ရွှေ့ပြောင်းအလုပ်သမားဌာနအနေနဲ့ အပြည်ပြည်ဆိုင်ရာမှာ ဒုက္ခရောက်နေတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတာရှိသလို မြန်မာနိုင်ငံတွင်းမှာ လိမ်လည်ခံရတဲ့အမှုတွေ တရားစွဲဆိုမှုတွေ အိုမန်နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာအမျိုးသမီးတွေကို နေရပ်ပြန်ဖို့အကူအညီပေးတာ ထိုင်း မလေးရှား အိုမန် ဒူဘိုင်း ဂျပန် အစရှိတဲ့ နိုင်ငံတွေမှာ အခက်အခဲကြုံနေရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ကူညီဆောင်ရွက်ပေးတာတွေ နဲ့ အသိပညာပေးသင်တန်းတွေလည်း ပြုလုပ်နေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရွှေ့ပြောင်းအလုပ်သမားဌာန လက်ထောက်ဌာနမှူး ကိုဟိန်းလတ် ကပြောဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပြည်ပက ရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးဖို့အတွက် အာဆီယံနိုင်ငံက အလုပ်သမားမဂ္ဂတွေ နဲ့ ချိတ်ဆက်ပြီးတော့ အာရှအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် မှာလည်း ဒုက္ကဌ အနေနဲ့တာဝန်ယူဆောင်ရွက်နေတာဖြစ်ပြီး အခုလို အကူအညီတွေလုပ်ဆောင်ပေးရာမှာ ထိုင်းနိုင်ငံအလုပ်သမားတွေက အကူအညီအများဆုံးတောင်းခံလာတာဖြစ်ပြီး အထောက်အထားမဲ့သွားရောက်တဲ့အလုပ်သမားတွေထဲက နယ်စပ်ဒေသမှာ အခက်အခဲကြုံနေရတဲ့အလုပ်သမားတွေ အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးလျက်ရှိတယ်လို့ သိရပါတယ်။ #MyanmarLabourNews #MigrantWorker
VIDEO
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေများ

1.1K Views
Related posts

ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026

S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026

Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026

Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026

Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026

ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ဖြေရှင်းပေးရန် တောင်းဆို
Jun 07, 2026

Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
