NEWS

ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း

CoverLogo
253 Views
 
Bago Kfine စက်ရုံရဲ့ဖယ်ရီ (ကြိုပို့) ကားစီးရတာအဆင်မပြေလို့ တိုင်ကြားချင်လို့ပါ။ အခု ညီမက Bago Kfine စက်ရုံမှာ လုပ်နေတဲ့ အလုပ်သမား ဝန်ထမ်းပါ ။ စက်ရုံက ပဲခူးမြို့ရှောင်လမ်းပေါ် အဝိုင်းရွာနားမှာရှိပါတယ်။
 
စက်ရုံမှာအလုပ်သမားက ၂၀၀၀ကျော်လောက်တော့ရှိပါမယ်။ အလုပ်သမားအများစုက ဖယ်ရီကားကိုပဲ စီးပြီး အလုပ်လာရပါတယ်။ စက်ရုံရဲ့ လမ်းထိပ်မှာ ဓါတ်ဆီဆိုင် ရှိပါတယ်။ ဆီပေးတဲ့ရက်ဆို ဆီတန်းတဲ့ ကားတွေ အရမ်းများပါတယ်။
 
အရင်တစ်ပတ်က ဆီတန်းတဲ့ကားတွေနဲ့ ကားတွေနဲ့ လမ်းကိုပိတ်သွားလို့လို့ ပြောပြီး ဖယ်ရီကား အားလုံးရဲ့ ဂိတ်ထွက်ချိန်ကို ၁၅ မိနစ်စောထွက်ပါတယ်။ စက်ရုံထဲမှာ ၄ရက်နေ့က မိုက်နဲ့လည်းအော်ပါတယ်။
 
မနက်ပိုင်း ကားပိတ်လို့ စက်ရုံနောက်ကျရင် စံချိန်မရမှာဆိုးလို့ စက်ရုံက ကားတွေက်ု ၁၅ မိနစ် စောထွက်ခိုင်း ပါတယ်။
ဒါပေမဲ့ ညနေပိုင်း အလုပ်ဆင်းချိန်မှာ ကားလမ်းတွေပိတ်နေလို့ စက်ရုံထဲက ဖယ်ရီ ထွက်မရတာကိုတော့ စက်ရုံက ဂရုမစိုက်ပါဘူး။ အဲ့ဒီနေ့က ၅ ရက်နေ့ပါ။ လစာထုတ်ရက်ဆိုတော့ ၄နာရီခွဲပြန်လွှတ်ပါတယ်။
 
ကားထွက်မရတာနဲ့ ပုံမှန်၁နာရီကျော်ကျော်ပဲ စီးရတဲ့ဂိတ်က အိမ်ကို ည ၈နာရီခွဲကျော်မှ ပြန်ရောက်ပါတယ်။ ၄ရက်နေ့နဲ့၅ရက်နေ့ နှစ်ရက်လုံးအတော်နောက်ကျမှ အိမ်ကိုပြန်ရောက်ပါတယ်။ အလုပ်သမားတွေအိမ်ပြန်နောက်ကျတာကို စက်ရုံကသိသိနဲ့ လုံးဝမဖြေရှင်းပေးပါဘူး။
 
၁၉ ရက်နေ့မှာဆိုရင်လည်း ကားလမ်းပိတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကလိငပိတန်းပွဲရုံးနားကနေ စက်ရုံအထိ လမ်းဆင်းလျှောက်ဆိုပြီး ကားနံပါတ် ၂ ကတုတ်ဘုရားကြီးကားသမားက အော်ဟစ်မောင်းချပါတယ်။
 
ဗိုက်ကြီးသည်တွေလည်း လမ်းလျှောက်ရပါတယ်။ ဆီဆိုင်ထိပ်ကနေ စက်ရုံအထိ လမ်းလျှောက်ရင် မိနစ် ၄၀ ကျော်ကြာပါတယ်။
 
HR ကဝန်ထမ်းတွေက လာမကြည့်ပါဘူး ကားသမားတွေနဲ့ပဲ လွှတ်ထားပါတယ်။ သူတို့ကတော့ စက်ရုံဂိတ်ဝကနေ ပဲ စောင့်နေပါတယ်။ ၂၀ ရက်နေ့ အလုပ်လွှတ်တော့ ကားဝန်းထဲမှာ ကြိုပို့ ကားတွေမရှိနေပါဘူး။ ကားလမ်းက တော်တော်ပိတ်နေတာ ကို စက်ရုံကလူကြီးတွေ မြင်နေတာကို ၄နာရီခွဲ မှာ စက်ရုံလွှတ်ပါတယ်။
 
ပြောချင်တာက ကားဝန်းထဲမှာကားတွေက အကုန်မရှိဘဲ ဘာမှလည်း မစီစဉ်ထားဘဲနဲ့ အလုပ်ကိုလွှတ်တယ်။ ကားမရှိတော့ ဘယ်ကားတက်ရမယ်မှန်းလည်းမသိ ဘယ်သူမလည်းလာမပြောကြပါဘူး။ အဲ့ဒါနဲ့ ကားကလည်းမရှိ လမ်းကလည်းပိတ်နေတာနဲ့ စက်ရုံကနေ လမ်းထိပ်ကို ဆ်ုင်ကယ်စီးရပါတယ်။ ကယ်ရီခက ၂၀၀၀ပါ၊ လမ်းထိပ်ကနေ အိမ်ကို အဆင်ပြေသလို ကားကြုံတားစီးရ လိုင်းကားတားစီးရနဲ့ ၅၀၀၀၊၆၀၀၀ နောက်ထပ်ကုန်ပါတယ်။
 
ဖယ်ရီကားစီးတဲ့သူတွေအကုန်လုံး လမ်းလျှောက်တဲ့သူကလျှောက် ကယ်ရီစီးတဲ့သူကစီးနဲ့ လမ်းထိပ်ကို ထွက်ရပါတယ်။
လမ်းထိပ်ကနေ အိမ်ရောက်အောင် ကားကြုံတား ရတဲ့လိုင်းကားစီးရနဲ့ ပြန်ရပါတယ်။ စက်ရုံက ဘာမှလည်း မစီစဉ်ပေးပါ။ ဒီအခက်အခဲပတ်သက်ပြီး ဘာတခွန်းမလည်း မပြောခဲ့ပါဘူး။
 
ကားသမားတွေလည်း လူပါးဝပါတယ်။ ဘာမမေးမရပါ၊ ကားတာဝန်ခံဆိုသူက ပိုရိုင်းပါတယ် ။ ကြိုက်တဲ့သူသွားတိုင်လို့ အမြဲပြောပါတယ်။
 
စက်ရုံဘက်က မနက်ပိုင်း အလုပ်လာရင် ကားနောက်ကျလို့ စံချိန်းမရမှာစိုးလို့ လမ်းတွေအတင်းလျှောက်ခိုင်း၊ စက်ရုံရောက်ရင်လည်း မနားခိုင်းဘဲ အလုပ်တွေက်ုတန်းခိုင်းပါတယ်။ မနက်ပိုင်းလိုဘဲ ညနေအလုပ်လွှတ်ရင် လည်း ညီမတို့ကို ကားပြသာနာ ဖြေရှင်းပေးစေချင်ပါတယ်။ ဒီကားပြသာနာက တစ်ရက်နှစ်ရက်မဟုတ်ပါ၊ ရက်ရှည်ဖြစ်နေပါပြီ။
HR မန်နေဂျာက ကားနဲ့ပတ်သက်တဲ့ တိုင်ကြားစာတော်တော်များများကို ဖျောက်ပစ်ပါတယ်။
 
ကားသမားတွေကလည်း ရေသန့်ဘူးထဲ အရက်ထည့်သောက်ပြီး ကားတွေက်ုပရမ်းပတာမောင်းပါတယ်။ တချို့ကားသမားဆို ကားမောင်းရင်းနဲ့ ဘီယာဘူးကိုလက်ကကိုင်သောက်ပါတယ်။ HR က လုံးဝအရေးမယူပါဘူး။ ညီမတို့ရဲ့ အချိန်တွေနဲ့ အသက်တွေအတွက် စက်ရုံကို ဘက်မလိုက်ဘဲ ဖြေရှင်းပေးစေလို ပါတယ်။
 
စက်ရုံကအဓိကတော့ only တံဆိပ် အထည်တွေ ချုပ်နေပါတယ်။ တရုတ်နိုင်ငံသားပိုင်စက်ရုံပါ။ ပြောထားတာတွေက အကုန်အမှန်တွေပါ လိမ်ညာထားတာ တခုမမရှိပါ။
 
ဘယ်သူ့ကိုမှ မထိခိုက်စေလိုပါဘူး။ ညီမတို့ နစ်နာနေတာတွေကိုလည်း ဖြေရှင်းပေးစေလိုပါတယ်။
 

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026