NEWS

နေ့စဥ်နဲ့အမျှကာအိန္ဒြေပျက်ပြားသည်အထိဆဲဆိုခိုင်းစေနေလို့ အိုလံပစ်ပလတ်စတစ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေရတယ်လို့ဆို

CoverLogo
1.6K Views

တစ်လကိုပိတ်ရက်တစ်ရက်သာပေးတဲ့အပြင်လုပ်သားတွေဆီကငွေကြေးကောက်ခံဖြတ်တောက်တာတွေ၊ လုပ်ငန်းခွင်အတွင်းအမျိုးသမီးငယ်တွေကိုကာအိန္ဒြေပျက်ပြားသည်အထိဆဲဆိုခိုင်းစေနေတာတွေရှိနေတဲ့အတွက်အိုလံပစ်ပလတ်စတစ်စက်ရုံကလုပ်သားတွေအခက်တွေ့နေကြရတယ်လို့သိရပါတယ်။

အဆိုပါစက်ရုံဟာမြန်မာလူမျိုးတဦးပိုင်ဆိုင်ပြီးရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်၄၊ ကျန်စစ်မင်းကြီးလမ်းမှာလုပ်သားဦးရေ ၈၀၀ နီးပါးနဲ့လည်ပတ်လုပ်ကိုင်နေတာလို့ဆိုပါတယ်။

"ဝန်ထမ်းတယောက်ခေါ်ရင် တစ်လကို ၁၅၀၀၀ ဖြတ်တယ် အဲ့ဖြတ်ထားတဲ့ပိုက်ဆံက ၆ လပြည့်မှ ၉၀၀၀၀ ပြန်ပေးတာ ၆ လမပြည့်ဘဲထွက်သွားရင် ဖြတ်ထားတဲ့ပိုက်ဆံကိုမထုပ်ပေးဘူး။

အဲ့မှာလုပ်ပီးထွက်သွားတဲ့ဝန်ထမ်းလူဟောင်းကျရင် သူတို့ဆီမှာအလုပ်ပြန်လုပ်ရင် ၂နှစ်သိန်းဖြတ်တယ် ၁နှစ်ပြည့်မှပြန်ပေးတာ၁နှစ်မပြည့်ပဲပြန်ထွက်သွားရင် အဲ့ ၂သိန်းကိုမပေးတော့ဘူး ဝန်ထမ်းတယောက်ကိုခေါ်ရင်ဘာစာရွက်စာတမ်းမှမလိုဘူး ရန်ကုန်မှာနေတဲ့သူဆိုဘယ်သူမှမခေါ်ဘူး တောဘက်ကနေအဆက်သွယ်တွေနဲ့လူတွေကိုခေါ်တာ အသက်ပြည့်တဲ့လူရော အသက်မပြည့်တဲ့သူတွေရော ဘာမှမသိမနားလဲတဲ့သူတွေပဲခေါ်တာ ခေါင်းဆောင်တွေကလဲသူတို့လစာပိုပေး​

ပြီးသူဌေးဘက်ကလူတွေပဲ ဝန်ထမ်းတွေကိုဆဲဆိုတယ် ဒဏ်ငွေဆိုလဲအမြဲလိုလိုဝန်ထမ်းတွေကိုရိုက်တယ်"လို့အဆိုပါစက်ရုံမှ အလုပ်သမားတဦးက MLN ကိုပြောပါတယ်။

စက်ရုံမှာလုပ်ကိုင်နေတဲ့ဝန်ထမ်းအများစုဟာစက်ရုံဝင်းထဲကအဆောင်မှာနေထိုင်လုပ်ကိုင်ကြရတာဖြစ်ပြီးဝန်ထမ်းတွေရဲ့အားလပ်ချိန်မှာဖုန်းအသုံးပြုပါကသိမ်းဆည်းတာတွေ ဒဏ်ငွေရိုက်တာတွေအထိအခွင့်အရေးချိုးဖောက်ကန့်သတ်တာတွေရှိနေတယ်လို့ အလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

"အဲ့ဒီမှာစာရေးမအကြီးဆုံး ဆိုရင် ဝန်ထမ်းတယောက်ကိုပြောရင် အမေ အဖေ တွေပါ ပါတယ်တအားဆဲဆိုတာ မိန်းခလေးတွေဆိုရင်မျက်ရည်တောင်ကျတယ်သူတို့နဲ့အဆင်မပြေတဲ့သူဆိုရင်ချက်ချင်းအလုပ်ထုပ်ပစ်တ စက်ရုံက အဆောင်ပေး စားရိတ်ငြိမ်းဆိုတော့ သူတို့လက်ထဲမှာချည်းပဲ သူတို့ပြောသမျှစကားနားထောင်ရတာ

ဝန်ထမ်းတွေရဲ့ အားလပ်ချိန်ကိုတောင် လွတ်လပ်ခွင့်မပေးဘူး အလုပ်ချိန် ပြီးလို့အားလပ်ချိန်ကိုတောင် ဖုန်းသုံးတာတောင်အချိန်နဲ့သုံးရတယ် သူတို့ပေးတဲ့အချိန်ကျော်ဖုန်းသုံးတာမိရင် ဖုန်းသိမ်းတယ် ဒဏ်ငွေရိုက်တယ်သက်ြန်ပိတ်ရက်လဲစက်ရုံတွေအကုန် ၉ ရက်ပိတ်တယ်။

အိုလံပစ်က ၅ရက်ပဲပိတ်တယ် ကျန်တဲ့ ၄ရက်ကိုအလကားဆင်းပေးရတယ်"လို့အိုလံပစ်စက်ရုံမှအလုပ်သမားတဦးကဆက်ပြောပါတယ်။

ဒါ့အပြင်စက်ရုံဖက်ကဝန်ထမ်းတွေရဲ့ကိုဗစ်ကာကွယ်ဆေးလတ်မှတ်ကိုသကြ်န်ပိတ်ရက်ပြန်လာတဲ့အလုပ်သမားတွေဆီကသိမ်းဆည်းထားတဲ့အပြင်ဝန်ထမ်းတွေကိုလဲမှောင်ခိုသဘောမျိုးခန့်ထားပြီးစစ်ဆေးရေးလာပါကလူလျော့ပြီးပြတယ်လို့လည်းသိရပါတယ်။

အိုလံပစ်စက်ရုံဟာအိုလံပစ်အမှတ်တံဆိပ်ပလတ်စတစ်အိတ်တွေ၊ အော်ဒါမှာတဲ့ပလတ်စတစ်အိတ်တွေ၊ အိမ်သုံး၊ စျေးသုံးပလတ်စတစ်အိတ်ငယ်တွေထုတ်လုပ်ပြီးပြည်တွင်းစျေးကွက်ကိုဖြန့်ချီနေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026