NEWS

မန်စီမြို့ စက်မှုဇုန်က Handa စက်ရုံ အချိန်ပို အလွန်အကျွံခိုင်းစေ

CoverLogo
522 Views

တရုတ်နိုင်ငံ၊ မန်စီမြို့ စက်မှုဇုန်က Handa အထည်ချုပ်စက်ရုံ အကြောင်း တင်ပြချင်ပါတယ် ခင်ဗျ။

စက်ရုံက အလုပ်ချိန်ပိုခိုင်းပြီး၊ OTအချိန်ပိုကြေးလည်း  မပေးတဲ့ အပြင်  အထည်စံချိန်ကို မပြီးနိုင်တဲ့  အရေအတွက် တောင်းပါတယ်။ 

မနက်  ၇  နာရီ ၄၅ ထဲက အလုပ်ဝင်ရပြီး ညနေ ၆နာရီ ၃၀မိနစ်မှာ အလုပ်ဆင်းရပါတယ် ။ နောက်ထပ် အချိန်ပို ကို  ည ၉နာရီအတိ အတင်းဆင်းခိုင်းပါတယ်။ တနင်္ဂနွေလို ပိတ်ရက်လည်း ဆင်းခိုင်းပါတယ်။ အဲ့လို ပိတ်ရက်မှာ အလုပ်ဆင်းရလို့လည်း လုပ်ခပိုက်ဆံ မရပါဘူး။ အချို့ စက်လိုင်းက အလုပ်သမားတွေဆို ည ၁၀နာရီအထိ ဆင်းရ ပါတယ်။

တနင်္လာကနေ စနေနေ့အထိ ည ၉ နာရီ ၁၀ မိနစ်အထိ ဆင်းပါတယ်။ အိုတီကြေး မပေးပါဘူး။  

အခုလို  အချိန်ပို လုပ်ခိုင်းပြီး အချိန်ပိုခ မရတာက အလုပ်သမားတွေအတွက် အရမ်းနစ်နာရပါတယ်။ အချိန်ပို မဆင်းပြန်ရင်လည်း အပြောဆိုခံရ ၊ အဆဲခံရပါတယ်။

စနေနေ့ဆို  ည ၉ နာရီ အထိ၊ တနင်္ဂနွေဆိုလည် အပတ်တိုင်းဆင်းရပါတယ်။

အလုပ်ချိန်တွေ အရမ်းများပြီး ပိတ်ရက်၊ နားရက်မပေးတဲ့အတွက် အလုပ်သမားတွေအားလုံး အရမ်း ပင်ပန်း ရပါတယ်။ အဲဒီပင်ပန်းမှုဒဏ်ကို ခံနေရပါတယ်။

အလုပ်ချိန်တွေ အရမ်းများ ၊ ဒီကြားထဲ ညဘက်တေလည်း အချိန်ပိုတွေ ဆက်ခေါ်တယ်။ 

တရုတ်ပြည်မှာ အခုရာသီက အရမ်းအေးတော့ ကြာတော့င် ကျန်းမာရေး ထိခိုက်လာကြပါတယ် ။ ညနက်မှ ပြန်ရပီး အိပ်ချိန်လုံလုံလောက်လောက်မရှိတော့ အားအင်နည်းလာပါတယ်။

အခုဆို  အလုပ်သမားတွေက ဒဏ်မခံနိုင်ကြတော့ အလုပ်နားကြတယ်။ နေမကောင်းလို့ အလုပ်မဆင်းလည်း ဆဲဆို၊ ပြောဆိုနဲ့ ပိုက်ဆံလည်း ဖြတ်ပါတယ်။

အလုပ်သမားတွေ ထွက်စာတင်ရင်လည်း အလွယ်တကူ  လက်မှတ်မထိုးပေးပါဘူး ။ ထွက်ရင်လည်း ထွက်စာ ကြိုတင်ခိုင်းလို့ အလုပ်သမားတွေက ကြိုတင်ပါတယ် ။ ထွက်တဲ့အလုပ်သမားကို လခစာ တစ်ခါတည်း  ထုတ် မပေးပါဘူး ။ တခြားအလုပ်သမားတဦးဦးကို လွဲစာနဲ့ ထားခဲ့ရပါတယ်။ ရလာတော့လည်း အပြည့်မရပါဘူး၊  လုပ်ခတွေ အဖြတ်  ခံရပါတယ်။ 

အစားအသောက်ကျွေးတာလည်း ဆင်းရဲပါတယ်။ ထမင်းစားချိန် ကို နေ့လည်မှာ နာရီဝက်၊ ညနေမှာ ၄၅ မိနစ်ပဲ ပေးတာပါ။ 

ဝန်ထမ်းတွေအတွက် သောက်ရေကို အိမ်သာရှေ့ တံခါးအဝင်အဝမှာ ရေစက်နဲ့ ရေခွတ်ရေးဗူးတွေ ထားပါတယ်။ 

မန်စီစက်မှုဇုန်စက်ရုံအားလုံးက အလုပ်ချိန် အလုပ်ချိန်အရမ်းများပြီး အချိန်ပိုကြေးရော၊ နားရက်ပါ မရပါဘူး ။ စစ်ဆေးရေး ဝင်စစ်ချိန် ခဏပဲ မှန်တယ်။ နောက်ရက်ဆို ဒီတိုင်းပြန်ဖြစ်ပါတယ်။ 

မြန်မာလုပ်သားအားလုံး အလုပ်သမားအကျိုး ခံစားခွင့်ရချင်ပါတယ်။ အကူအညီ ပေးဖို့ တောင်းဆိုပါတယ် ။

#အချက်အလက် - Handa ကုမ္ပဏီက မန်စီစက်မှုဇုန်က  Handa စက်ရုံ အပြင် မြန်မာနိုင်ငံမှာ Handa နဲ့  Hanboom ဆိုပြီး အထည်စက်ရုံ နှစ်ရုံလည်း ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်တောင်စု ၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ အီဂျစ်၊ ဘင်္ဂလားဒေရှ့် တွေမှာလည်း စက်ရုံလုပ်ငန်းတွေ ဖွင့်လှစ်ထားတယ်လို့ ကုမ္ပဏီရဲ့ ဝတ်ဆိုဒ်မှာ ရေးသားထားပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026