NEWS

တောင်ကိုရီးယားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ သုံးရက်အတွင်း ၂,၀၀၀ ကျော်ရှိ

CoverLogo
1.6K Views

တောင်ကိုရီးယဲားသို့သွားရောက်လုပ်ကိုင်ရန် စာမေးပွဲ(EPS) ဖြေဆိုရန်လျှောက်ထားတဲ့ အလုပ်သမားဦးရေဟာ သုံးရက်အတွင်း ၂,၀၀၀ ကျော်ရှိတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA EPS)က ထုတ်ပြန်လိုက်ပါတယ်။

'' ဖြေဆိုခွင့်လျှောက်ထားသူစာရင်းတွေထွက်လာတယ် 2001 ကနေ 4000 အထိဆိုတာ့ နှစ်ထောင်ကျော်တယ်။ လျှောက်ထားပီးမှ ခုံနံပါတ်မကျလာတာတွေအများကြီးရှိနေတယ်ဆို နှစ်ထောင်ကျော်တယ်'' ဟု ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ရန် စောင့်ကြည့်လေ့လာသူ ကိုဇော်မင်းက ဆိုပါတယ်။

စာမေးပွဲ(EPS)ဖြေဆိုခွင့် လျှောက်လွှာတင်ထားသူ ၂၀၀၀ ရဲ့အမည်စာရင်းတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ  POEA-EPSက ဇူလိုင်၁၃ရက် ညနေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

EPS စာမေးပွဲအတွက်ဖြေဆိုခွင့်လျှောက်လွှာများကို ဇူလိုင် ၇ရက်မှ၉ရက်အထိ လက်ခံခဲ့တာဖြစ်ပြီး လျှောက်လွှာတွေပြန်စီစစ်ရန် လျှောက်လွှာလက်ခံတာကိုလည်း ဇူလိုင်၉ရက်နေ့ ညနေကစတင် ရပ်နားခဲ့တာပါ။

လျှောက်လွှာလက်ခံခြင်ကို ရပ်နားလိုက်ပြီး သုံးရက်အတွင်း လျှောက်ထားသူ​တွေအနက် ၂,၀၀၀ရဲ့အမည်ကိုထုတ်ပြန်ခဲ့ကာ အဲဒီအမည်စာရင်းမှာပါဝင်တဲ့သူတွေအနေနဲ့ ယနေ့ (ဇူလိုင်၁၄)မှာ စာမေးပွဲမှတ်ပုံတင်စတင်ကြေးပေးသွင်းကြရမှာဖြစ်တယ်လိလည်း သိရပါတယ်။

" ကျွန်တော်ဆို ၇ရက်နေ့ကတင်ထားတာ ခုထိမကျလာဘူး။ ပယ်ခံရတာလား မပါသေးတာလား မသိရဘူး။ ပယ်ခံရရင်ရော ဘလိုလုပ်ရမယ်ဆိုတာ ထုတ်ပြန်စေချင်တယ်။အမည်စာရင်းမပါသေးတာရော 
တင်ဖို့စောင့်နေတဲ့သူလည်းမနည်းဘူးကျန်သေးတယ်"လို့ လျှောက်လွှာတင်ဖို့စောင့်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စာမေးပွဲဖြေခွင့်လျှောက်တာတွေကိုနည်းပညာပြသာနာကြောင့် လျှောက်လွှာတင်မရတာတွေရော အမည်စာရင်းတူထပ်နေတာတွေရောပါ တွေ့နေရတာကြောင့် နည်းပညာအားနည်းမှုတွေရှိနေတယ်လို့လည်း  သိရပါတယ်။


Related posts

Cover
လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025
Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025
Cover
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ
Aug 23, 2025
Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း
Aug 22, 2025
Cover
Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025