NEWS

လစာမရှင်းပေးလို့ ဆန္ဒပြနေတဲ့ ကျားဖြူ CSG အထည်ချုပ်စက်ရုံအလုပ်သမားတွေ လစာအပြည့်ပြန်ရ

CoverLogo
1.3K Views

ယမန်နေ့ကစပြီး လုပ်ခလစာမရရှိတဲ့အတွက်ဆန္ဒပြနေကြတဲ့ရွှေလင်ဗန်းစက်မှု့ဇုန်ထဲက ကျားဖြူ CSG အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာဒီကနေ့မှာပဲလုပ်ခလစာအပြည့်အဝပြန်လည်ရရှိခဲ့ပြီလို့သိရပါတယ်။

"ဒီနေ့တော့အပြည့်ပြန်ရတယ် ဒီစက်ရုံကသူဌေးရှိရင်အဲ့လိုမဖြစ်ဖူးသူဌေးမရှိတဲ့အချိန်တွေဆိုအဲ့လိုပဲ ခနခနဖြစ်တာ ကျမတို့လဲသကြ်န်ပိတ်ရက်နဲ့အဆောင်ခပေးရမှာနဲ့အခက်အခဲတွေရှိတာကိုသူတို့ကအပြည့်မပေးဘဲ တယောက်ကို ၇ သောင်းလောက်ပဲပေးမယ်လုပ်လို့အခုလိုဖြစ်တာ"လို့ အဆိုပါ စက်ရုံက အလုပ်သမားတစ်ဦးက  Myanmar Labour News ကိုပြောပါတယ်။

အဆိုပါကျားဖြူ အထည်ချုပ်စက်ရုံဟာလုပ်သားဦးရေ ၁၀၀၀ ဝန်းကျင်လောက်နဲ့လည်ပတ်လုပ်ကိုင်နေတဲ့စက်ရုံဖြစ်ပါတယ်။

မတ်လအတွက်လုပ်ခလစာအပြည့် မပေးတဲ့အတွက်စက်ရုံကအလုပ်သမားတွေကယမန်နေ့ကပဲစက်ရုံတွင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။

"ဆန္ဒပြနေရင်းညလောက်ကျတော့ ရဲတွေသေနတ်တွေနဲ့ရောက်လာတယ် သူတို့ညှိပေးမယ်ပြောပြီးအပေါ်မှာတက်ညှိကြတယ်ပေါ့ဘာမှတော့မဖြစ်သွားပါဘူး"လို့အလုပ်သမားတဦးကထပ်ပြောပါတယ်။

ယမန်နေ့အလုပ်ဆင်းချိန်လောက်ကစပြီးလုပ်အားခမရရှိတဲ့အလုပ်သမားတွေဟာစုပေါင်းဆန္ဒပြနေကြပြီးတော့ ည၈နာရီကျော်လောက်မှာပဲစက်ရုံထဲကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

"မနေ့ကသူတို့ကယောကျာ်းလေးဆယ်ယောက်လောက်ထားခဲ့ ပြန်တော့ပြောတာအဲ့ဒါကျမတို့ကယောကျာ်းလေးတွေတခုခုဖြစ်မှာစိုးလို့အဲ့ဒါနေခဲ့တာပါ"လို့အလုပ်သမားတဦးကပြောပါတယ်။

ကျားဖြူအထည်ချုပ်စက်ရုံဟာ C & P အမှတ်တံဆိပ်ဘောင်းဘီ၊ အင်္ကျီတွေချုပ်လုပ်တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိအချိန်မှာစက်ရုံတွေဖက်ကလုပ်သားတွေရဲ့လုပ်ခလစာမပေးချေတာတွေ၊လုပ်သားအခွင့်အရေးဥပဒေမဲ့ချိုးဖောက်တာတွေကြောင့်အလုပ်သမားတွေဖက်ကဥပဒေပါအခွင့်အရေး၊ လူမှု့ဖူလုံရေးအကျိုးခံစားခွင့်တွေရရှိဖို့မကြာခဏဆိုသလိုစက်ရုံတွင်းဆန္ဒပြတောင်းဆိုတာတွေရှိနေသလိုအလုပ်ရှင်တွေဖက်ကစစ်တပ်နဲ့ခြိမ်းခြောက်နေတာတွေလဲရှိနေပါတယ်။

အလုပ်သမားတွေရဲ့ သတင်းပေးပို့ချက်အရ ယခုဧပြီလထဲမှာ လုပ်ခလစာမရှင်းပေးလို့ စက်ရုံတွင်းဆန္ဒထုတ်ဖော်မှု့ ၂ ကြိမ်ဖြစ်ပွားသွားခဲ့ပါတယ်။


 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026