NEWS

ပိတ်ရက်အစားထိုးအလုပ်ခေါ်ယူမှု အလုပ်ရှင်သတ်မှတ်သည့်ရက်ကိုမလုပ်နိုင်ပါက လစာမပေးနိုင်ကြောင်းခြိမ်းခြောက်

CoverLogo
664 Views

Mai Yi Bei Garment Manufacturing Co.,ltd မှာ ပိတ်ရက်အတွက် အစားထိုးခေါ်ယူတာကို အလုပ်ရှင်ဘက်က သတ်မှတ်တဲ့ရက်တွေမှာ အလုပ်မဆင်းပေးနိုရင် လုပ်ခလစာ မထုတ်ပေးဘူးပြောဆိုတယ်လို့ စက်ရုံအလုပ်သမား တွေက ပြောပါတယ်။ 

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး အလုပ်သမား (၁၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

စက်ရုံမှာ ORIGINAL MARINES၊ ALCOTT စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး သမဂ္ဂ ဖွဲ့စည်းနိုင်မှုမရှိဘဲ လုပ်ငန်းခွင်တွင်းမှာ အခုလိုချိုးဖောက်တာတွေ လုပ်ဆောင်နေတာပါ။ 

“(၁၂) လပိုင်းထဲက ၂၉၊၃၀၊၃၁၊၁ ရက်တွေကို ပိတ်ပေးပြီး ရက်စားဆင်းတာကို တခြားပိတ်ရက်နဲ့ မလဲဘဲနဲ့ (၅) ရက်နေ့ လစာထုတ်တဲ့ရက်နဲ့ တနင်္ဂနွေနေ့ကို အချိန်ပိုအိုတီ ရက်စားဆင်းပေးရမယ်။ 

"အလုပ်ရှင်ဘက်က သတ်မှတ် တဲ့ရက်ကို မဆင်းပေးရင် လစာမပေးဘူးဆိုပြီး အလုပ်သမားတွေကို စာရွက်တွေထုတ်ပေးပြီး အတင်းလက်မှတ် ထိုးခိုင်းပါတယ်။ အလုပ်သမားတွေက သဘောမတူဘူး။ မဆင်းအေးနိုင်ဘူး ပြောတာကို အောတစ်က လက်မှတ်မ ထိုးပေးရင် လစာမပေးဘူးလို့ ပြောပါတယ်။ နောက်ပြီး သူတို့တောင်းတဲ့ အထည်စံချိန်တွေမပြည့်ရင် တနင်္ဂနွေနေ့ တွေမှာလည်း အောလင်း၊ အောနိုက်တွေကို အခကြေးငွေမပေးဘဲ ဆင်းခိုင်းပါတယ်။” လို့ စက်ရုံအလုပ်သမား တစ်ဦးက ပြောပါတယ်။ 

စက်ရုံမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၇၈၀၀) ကျပ်၊ အချိန်ပိုအိုတီကြေး (၁၅၀၀) ကျပ်၊ ရက်မှန်ကြေးကို တစ်ပတ်ပြည့်အောင်ဆင်းပါက တစ်သောင်းကျပ်ကို အပတ်လိုက်ရှင်းပေးပြီး တစ်ကဒ်ကြေးလည်း ခံစားခွင့် ပြုထား တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဥပဒေပါခွင့်ရက်တွေကို ခံစားခွင့်မပေးတာကြောင့် အလုပ်သမားတွေက အလုပ်တစ် ရက်ပျက်ရင် ကျပ် (၃၀၀၀၀) ခန့် အဖြတ်ခံနေရပါတယ်။ 

“စက်လိုင်းတစ်လိုင်းမှာ လူ(၆၀) ကျော်ရှိပါတယ်။ အထည်စံချိန်က တစ်နာရီကို လိုင်းပေါက်ထည်  (၄၀) ကျော် ပေးရ ပါတယ်။ အထည်တောင်းရင်လည်း စူပါတွေ၊ အောစူပါတွေက ဆဲပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပြောပါ တယ်။ သူတို့ဘက်ကတောင်းတဲ့ အထည်စံချိန်မပြည့်ရင် အလုပ်သမားတွေက အောလင်း၊ အောနိုက်တွေ ကော တနင်္ဂနွေနေ့ကော အလကားဆင်းပေးရပါတယ်။ ဖယ်ရီတွေ အရမ်းကြပ်နေတာကိုပြောလည်း မလုပ်ပေးပါ ဘူး။ အလုပ်ထဲဝင်လို့ လည်ဆွဲကတ်ရိုက်တာ စက်ထဲမဝင်ရင် တစ်ထောင်ပေးရပါတယ်။ အလုပ်ဆင်းရင် ကပ်ရိုက် စက်ကို မခွဲထားဘဲ စုပြုံထားလို့ အလုပ်သမားတွေ အဆင်မပြေပါဘူး။ အိမ်သာတွေကလည်း ညစ်ပတ်နေပါတယ်။ တံခါးတွေကလည်း ပျက်စီးနေပါတယ်” လို့ သူက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဥပဒေအတိုင်း ခွင့်ခံစားခွင့်ရရေး၊ အထည်စံချိန် တောင်းဆိုရာမှာ ဆဲဆိုတာ၊ ရိုင်စိုင်းစွာပြောဆိုတာ မလုပ်ရေး။ ဖယ်ရီအခက်အခဲကို ဖြေရှင်းပေးရေး၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့အထည်စံချိန်ကို တောင်းခံရေး၊ အလုပ်သမားတွေ သဘောမတူလဲ ရက်စားတွေကို အလုပ်ရှင်သဘောနဲ့ခေါ်ယူပြီး ဖိအားပေး လက်မှတ်မထိုးခိုင်း ရေးနဲ့ အောလင်း၊ အောနိုက်၊ တနင်္ဂနွေနေ့တွေကို အချိန်ပိုအလကား မဆင်းခိုင်းရေးကို ဖြေရှင်းပေးဖို့ လိုလား နေတာ ဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026