NEWS

ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ

CoverLogo
399 Views
ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် အလုပ်သမားဝန်ကြီးဌာန အသိအမှတ်ပြု အလုပ်ရှင်၊အလုပ်သမား သဘောတူညီမှုစာချုပ် (EC) ချုပ်ဆိုထားတာ တစ်နှစ်နီးပါး ရှိပေမယ့် ပြည်ပကို ထွက်ခွာခွင့်မရသေးတဲ့ အလုပ်သမား များစွာရှိနေပြီး အခက်အခဲကြုံနေရတယ်လို့ အလုပ်သမားတွေထံမှသိရပါတယ်။
 
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် နှစ်စပိုင်း မှာ ပြည်ပအလုပ် အကိုင်အတွက် စာချုပ်ချုပ်ဆိုတာတွေကို ရပ်ဆိုင်းလိုက် သလို စာချုပ်ချုပ်ဆိုပြီး တဲ့ လုပ်သားတွေကို လည်း နိုင်ငံအလိုက်စေလွှတ်ရေးလုပ်ငန်းစဉ် (SOP) များ ထုတ်ပြန် ပြီး အသက် ၁၈ နှစ်မှ ၃၅နှစ်အထိ အမျိုးသားတွေကို ထွက်ခွင့်ပိတ်လိုက်သလို ကျန်လုပ်သားတွေကိုလည်း စိစစ်မှုတွေ တင်းကြပ်လိုက်ပါတယ်။
 
အခုလို ပြည်ပထွက်ခွာခွင့် စီစစ် မှု တင်းကြပ် ကန့်သတ် လိုက်တာကြောင့် ပြည်ပအလုပ် အကိုင်အတွက် စာချုပ်ချုပ်ပြီးတဲ့ လုပ်သားတွေမှာ တစ်နှစ်နီးပါးကြာသည်အထိ ပြည်ပထွက်ခွင့်မရသေးသူတွေ များစွာရှိသေးကာ နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ နစ်နာနေရတဲ့ အလုပ်သမားတွေထံမှသိရပါတယ်။
 
""အခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းမှာ ထိုင်းသွားဖို့ စာချုပ်ချုပ်ခဲ့တာ အခု ထိ ထွက်ခွင့်မရသေးဘူး အေဂျင်စီ ကို ပေးသွင်းရမယ့် ဝန်ဆောင်ခ တွေ အကုန်ပေး ပြီးသလို လေယာဉ်ခ ပါ သွင်းထားတာ အေဂျင်စီ ကို မေးတော့လည်း နေပြည်တော်က ထွက်ခွင့် မပေးသေးလို့တဲ့ ကျွန်မတို့မှာ သွင်းထားတဲ့ ပိုက်ဆံတွေ အတွက် အတိုး ပေါ် အတိုးဆင့်လို့ ဘ၀တွေ ပျက်နေပြီအခုဆို စာချုပ်ချုပ်ပြီးတာ တစ်နှစ်ပြည့်တော့မယ် အေဂျင်စီဘက်ကလည်း
ပိုက်ဆံပြန်မပေးတော့ တစ်ချို့ဆို ကုန်ထားတဲ့ ပိုက်ဆံ ပြန်ရဖို့ ဆိုပြီး ရှိတာ အကုန် ရောင်းချ အောက်လမ်းကနေ ရသလို ထွက်ကုန်ကြတယ် ထပ်ပြီး မရင်း နိုင်တဲ့သူတွေကတော့ ဘယ်တော့ ထွက်ရမလဲ ဆိုပြီးစောင့်နေရတာဘဲ""လို့ ECစာချုပ် ချုပ်ဆိုထားသူ အလုပ်သမား တစ်ဦးကပြောပါတယ်။
 
အခုလို ပြည်ပအလုပ် အကိုင်အတွက် စာချုပ်ချုပ်ပြီး ထွက်ခွာ ခွင့်မရသူတွေကို အချို့ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေက သွင်းထားငွေ အချို့ပြန်ပေးတာ ရှိသလို အချို့အေဂျင်စီတွေ ကတော့ ထွက်ခွင့်ရတဲ့ အချိန်ထိ စောင့်ခိုင်းထားကြောင်း သိရပါတယ်။
 
""စာချုပ်ချုပ်ပြီးတဲ့ ၁၈-၃၅နှစ် အမျိုးသားတွေ ကိုတော့ တချို့အေဂျင်စီတွေက သွင်းထားငွေအကုန်ပြန်ပေးတယ် တချို့ကလည်း ကုန်ကျစရိတ် နှုတ်ပြီး ၃ပုံ၂ပုံ ပြန်ပေးတယ်။အသက်ကန့်သက်ချက်မရှိတဲ့ စာချုပ်ချုပ်ပြီး အမျိုးသမီးလုပ်သားတွေကျတော့ နေပြည်တော်က ထွက်ခွာခွင့်ရတဲ့ အထိ စောင့်ခိုင်းကျတာများတယ် တချို့လည်း လ တွေအများကြီးကြာလာတော့ မစောင့်နိုင်ဘဲ အေဂျင်စီ ကနေ ပတ်စပို့ စာအုပ် ပြန်ထုတ်တာတွေလည်း ရှိတယ် ရတဲ့ နည်းနဲ့ ထွက်ဖို့ပေါ့ အဲ့လိုလူတွေကျတော့ လည်း ကိုယ်လုပ်ထားတဲ့အေဂျင်စီနဲ့ညှိနှိုင်း ပြီးသွင်းထားငွေ တချို့ပြန်ရတာ ရှိတယ် အခုက သွင်းထားငွေ ပြန်မပေးလို့လည်း တိုင်ဖို့ က ဘယ်တိုင်ရမလဲ အေဂျင်စီဆိုတာကလည်း စီးပွားရေးသမားလေ သူတို့ အဆုံးရှုံးခံပြီး ဘယ်လုပ်မလဲ နောက်ဆုံးတော့ အလုပ်သမားဘဲဆုံးရှုံး နစ်နာရတာ ""လို့ပြည်ပအလုပ်အတွက် အေဂျင်စီနဲ့အလုပ်သမားကြားဝန်ဆောင်မှုပေးသူတစ်ဦးကပြောပါတယ်။
 
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပလုပ်သားစေလွှတ်မှုကို ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာတဲ့ လုပ်သားဦးရေနဲ့ နှိုင်းယှဉ်ကာ စေလွှတ်ခွင့် ပြုနေတယ်လို့ အသိပေးထားပါတယ်။
 

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026