NEWS

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ထိုင်းကိုတရားမဝင် ဝင်ရောက်သည့် မြန်မာ ၄ သောင်းကျော် ဖမ်းဆီးခံရ၊ ယခုနှစ်အတွင်း MOU ဖြင့်၀င်ရောက်လာမှု မြန်မာလုပ်သား တစ်သိန်းခြောက်သောင်းကျော်ရှိ

CoverLogo
978 Views

၂၀၂၀ ကနေ ၂၀၂၂ ဇွန်လအထိ အိမ်နီးချင်းထိုင်းနိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာ ၄ သောင်းကျော်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူတွေ ရဲ့ စာရင်းတွေအရသိရပါတယ်။

"၂၀၂၀ -၂၀၂၁ တစ်နှစ်အတွင်းမှာ ထိုင်းမှာရှိတဲ့ နိုင်ငံခြားသားအားလုံး ၄၃၅၇၇ ဦး ဖမ်းဆီးခံခဲ့ရတယ်။  မြန်မာအများဆုံးပါဝင်တယ်။ ကျန်တဲ့နိုင်ငံက တစ်သောင်းခန့်ပဲရှိတယ်။ 
၂၀၂၂ ခုနှစ်မှာ  မေလအထိစာရင်းအရကတော့ လေးထောင်ကျော် ငါးထောင်လောက်ရှိတယ်။ အဲ့မှာငါးရာလောက်က အခြားနိုင်ငံသားတွေ ကျန်တာတွေကမြန်မာတွေအများဆုံးပါ''လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကပြောပါတယ်။

၂၀၂၀-၂၁ တစ်နှစ်အတွင်း ဖမ်းဆီခံခဲ့ရသည့် နိုင်ငံခြားသားအလုပ်သများမှာ  ကမ္ဘောဒီးယား ၊ လာအို၊  မြန်မာ တို့မှ အလုပ်သမားတွေ ဖြစ်ပြီး ၃ သောင်းကျော်မှာ မြန်မာအလုပ်သမားများသာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးခံရမှုကိန်းကဂဏန်းအချက်အလက်များမှာ ထိုင်း လဝက ရဲ တို့၏ ဖေ့စ်ဘုတ်ပေတ်ခ်ျစာမျက်နှာမှာဖော်ပြထားချက်အရ  သိရှိရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းသို့  MOU ဖြင့်၀င်ရောက်လာသူ နိုင်ငံခြားသားလုပ်သားစုစုပေါင်း နှစ်သိန်းသုံးသောင်းခြောက်ထောင်ကျော်ရှိရာမှာ မြန်မာလုပ်သား ၁၆၅၃၇၆ ဦးနဲ့ 
ကမ္ဘောဒီးယား ၅၂၄၂၈ ဦး၊ လာအို ၁၈၂၀၈ ဦးတို့ပါဝင်တယ်လို့လည်း သိရပါတယ်။

"MoUနဲ့လာတဲ့တရားဝင်လုပ်သားက ခုနှစ်ကမများပါဘူး ပုံမှန်ဆို အခုထက်ပိုများနိုင်တယ်။  ထိုင်းအစိုးရထုတ်ပြန်ချက်အရတော့ ဒီအရေအတွက်ကတော့ အတည်ပါပဲ"ဟု ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်သူက ပြောပါတယ်။

လက်တလောကာလမှာ MOU ဖြင့် ဝင်လာသူအများစုက ၂၀၁၉-၂၀  ခုနှစ်က စာချုပ် ချုပ်ဆိုပြီး ၀င်လာရန်စောင့်ဆိုင်းနေသည့် လူဟောင်းများနဲ့  အသစ်၀င်ရန် စာချုပ် ချုပ်ဆိုထားတဲ့အလုပ်သမားများသာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အကြပ်အတည်းများနဲ့  အလုပ်အကိုင်ရှားပါးကာ ကုန်စျေးနှုန်းမြင့်တက်နေခြင်းများကြောင့် အဘက်ဘက်ကျဆင်းနေမှုတွေကြောင့်လည်း  ‌တရား၀င်လမ်းကြောင်းမှ ၀င်လာဖို့ခက်ခဲ နေကြခြင်းဖြစ်တယ်လို့လည်း ထိုင်းရောက်မြန်မာ အလုပ်သမားတစ်ဦးကဆိုပါတယ်။

ပြည်ပသို့သွားရောက်လုပ်ကိုင်မယ်ဆိုပါ​က သေချာလေ့လာပြီးမှ၀င်လာဖို့လိုအပ်ပြီး တရားမ၀င်နည်းနဲ့  လာခြင်းက ကုန်ကျစာရိတ်များသလို ဖမ်းဆီးခံရပါက ထောက်ဒဏ်အပြင်ငွေဒဏ်ပါခံရကာ  တရားမ၀င်သမားတွေကိုလည်း နေထိုင်ခွင့်အထောက်အထား လုပ်ပေးမဲ့ အစီစဉ်မရှိတော့တာကြောင့် တရားမဝင်ဝင်လာခြင်းမပြုရန် အကြံပြုလိုတယ်လို့လည်း ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်သူ ကိုနောင်နောင်က ဆိုပါတယ်။

လတ်တလောမှာ တရားမဝင်မြန်မာလုပ်သားဖမ်းဆီးအရေးယူမှုကို  ကိုဗစ်ကာလသက်ညှာသောအားဖြင့် ပထမအကြိမ်ဖမ်းမိသူဆိုရင် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် နှင့်ငွေဒဏ်၄၀၀၀-၈၀၀၀ ဘတ် ချမှတ် ပြီး မြန်မာအစိုးရထံ ပြန်လည်အပ်နှံပေးနေတယ်လို့လည်း ဆိုပါတယ်။

 

ဓါတ်ပုံ- ထိုင်းကိုတရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားများကိုတွေ့ရစဉ်။

 


Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026