NEWS

ရုန်းလ်သာစက်ရုံ အလုပ်သမားတဦး ပေးစာ

CoverLogo
634 Views

အလုပ်သမားပေးစာ

Update ဒီဇင်ဘာ ၉၊ ၂၀၂၄ - အလုပ်သမားမှ ရသင့်ရထိုက်တဲ့ လစာငွေရရှိတယ်လို့ အကြောင်းပြန်လာပါတယ်။

တိုင်ကြားချင်တာလေးရှိလို့ပါ။

ရွှေပြည်သာ ဝါးတစ်ရာစက်မှုဇုန်မှာဖွင့်ထားတဲ့ ရုန်းလ်သာစက်ရုံကိုတိုင်ချင်တာပါ။
အဲ့စက်ရုံက store ဌာနမှာ  အလုပ်လုပ်တဲ့ဝန်ထမ်း အလုပ်ထွက်စာတင်ပြီးထွက်တာကို ၅ရက်နေ့ လစာသွားထုတ်တော့ စူပါဆိုသူက ကာယကံရှင်လက်မှတ်မပါပဲ ထုတ်ယူသွားပြီးအကြွေးဆိုပြီးသိမ်းသွားပါတယ်ခင်ဗျာ။

လုံခြုံရေးဂိတ်ကလည်းပိုက်ဆံလာထုတ်တဲ့နေ့ပေးမဝင်ဘဲ  နောက်နေ့မှလာခဲ့ဖို့ပြောပါတယ်ခင်ဗျာ 
တခြားထွက်တဲ့သူတွေကျ ရပြီး အလုပ်ထွက်စာတင်ပြီးထွက်တဲ့ကာယကံရှင်က မရပဲ ဖြစ်နေပါတယ်ခင်ဗျာ

လက်မှတ်လည်းမထိုးရသေးဘဲ တရားမဝင် လက်မှတ်အတုထိုးပြီးထုတ်သွားတဲ့ကိစ္စပါ။ 
ကာယကံရှင်လက်မှတ်မပါဘဲ  လက်မှတ်အတုထိုးပြီးထုတ်တဲ့ကိစ္စက ဘယ်လိုမှမဖြစ်သင့်တာပါ
သွားထုတ်တဲ့နေ့ အဝင်မခံဘဲ  နောက်နေ့ကျမှလာခဲ့ဖို့ပြောတော့ ကာယကံရှင်ကလည်းတဖက်မှာတခြားအလုပ်ရှိနေတော့ နောက်ရက်သွားလို့အဆင်မပြေတော့တာပါ

သူတို့ဘက်ကမှားပြီး သူတို့ချိန်းတဲ့အချိန်လာတွေ့ဖို့ပဲပြောနေတာပါ
အဲ့နေ့က နေပူထဲမှာအကြာကြီးရပ်စောင့်နေခဲ့ရပါတယ် လုံခြုံရေးဂိတ်ကလည်းလုံးဝပေးမဝင်ပါဘူး
လစာ ဘယ်လောက်ထွက်လဲဆိုတာတောင် ဝန်ထမ်းကမသိရသေးတာပါ

အဲ့စက်ရုံကိုဖုန်းဆက်ပြီးမေးတာပါ သူတို့ဘာသာထုတ်ပြီးအကြွေးသိမ်းလိုက်ပြီဆိုပြီးပြောတာပါ
ကိုယ့်အကြောင်းကိုယ်သိဆိုပြီးခြိမ်းခြောက်ပါသေးတယ်

ဘာမှမသိရပဲ အကြွေးသိမ်းတယ်ဆိုပြီး လက်မှတ်အတုထိုးပြီးထုတ်တာပါ အကြွေးဘယ်လောက်ရှိရှိပါ ကာယကံရှင်မသိပဲ လက်တလုံးခြားလုပ်တာကို လက်မခံသင့်ပါဘူး။

#ရုန်သာစက်ရုံအလုပ်သမားဟောင်းတစ်ဦး
#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026