NEWS

တလလျှင် တနင်္ဂနွေပိတ်ရက် (၂) ရက်သာ ပိတ်ပေးပြီး အလုပ်ဆင်းခိုင်းသော်လည်း အချိန်ပိုလုပ်ခလစာများကို အပြည့်အဝ မရှင်းဘဲ အကြွေးချန်နေလို့ အခက်အခဲဖြစ်

CoverLogo
551 Views

Delo Myanmar အထည်ချုပ်စက်ရုံဟာ ဖွင့်လှစ်ထားတာ နှစ်လကျော်သာ ရှိသေးပေမယ့် အလုပ်သမားတွေကို တစ်လမှာ တနင်္ဂနွေပိတ်ရက် (၂) ရက်ပဲ ထားကာ အချိန်ပိုတွေကို အမြဲမြဲလိုလို ခေါ်ယူပြီး လုပ်ခလစာတွက်ချက်ရာမှာ အချိန်ပိုကြေးကို အပြည့်အဝ မရှင်းဘဲ နောက်မှရှင်းပေးမယ် ဆို ကာ အကြွေးချန်နေတာကြောင့် အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသား ပိုင်ဆိုင်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

အလုပ်သမားအင်အား (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂကော၊ WCC ပါ ဖွဲ့စည်းထားတာ မရှိဘူးလို့ ပြောပါတယ်။

“အလုပ်ချိန်က မနက် (၈) နာရီကနေ ည(၇) နာရီခွဲအထိပါ။  ပုံမှန်အချိန်ပိုက (၃) နာရီ ဆင်းရပါတယ်။ တစ်ခါ တလေတော့ (၈)နာရီခွဲအထိပဲ ခေါ်ပါတယ်။ နောက်အလုပ်သမားတွေက တနင်္ဂနွေပိတ်ရက်တွေလည်း အချိန်ပို ဆိုပြီး ဆင်းရပါတယ်။ တစ်လမှာ တနင်္ဂနွေပိတ်ရက်ကို  (၂) ကြိမ်ပဲ ပိတ်ပေးပါတယ်။ အဓိကကတော့ အလုပ်သမားတွေက တစ်လလုံးကို အချိန်ပိုခေါ်တိုင်း ဆင်းပေးရပါတယ်။ ဒါပေမယ့် လစာထုတ်ရင် အချိန်ပိုကြေးတွေကို အကုန်လုံး မရှင်းပေးပါဘူး။ ပြောမယ်ဆို တစ်လုံး အချိန်ပိုနာရီ (၈၀) ဆင်းရတယ်ဆို နာရီ (၆၀) စာပဲ ရှင်းပေးပါတယ်။ ကျန်တာကို နောက်မှရှင်းပေးမယ်ဆိုပြီး စောင့်ရပါတယ်။ စက်ရုံက ဖွင့်တာ (၂) လပဲ ရှိပါသေးတယ်။  အခုက တစ်လလုံး အချိန်ပိုတွေဆင်းပေမယ့် အပြည့်အဝမရတော့ အဆင်မပြေဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ ဒေးကြေး၊ အပိုထောက်ပံ့ကြေး၊စက်ရုံထောက်ပံ့ကြေးတွေ စုပေါင်းပြီး (၇၈၀၀) ကျပ် ပေးနေတာဖြစ်ပြီး 
အချိန်ပိုကြေးကို တစ်နာရီ (၁၆၀၀) ကျပ်နဲ့ တွက်ပေးနေတာပါ။ စက်ရုံမှာ ရက်မှန်ကြေး  (၃၀၀၀၀) ကျပ်၊ ကျွမ်းကျင်ကြေး A အဆင့် (၄၀၀၀၀) ကျပ်၊ B အဆင့် (၃၀၀၀၀) ကျပ်နဲ့  C အဆင့် (၂၀၀၀၀) ကျပ်၊ မုန့်ဖိုး (၁၀၀၀) ကျပ်နဲ့ တစ်လကို (၂၄၀၀၀) ကျပ် ပေးနေတာလို့ ဆိုပါတယ်။

ဒါပေမယ့် ခွင့်တစ်ရက် ယူရင်တော့ ရက်မှန်ကြေး (၃၀၀၀၀) ကျပ်၊ ဒေးကြေး (၇၈၀၀) ကျပ်နဲ့ မုန့်ဖိုး (၂၄၀၀၀) ကျပ် ပြန်လည်ဖြတ်တောက်တာပဲ ဖြစ်ပါတယ်။

“အထည်စံချိန်ကို အလုပ်သမားတွေ ချုပ်နိုင်တာထက် ပိုတောင်းပါတယ်။ မရရင် ဖိအားပေး ပြောဆိုတာတွေ ရှိပါတယ်။ စက်ရုံထဲမှာ အလုပ်သမားတွေ နေထိုင်မကောင်းဖြစ်ရင် ဆေးခန်းလည်း မရှိပါဘူး။ အလုပ်ထွက်တဲ့သူတွေကို အချိန်ပိုကြေးတွေလည်း အပြည့်မရှင်းပေးပါဘူး။ ရက်ပြည့်မဆင်းလို့ဆိုပြီး ရက်မှန်ကြေး (၃၀၀၀၀) ကျပ်နဲ့ တစ်လစာမုန့်ဖိုး (၂၄၀၀၀)ကျပ်လည်း ဖြတ်ပါတယ်။ နောက်ပြီး ထောက်ပံ့ကြေးတွေလည်း ဖြတ်ပါတယ်”လို့ သူက ပြောပါတယ်။
 
စက်ရုံအလုပ်သမားတွေအနေနဲ့ အချိန်ပိုလုပ်ခများကိ အပြည့်အဝ ရှင်းပေးရန် ၊ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်သာ တောင်းခံရန် ၊ အောဟစ်တာ၊ ဆဲဆိုတာ မလုပ်ရန် ၊ တစ်ရက်ပျက်ကွက်ပါက ရက်မှန်ကြေး တစ်သောင်းသာ ဖြတ်တောက်ပြီး မုန့်ဖိုးမဖြတ်တောက်ရန်နဲ့ ဆေးပေးခန်းနဲ့ ဆရာဝန် ထားရှိပေးရန် စတာတွေ ဖြေရှင်းပေးဖို့  လိုလားနေတယ်လို့ ပြောပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026