NEWS

ဒေးကြေး ၃၆၀၀ ကျပ်နှင့် ခိုင်းစေနေပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေပါ ခွင့်များကို သိရှိခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေရ

CoverLogo
1.3K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မူဇုန် ၄ ၊ကနောင်မင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားတဲ့ စွန်ညီနောင်စွန်မင်းခေါက်ဆွဲစက်ရုံတွင် အလုပ်သမား(၃၀၀)ကျော်ဖြင့်လုပ်ကိုင်လျှက်ရှိပြီး လုပ်ငန်းခွင်ထဲမှာ စံချိန်မပေးနိုင်ပါက အော်ဟစ်ဆဲဆိုခိုင်းစေတာ ရိုင်းစိုင်းစွာ ပြောဆိုပြီး စံချိန်တောင်းဆိုမှုက လည်း တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ ဆိုပါတယ်။

အလုပ်ရှင်သည်အလုပ်သမားများရဲ့လစာများကိုအစမ်းခန့်(၃လ)ကျော်ပြီး‌ေသာအလုပ်သမားများကို‌ (ဒေးကြေး ၃၆၀၀ ပဲပေးပြီးခိုင်းစေ‌နေပြီး၊ အလုပ်သမားများရဲ့စံချိန်ကိုလဲတစ်နေ့ထက်တစ်နေပိုပြီးတောင်းဆိုနေတဲ့အတွက် အဲ့ဒီမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စက်ရုံမှာမန်နေဂျာရှိပါသော်လည်မန်နေဂျာမှအမည်ခံသက်သက်ထားပြီး၊ အလုပ်သမားများကိုနိုင်ငံခြားသားတရုတ်ပိုင်ရှင်ကကိုယ်တိုင်အုပ်ချုပ်‌ ပြောဆိုမှုတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်သမားဉပဒေပါ ခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့်ဆိုတာ အလုပ်သမားတွေ ကြားတောင်မကြားဖူးဘူး မန်နေဂျာကိုမေးကြည့်တော့ သူလဲ မသိဘူးပြောတယ် လူမှုဖူလုံရေး ဆေးခွင့်ယူမယ်ဆိုလဲ အပြောအဆိုခံရလို့ ဘယ်သူ့မှ ဆေးခွင့်မယူရဲကြဘူး” လို့ အဆိုပါစက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ ခွင့်ယူပါကစက်ရုံကခွင့်မပေးဘဲ အလုပ်သမားများမှကျန်းမာရေးမကောင်းသည့်ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့်ခွင်ယူလျှင်၊ခွင့်မ‌ပေးသည့်အပြင်အလုပ်ပါ ထုတ်ခံရတယ်လို့ သိရပါတယ်။

အလုပ်ထုတ်လိုက်သောအလုပ်သမားမျာကို လူသစ်အနေနဲ့အလုပ်ပြန်ခန့်ပြီး၊ အစမ်းခန့်ကာလ ဖြင့်ပြန်လည်းခန့်အပ်တာမျိုးတွေ လုပ်ဆောင်နေတာကြောင့် အလုပ်သမားဉပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးရသလို အခြားသောဖိနှိပ်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အသက်မပြည့်သေးသည့် လူငယ်အလုပ်သမားများလည်းရှိပြီး  ဆန်အိတ်များပြိုကျမှုကြောင့် လုပ်ငန်းခွင် ထိခိုက်မှုများလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အလုပ်သမားဉပဒေပါ ခံစားခွင့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ခံစားခွင့်များပေးဖို့ ၃ လကျော်ပြီဖြစ်တဲ့ အလုပ်သမားတွေကို ဒေးကြေး ၄၈၀၀ ကျပ်တိုးမြှင့်ပေးဖို့ အလုပ်သမားတွေခွင့်ယူပါက ဥပဒေမဲ့ အလုပ်ထုတ်တာတွေ မပြုလုပ်ဖို့ နိုင်ငံခြားသားများ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုလုပ်ဖို့ နဲ့ အလုပ်သမားတစ်ဦးထုတ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ ဆိုပါတယ်။

 

 


Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026