NEWS

ဒူဘိုင်းကို အလုပ်သွားရောက်လုပ်ကိုင်တဲ့မြန်မာလုပ်သားရာနဲ့ချီဒုက္ခရောက်နေတယ်လို့ဆို

CoverLogo
5.6K Views

ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရာချီဟာ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် လာရောက်လိုက်ကိုင်နေကြတဲ့ အိမ်အကူများ၊ သူနာပြုနဲ့ လာရောက်သော်လည်း အိမ်အကူလုပ်ကိုင်ရသူများ၊ စက်ရုံအလုပ်ရုံတွင် အလုပ်ရမယ့်ဆိုကာ အေဂျင်စီတွေရဲ့  အလိမ်ခံရနေသူတွေ စုစုပေါင်းခန့်မှန်း ၃၀၀ ကျော်ဟာ ဒုက္ခရောက်နေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

စာရင်းတိတိကျကျ မပြောနိုင်သော်လည်း ထို ၃၀၀ ထက် လွန်စွာများပြားတဲ့ ပမာဏနဲ့ ဒုက္ခရောက်နေတာဖြစ်ကြောင့် ဒူဘိုင်းတွင် ဒုက္ခရောက်နေသူများနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

“သူငယ်ချင်းတွေက မလာနဲ့ ဒီမှာက ဒုက္ခပေါင်းများစွာနဲ့ ကြုံနေရတာ၊ အိမ်ရှင်တွေနဲ့ အဆင်မပြေဘူး။ အဲလိုပြောတဲ့ကြားထဲက ညီမက ရောက်အောင်လာခဲ့တာ။ လူငယ် သဘောသဘာဝလား မသိဘူး။ ရုန်းထွက်ချင် တာပေါ့။ သိရက်နဲ့လာခဲ့တာ။ ဒူဘိုင်းရောက်ရင် ကိုယ်ဖြစ်ကိုယ်ခံပဲ။ သူတို့ကို ပိုက်ဆံပေးထားပေးမယ့် သူတို့က ဆုတောင်းပေးမယ်ပဲ ပြောတယ်။ အေဂျင့်က ကိုယ်ဘက်မှာ မရှိဘူး။ အေဂျင့်နဲ့ မလာစေချင်ဘူး” လို့ အသက် ၂၄နှစ်အရွယ် အိမ်အကူအမျိုးသမီးက ပြောပါတယ်။

ဒူဘိုင်းတွင် အိမ်ကူလုပ်ကိုင်နေသူတွေဟာ အိမ်ရှင်ရဲ့ ရိုက်နှက်မှုတွေ ခံရပြီး အိမ်ရှင်က သဘောမကျပါက စွန့်ပစ်ခံရပါတယ်။ တချို့ အိမ်အကူတွေဟာ အဆင်မပြေတဲ့အတွက် ထွက်ပြေးမှုတွေ ဖြစ်နေကြတယ်လို ကူညီပေးနေသူတွေက ပြောပါတယ်။

အေဂျင်စီတွေက ဒူဘိုင်းတွင် ချက်ချင်းအလုပ်ရနိုင်ကြောင်း၊ အင်္ဂလိပ်စကား တတ်စရာ မလိုကြောင်း၊ အလုပ်တွေ ပေါများကြောင်း စသဖြင့် အလုပ်သမားတွေကို ခေါ်လျှက် ဝန်ဆောင်မှု ပေးနေသော်လည်း ဒူဘိုင်း ရောက်ပါက အေဂျင့်တွေက တာဝန်မခံ၍ မြန်မာအလုပ်သမားများ ဒုက္ခရောက်နေကြောင်း သိရပါတယ်။

အေဂျင်စီနဲ့ လာရောက်သူတွေဟာ ဒူဘိုင်းရောက်ပါက ပတ်စပို့တွေ အသိမ်းခံထားရပြီး စာချုပ် ၂ နှစ် ချုပ်ဆိုရကြောင်း၊ စာချုပ်စည်းကမ်း ချိုးဖောက်ပါက သိန်း ၅၀ လျော်ရကြောင်း သိရပါတယ်။

ဒူဘိုင်းကို အေဂျင်စီနဲ့ သွားရောက်ပါက စုစုပေါင်း ၃၈ သိန်းမှ ၄၅ သိန်းအထိ ကုန်ကျပါတယ်။ မိမိဘာသာ အလည်ဗီဇာနဲ့ လာရောက်ပါက သိန်း ၂၀ ကျော်သာ ကုန်ကျပါတယ်။

၂၀၂၁ ဖော်ဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းမှုပြီးနောက် ဒူဘိုင်းတွင် လာရောက်လုပ်ကိုင်သူတွေ ယခင်ထက် ပိုမိုများပြားလာပြီး လက်ရှိတွင် ဒူဘိုင်း၌ မြန်မာနိုင်ငံသား ၂သိန်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။


Related posts

Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026