NEWS

ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို

CoverLogo
170 Views
 
ဖယ်ရီ ကြိုပို့ကား အင်ချက်က ဝန်ထမ်းကို သိက္ခာကျအောင်ပြောဆိုလို့ ရပါလားရှင့် ။ စက်ရုံနဲ့ မသက်ဆိုင်ပါ ဘူး။ ဒီ ကြိုဖို့ အင်ချက် (Incharge) ကတော့ New Plus ကပါ။ စက်ရုံကတော့ သာဓုကန်စက်မှုဇုန် (နွားခြံမှတ်တိုင်) အနားမှာပါ။
ပြီးခဲ့တဲ့ စနေနေ့ညနေက အလုပ်လွှတ်ချိန်မှာ အများရှေ့မှာ အပြောခံရပါတယ်။ အဲ့နေ့က အလုပ်သမားသမား ညီမလေး
က ဖယ်ရီကားရှာနေတာကို တွေ့ရပါတယ် ။ သူစီးမဲ့ကား မတွေ့တော့ လိုက်မေးပါတယ်။
 
သူကမေးတော့လဲ ဟိုကားညွှန်၊ ဒီကားညွှန်နဲ့ ပြောနေတာပါတယ်။ တခြားကားတွေ ထွက်တော့မယ့် အချိန်ထိ မတွေ့လို့ ကြိုပို့အင်ချက်ကို အဲ့ညီမေးလိုက်တော့ “နင့်လင်ကားက ဒီမှာ” ဆိုပြီးပြောပါတယ်။
 
အဲ့အချိန်မှာကားတွေလည်း မထွက်သေးတော့ ကိုယ့်စက်ရုံကကားပေါ်က အလုပ်သမားတွေရော ၊ ဘေးစက်ရုံ ကားပေါ်က အလုပ်သမားတွေရော ဝိုင်းလိုက်ကြည့် အဲ့ဒီညီမလေး တအားရှက် တွေ့ရပါတယ်။ ကားပေါ်က တခြားအလုပ်သမားတွေတောင် ဒီလိုပြောရမလားဆိုပြီး စိတ်တိုနေကြတာပါ။
 
ကြိုပို့ကားအင်ချက်က အဲ့လိုရိုင်းရိုင်းစိုင်းစိုင်း အရှက်တကွဲဖြစ်အောင် ဘာလို့ ပြောရတာလဲ အဲ့ညီမလေးက သူ့ ဝန်ထမ်း အလုပ်သမားလည်း မဟုတ်ဘူး။ သူကိုပြောလိုရပါသလား ။
 
ဖယ်ရီကားတွေ နောက်ကျလို့ အလုပ်သမားတွေက ပြောရင်လဲ သူ မှားတာကို ယောကျားတန်မယ့် တခွန်းမကျန် ပြန်ပြောတာ ။ ဘေးမှာလည်း သူ့အမျိုးသမီးပါပါတယ်။ ကိုယ်ချင်းမစာ မနာ ပြောတာပါ။
 
New Plus အထည်ချုပ်စက်ရုံနဲ့ မသက်ဆိုင်ပါဘူး ။ စက်ရုံက တာဝန်ပေးထားသူမို့ တားမြစ်ပေးစေချင်တာပါ။
စက်ရုံမှာ YBS ကြိုပို့တွေ၊ မီနီဘတ်စ် ၊ ဒိုင်နာကားတွေနဲ့ ကြိုပို့လုပ်ပေးနေပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့် ။

Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026