။
နောက်မဖြစ်စေနဲ့ဆိုတာမျိုး မရှိပါဘူး။
နေမကောင်းလို့ ဆေးရုံ ဆေးခန်း သွားရင်လည်း ကားခက အစ ဆေးဖိုး အဆုံး၊ ကိုယ့် စရိတ်နဲ့ ကိုယ်ပါ။
စက်ရုံက ကား လိုက်ပို့တာတောင်မှ အလုပ်ချိန်မဟုတ်ရင် ကားခ ပေးရပါတယ်။
ဦးထုပ်စက်ရုံက သူဌေး အတူတူပါပဲ။
ညီမတို့ တစ်ခုခု တောင်းဆိုတာနဲ့ ဖိနှိပ်ပါတယ်။
အခုလဲ နေမကောင်းလို့ အလုပ်နားနေတဲ့ အလုပ်သမားတွေ ရှိပါတယ်။
ပြန်ဖို့ အင်း မလုပ်၊ အယ် မလုပ်ဖြစ်နေတာပါ။
လျှော်ကြေးပေးပြီးမှ ပြန်ပို့ဖို့ စီစဥ်ပေးပါတယ်။
ညီမတို့လည်း ပြန်ချင်ပါတယ်။ နေမကောင်းလို့ ပြန်တဲ့ လူတွေဆိုရင် ဆင်းထားတဲ့ တစ်လစာ မရပါဘူး ။ လျှော်ကြေးကလဲ မြန်မာငွေနဲ့ ၂၂ သိန်း ထပ်တောင်းပါတယ်။ အားလုံးဆို ဒေါ်လာ ၇၅၀ လောက် ကြပါတယ်။
အဆင်မပြေလို့၊ မလုပ်ချင်လို့ ပြန်တဲ့ လူတွေကို ဒေါ်လာ ၁၅၀၀ ပေးရမယ် ပြောပါတယ်။
စစ်ဆေးရေးတွေ လာတော့ အဲ့လိုဖြေတော့၊ လျှော်ကြေးမဟုတ်ကြောင်း ကုန်ကျစရိတ်တွေ ပြန်တောင်းတာ ဖြစ်တယ်ဆိုပြီး အလုပ်သမားတွေကို ပြောပြန်ပါတယ်။
နေမကောင်းလို့ ပြန်တဲ့ အလုပ်သမားတွေကို လေဆိပ်က ရစ်မှာစိုးလို့ ဆေးစာ အတု လုပ်ပေးပါတယ်။
အသိစိတ် လွှတ်သွားတဲ့ အလုပ်သမားတွေ ရှိပါတယ်။ အဲ့အလုပ်သမားတွေ ပြန်ပို့တာတောင် အဖော်ထည့်မပေးပါဘူး။
ညီမတို့ကို အေးဂျင့်က ဦးထုပ်စက်ရုံ လိုလို၊ အထည်ချုပ်စက်ရုံလိုလို ၊ အတိကျ မပြောဘဲ ပို့တာပါ။
ဒီဘက်မှာ ပြသနာဖြစ်လို့ အေးဂျင့်စီကို ဆက်သွယ်ရင်လဲ အေးဂျင့်က စက်ရုံဘက်ကပြောတာကိုဘဲ အမှန်ယူပါတယ်။
ညီမပြောထား အပိုတွေ မပါပါဘူး။
ဒီထပ် လွန်တာတွေတောင် ရှိပါသေးတယ်။
ညီမတို့ အလုပ်ချိန် ၁၀ နာရီနေ့တိုင်း ပိတ်ရက် မရှိကို မဆင်းနိုင်တော့ဘူး။
ကူညီပေးပါ။
NEWS
လာအို Everlao စက်ရုံက အချိန်ပို အလွန်အကျွံ ဆင်းခိုင်းတာကြောင့် မြန်မာလုပ်သားများ အသိစိတ်လွတ်သည့်အထိ ထိခိုက်နေ


85 Views
Related posts

Dishang Fashion (Myanmar) အထည်ချုပ်တွင် ဒေးကြေးတိုးမြှင့်ပေးရေး ဆက်လက် တောင်းဆို
May 21, 2025

အမျိုးသမီးလုပ်သားတွေ ဓမ္မတာလာတဲ့ရက်ကို လုပ်ခလစာမဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အတည်ပြုပေး
May 21, 2025

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး
May 20, 2025

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး
May 20, 2025

Tianjin Fashion Milestone Garment စက်ရုံမှ တောင်းဆိုမှု လိုက်လျော ၊ အလုပ်သမားများ လုပ်ငန်းခွင် ဝင်ရောက်မည်
May 20, 2025

ECစာချုပ် ချုပ်ထားသည့် အမျိုးသားများ ပြည်ထွက်ခွင့် မသေချာ၊ အေဂျင်စီ အချို့ ငွေ ပြန်အမ်းဖို ပြင်
May 20, 2025

ဘန်ကောက်သွား မြန်မာနိုင်ငံသား ၄၄ဦး ဖမ်းဆီးခံရ
May 20, 2025

Myanmar Dongxin အထည်ချုပ်စက်ရုံ ပုတ်ပြတ်လုပ်သားများအား လုပ်ခလျှော့ချမည်ဟု ပြောဆို
May 20, 2025