NEWS

လာအို ALPILAO INTERNATONAL ဦးထုပ်ချုပ် နိုင်ငံကူးလက်မှတ် သိမ်းယူပြီး စာချုပ်ချိုးဖောက်

CoverLogo
822 Views
 
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ALPILAO INTERNATONAL Co.,Ltd စက်ရုံက မြန်မာအလုပ်သမားတွေကို စာချုပ် ဖောက်ဖျက်ပြီး နိုင်ငံကူးလက်မှတ်တွေ စာရွက်စာတန်းတွေကိုစက်ရုံဘက်က သိမ်းယူခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံက AR HTAN CO,Ltd အေဂျင်စီက တစ်ဆင့် လာအိုနိုင်ငံမှာ လစာဒေါ်လာ၂၂၀ပေးမယ်ဆိုပြီး မြန်မာလုပ်သားတွေကို စုဆောင်းခဲ့တာလို့ သိရပါတယ်။
 
“တစ်နှစ်ပြည့်လို့ပြန်လျင် လျော်ကြေးမပေးရဘူး ပြန်ချင် ပြန်လို့ရတယ်။ လာအို ရောက်တော့ စာချုပ် ချုပ်တယ်၊ ပြီးတော့ အလုပ်သမားတွေဆီက နိုင်ငံကူးလက် မှတ်တွေ စာရွက်စာတန်းတွေ ကို စက်ရုံက အကုန်သိမ်းလိုက်တာ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းဆိုပြီး တောင်းခံတဲ့ ဦးထုပ်အလုံး အရေတွက်မပေးနိုင်ပါ လစာဖြတ်မယ်ဆိုပြီး အလုပ်ရှင်က ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားခေါ်စဉ်က အလုပ်ချိန်နဲ့ အချိန်ပို ၂ နာရီအပါ ည၇နာရီ အထိ လုပ်ကိုင်ကိုင်ရမယ်လို့ စာချုပ် ချုပ်ဆိုခဲ့ပေမဲ့ စံချိန်မပြည့်ပါက ညနက် ၁၀ နာရီအထိ လုပ်ကိုင်ပေးရတယ်လို့ ပြောပါတယ်။
 
“ညဘက် ၁၀နာရီအထိ အချိန်ပို လုပ်ရတယ်၊ အလုပ်စခေါ်တုန်းက ဒေါ်လာ ၂၂၀နဲ့ စာချုပ်တယ်။ လုပ်ငန်းခွင်ထဲရောက်တော့ ဦးထုပ် စံချိန်ကို တစ်နာရီ ၆၀၀ ကျော်ချုပ်ပေးရတယ်။ အဲလို ပေးနိုင်မှ နင်တို့ကိုပေးထားတဲ့ လစာ၂၂၀နဲ့ တန်မှာ၊ စံချိန်မပြည့်ရင် လစာထဲက ဖြတ်မယ်လို့ ပြောတယ်။”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လက်ရှိ လုပ်ခလစာ တစ်ရက် ၈ ဒေါ်လာပဲ ရရှိပြီး ရက်ပျက်ပါက လစာဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမီးပျက်သည့်အချိန်တွေကို တနင်္ဂနွေနေ့မှာ နာရီအလိုက် အစား ပြန်ချုပ်ပေးရပြီး လုပ်သက် တစ်နှစ်ကျော် အလုပ်သမားတွေ မြန်မာနိုင်ငံပြန်မယ်ဆိုပါက ဒေါ်လာ ၁၀၀၀ လျော်ကြေးတောင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စကားပြန်ကို နေပူထဲကနေ စောင့်ရတာ၊ ထမင်းဖိုးက လာအိုငွေ တစ်နေ့ကို လာအိုငွေ ငါးသောင်း ပေးတယ်။ တနင်္ဂနွေနေ့တွေ၊ နေထိုင်မကောင်းလို့ ရက်ပျက်ရင် ထမင်းဖိုးမပေးဘူး၊ ပြန်မယ်ချင်တဲ့ အလုပ်သမားတွေဆို မြန်မာငွေ၄၅ သိန်းလောက်ပေးရမယ်၊ တစ်လစာ လုပ်အားခနဲ့ ရက်ပေါင်ကြေး ၁၀ရက်ခလည်း မရတော့ဘူး။ “ လို့ပြောပါတယ်။
 
လက်ရှိ စက်ရုံအဆောင်မှာ ကျန်းမာရေးမကောင်းလို့ အလုပ်သမားတွေရှိနေတဲ့ အပြင် လျော်ကြေးမပေး နိုင်လို့ အဆောင်မှာနေ နေရတဲ့ အလုပ်သမားတွေရှိနေတယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ ကျန်းမာရေးမကောင်းတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က မေးမြန်းတာမရှိဘဲ ပြန်လိုတဲ့ အလုပ်သမားတွေ အားလုံး လျှော်ကြေး အနည်းနဲ့ အများ တောင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ALPILAO INTERNATONAL Co.,Ltd စက်ရုံကို တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လုပ်သား ၇၀၀ ဝန်းကျင်က NEW ERA၊ AuthenlLC တံဆိပ် ဦးထုပ်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026