NEWS

ပြည်ဝင်ခွင့်ဗီဇာ ပြသာနာကြောင့် တရုတ်ကို တရားဝင် လုပ်သားပို့တာရပ်ထားပေမယ့်  အွန်လိုင်းပေါ်ကနေလုပ်သား ခေါ်ယူမှုများလာ

CoverLogo
389 Views

တရုတ်နိုင်ငံ ကို တရားဝင် လုပ်သားစေလွှတ်ဖို့ အတွက် ပြည်ဝင်ခွင့်ဗီဇာ မရရှိတာကြောင့် စေလွှတ်တာတွေ ရပ်ထားပေမယ့်လူမှုကွန်ယက်စာမျက်နှာတွေ ကနေ တရုတ်နိုင်ငံတွင်အလုပ် လုပ်ရမယ်ဆိုကာခေါ်ယူကြေညာတာတွေ များစွာ ရှိနေတယ်လို့  သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက အေဂျင်စီ အချို့ တရုတ်ကို  မြန်မာ လုပ်သား စေလွှတ်ခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာမရရှိတဲ့ အတွက်  လုပ်သားစေလွှတ်တာတွေ ရပ်ထားရတယ်လို့ အေဂျင်စီအသိုင်းဝိုင်း က သိရပါတယ်။အခုလို ရပ်ထားပေမယ့် ဖေစ့်ဘွခ်နဲ့ တစ်တော့ တို့လို လူမှုကွန်ယက်စာမျက်နှာတွေကနေ တရုတ်နိုင်ငံကို တရားဝင် လုပ်သား ပို့ဆောင်ပေးသလို ကြေညာပြီး ခေါ်ယူတာတွေ များစွာ တွေ့ရတယ်လို့ သိရပါတယ်။

"တရားဝင်စေလွှတ်တာက ဗီဇာကိစ္စ အဆင်မပြေသေးလို့ ရပ်ထားသေးတယ် အခု လိုင်းပေါ်ကနေ တရုတ်နိုင်ငံ မှာ အလုပ်ရမယ်ဆိုပြီး ခေါ်နေတာကလိမ်တာတွေလည်း ရှိနိုင်သလို တချို့ကမူဆယ်ဘက်ကနေ တရုတ်ရွှေလီဘက်ကို တစ်ပတ် တာဝင်ထွက်ခွင့်ကတ်တွေနဲ့ အထဲမှာ ဝင်ရောက်ပြီး  အဆင်ပြေသလို အလုပ်လုပ်နေတာတွေလည်းရှိတော့  သွားချင်တဲ့သူတွေ က သေချာလေ့လာစုံစမ်းပြီးမှ သွားတာကောင်းတယ် လိုင်းပေါ်က ကြေညာတာတွေ ဆိုတာက လိမ်တာတွေ က ပိုများတော့ ကိုယ့်အခြေနေအရ မူဆယ်ဘက်ကနေ ဝင်ပြီး တရုတ်မှာ အလုပ်သွားလုပ်မယ်ဆိုလည်း အရင်ရောက်နေတဲ့သူတွေ နဲ့ ချိတ်ဆက်ပြီး မှ သွားသင့်တယ်""လို့ အေဂျင်စီလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မူဆယ်ကနေ တစ်ဆင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်အောက်ကဒေသ တွေ ကို  စာအုပ်နီသို့မဟုတ် တပတ်ကတ်တွေ နဲ့ တရားမဝင်သွားရောက် အလုပ်လုပ်ကြတာ ယခင်နှစ်တွေ ကတည်းရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း မှာ  ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းတွေက  အထည်ချုပ်လုပ်သားတွေ ဟာတရုတ် နိုင်ငံ နယ်စပ်ရှိ အထည်ချုပ်စက်ရုံ တွေ ကို သွားရောက် လုပ်ကိုင်တာတွေ များလာတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့က အရင် ရွှေပြည်သာ အထည်ချုပ်မှာ လုပ်နေတာ စက်ရုံက တရုတ်နိုင်ငံသား အပိုင်
အဲ့စက်ရုံက ပိတ်လိုက်ပြီး အခု တရုတ်ပြည်နယ်စပ် ယူနန်ပြည်နယ်ထဲက မန်စီမြို့ကို ပြောင်းလာတော့  သူတို့စီမှာ လုပ်ချင်တဲ့သူတွေကို  ခေါ်လာပေးတာ မူဆယ်ကနေ ရွှေလီထဲ ကို တပတ်ကတ် နဲ့ဝင်တယ် ဒီဘက်မှာတော့သူဌေး က မြို့ထဲသွားလာလို့ရတဲ့ ယာယီအထောက်ထားကတ်လေးလုပ်ပေးထားတယ် "လို့ ယူနန်ပြည်နယ်ရောက် မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

အခုလို စက်ရုံလုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီးအဆင်ပြေသူတွေလည်း ရှိသလို တရုတ်နိုင်ငံ ရှိ စက်ရုံ အလုပ်ရုံ တွေ မှာ အလုပ်လုပ်ကိုင် ဖို့ ပို့ဆောင်ပေးမယ်လို့ ဆိုကာ  လိမ်လည်ခေါ်ယူပြီး တရုတ်မယား အဖြစ် ရောင်းစားခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

""ပြီးခဲ့တဲ့လက အသက်၂၀ ဝန်းကျင် ကလေးမလေး ၆ယောက် တရုတ် ဘက်မှာ စက်ရုံ အလုပ် လုပ်ရမယ်ဆိုပြီး ပွဲစားကခေါ်သွားတယ် တရုတ်ပြည်ထဲရောက်တော့ တရုတ်မယား အဖြစ် ရောင်းစားခံရလို့  ကျွန်မကို လိုင်းပေါ်ကနေ အကူညီလှမ်းတောင်းလို့ ကူညီနိုင်တဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပေးလိုက်ရတယ် သူတို့ ရောက်နေတဲ့နေရာက အတော် ဝေးတယ်ပြောတယ် ပြည်တွင်းမှာ အလုပ်ကိုင် လုပ်အားခ အဆင်မပြေလို့ ပြည်ပ ထွက်မယ်ဆိုရင်လဲ တရားဝင် သွားရောက်သင့်တယ်တကယ်လို့ တရားမဝင် သွားမယ်ဆိုလည်း ယုံကြည်ရမယ့်လူ တစ်ဖက်ရှိတဲ့ လူခံနဲ့သေချာချိတ်ဆက် စုံစမ်းပြီး မှသွားစေချင်တယ် မဟုတ်ရင် အခုလို နိုင်ငံရေး အခြေနေ မှာ ဥပဒေ ကင်းမဲ့သလို ဖြစ်နေတော့ ထိခိုက်နစ်နာခဲ့ရင် ကိုယ်ပဲဆုံးရှုံးနစ်နာတာတွေ များမှာ""လို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်ပေးသူ တစ်ဦးက သတိပေးပြောဆိုပါတယ်။

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026