NEWS

လာအိုနိုင်ငံ၊ TIAN TAI စက်ရုံမှ မြန်မာအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံနေရ

CoverLogo
499 Views
 
လာအိုနိုင်ငံ မြို့တော် ဗီယန်ကျန်း (Vientiane) မြို့၊ Saysettha ခရိုင်ရှိ Nano Village မှာရှိတဲ့ TIAN TAI စောင်နဲ့ အထည်ချုပ်စက်ရုံမှာ စက်ရုံဘက်က မတရား လုပ်ရပ်တွေကြောင့် အခွင့်အရေး ကြီးမားစွာ ချိုးဖောက်ခံနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
"ကျွန်မတို့ စက်ရုံကို ရောက်ကတည်းက Passport စာအုပ်ကို သူတို့ သိမ်းထားတာ။ အခုလည်း အလုပ် မပေးနိုင်လို့ ပြန်ပို့တာကို ကျွန်မတို့ဘက်က လျော်ကြေး ဒေါ်လာ သုံးရာ၊ လာအိုငွေ ငါးသိန်း ပေးရတယ်။ သူတို့ မကြိုက်လို့ ပြန်ပို့ရင်လည်း ပေးရတယ်။ အလုပ်ပြောင်းဖို့ မပြောင်းရင် ဒေါ်လာ ၅၅၀ ပေးရမယ်လို့ပါ ခြိမ်းခြောက် တယ်။ အလုပ်သမားဘက်က ကူပြောပေးမဲ့သူမရှိတော့ သူတို့လုပ်သမျှ ငြိမ်ခံနေရပါတယ်"လို့ ၎င်းက ရှင်းပြပါတယ်။
 
စက်ရုံမှာ မြန်မာ အလုပ်သမား ၁၀၀ ဝန်းကျင်က စောင်နဲ့ အထည်ချုပ် လုပ်ငန်းတွေမှာ မြန်မာအေဂျင်စီ အားထန် ကုမ္ပဏီ က တဆင့် လုပ်ကိုင်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် လစာ အပြည့်အစုံ မရတာ၊ ဆေးကုသစရိတ် ကိုယ်တိုင်ကုန်ကျရတာနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေကိုပါ ခိုင်းစေနေတယ်လို့ သိရပါတယ်။
 
“အခွန်ဆိုပြီး တစ်လ ၁၃ ဒေါ်လာ ဖြတ်တယ်၊ ကျန်းမာရေးမကောင်းလို့ အလုပ်နားရင် တစ်ရက် ဒေါ်လာ ၂၀ ဖြတ်တယ်။ အလုပ်ထဲမှာ မတော်တဆ ဖြစ်ရင်တောင် ကိုယ်ပိုင်ငွေ နဲ့ ကုရတာ။ စက်ရုံအလုပ်နဲ့ မဆိုင်တဲ့ မြေတူး ပေါင်းရှင်း တွေပါ လုပ်ပေးရတယ်။” လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
အလုပ်သမားများ၏ Passport စာအုပ်များအားလုံးကို စက်ရုံက သိမ်းဆည်းထားပြီး ပြန်လည်ထုတ် မပေးတာက နိုင်ငံတကာ အလုပ်သမားဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ တွေက ပြောပါတယ်။
 
“ အတင်းအကျပ် ခိုင်းစေမှု (Forced Labour) ဆိုင်ရာ ချိုးဖောက်မှု၊ လူကုန်ကူးမှု ဆိုင်ရာ ညွှန်ပြချက် (Indicators of Human Trafficking)၊ အလုပ်ခန့်ထားမှု စရိတ်များ (Recruitment Fees) ဆိုင်ရာ မူဝါဒ ချိုးဖောက်မှု တွေ ဖြစ်နေတယ်လို့ ပြောချင်ပါတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူ တဦးက ပြောကြားထားပါတယ်။
 
TIAN TAI စက်ရုံက Passport ပြန်လည်ပေးအပ်ဖို့ ၊ တောင်းခံနေသော လျော်ကြေးငွေတွေကို ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့၊ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းမှုတွေမလုပ်ဖို့ နဲ့ တားမြစ် ကူညီပေးဖို့ မြန်မာအလုပ်သမားတွေက နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းဆီ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026