NEWS

တရုတ်ပြည် (မန်စီ)ဟန်ဒါ စက်ရုံ အလုပ်မတရားသဖြင့် ခိုင်းနေ

CoverLogo
495 Views
 
လူကြီးမင်းများရှင့် ။
ဟန်ဒါ စက်ရုံအကြောင်း FB မှာ သတင်းတက်ပြီးကတည်းက ည ၁၁ အထိ အချိန်ပိုတွေ ဆက်တိုက် လုပ်ခိုင်းတာ အခုအထိပါပဲ။ တလ လည်းမဟုတ် နှစ်လ လည်း မဟုတ် လုပ်နေရတာပါ။
ဒီလိုလုပ်ခိုင်းတာ ဘယ်လို အဖွဲ့အစည်း၊ ဘယ်လို အာဏာပိုင်၊ ဘယ်လို အကြောင်းအရာမှ ဂရုမစိုက်ဘဲ အလုပ်သမားတွေ အပေါ် ခိုင်းချင်သလို ခိုင်းမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
ညီမတို့ အလုပ်သမားတွေနဲ့ သဘောတူထားတဲ့ အချက်တွေထဲမှာ တရက်လုပ်ခ လစာက အလုပ်အချိန် ၁၁ နာရီ အတွက်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို အထည်ချုပ်အလုပ်နဲ့ လာလုပ်တဲ့ အလုပ်သမား မှန်သမျှ အလုပ်ချိန် ၁၁ နာရီကျော်ရင် အချိန်ပို လုပ်ခ ရမယ်ဆိုတာကို နားလည်ထားပါတယ်။
တကယ် အလုပ်ပြီးတဲ့ အချိန်ကလည်း ည ၈ နာရီအထိပါပဲ။ ဒီနောက်မှာ လုပ်ရတဲ့ အလုပ်က အချိန်ပိုလို့ သိထားပါတယ်။ အခုကတော့ ည ၁၁ နာရီအထိ အချိန်ပိုတွေ လုပ်ခိုင်း၊ အချိန်ပိုကြေးမပေးနဲ့။ ဒီအချိန်ပို အတင်းအကျပ် လုပ်ခိုင်းနဲ့ ဆိုတာ ဘယ်လိုမှ အဆင်မပြေတော့ဘူး။
စနေနေ့လို့ ရက်တွေမှာတောင် ည ၉ နာရီအထိ အပတ်တိုင်း လုပ်ပေးနေရတယ်ဆိုရင် အလုပ်သမားတွေ ပင်ပန်းဆင်းရဲမှု ကြီးမားတာကို လူကြီးမင်းတို့ ခန့်မှန်းနိုင်မှာပါ။
ရာသီဥတုအေးတဲ့ ဒေသနဲ့ ညအချိန် အလုပ်လုပ်ပေးရတာ၊ အစားအသောက်ကလည်း အဆင်မပြေတာနဲ့ ဆို အလုပ်သမားတွေ အားအင် ပြန်ပြည့်ဖို့ တော်တော် ခက်ပါတယ်။
အချိန်ပို မဆင်းရင်လည်း ဆဲဆိုတယ်၊ လစာဖြတ်နဲ့ ။ နေမကောင်းဘူး ဆိုလည်း ပေးမနားပါဘူးရှင့် ။ နောက် ဝမ်တိန် ထိုးခိုင်းပါတယ် ။
သူများတိုင်းပြည်မှာ တရားမဝင်သလို အလုပ် လုပ်နေရတယ်။ နစ်နာမှု ရှိရင် ဘယ်သူ့ကို အားကိုးပြီး ဘယ် အဖွဲ့အစည်းကို တိုင်ရမှန်းမသိနဲ့။ ဒီလို ခြိမ်းခြောက်တာ၊ ဝမ်တိန်ထိုးခိုင်းတာတွေက ညီမတို့ အရမ်းကို ကြောက်လန့်မိပါတယ်။
တရုတ်နိုင်ငံက မန်စီ၊ ရွှေလီ၊ ရင်ကျန်း စတဲ့ စက်မှုဇုန်တွေဆီ အထည်ချုပ် အလုပ်လာလုပ်သူတွေ အားလုံး အရင်းအနှီးကြီးကြီးနဲ့ လာလုပ်ကြတာပါ။ အသက်တွေ၊ ငွေကြေး၊ အိမ်တွေ၊ ခြံတွေ ပိုင်ဆိုင်မှုတွေ အပေါင်ထားပြီး လာကြရတာပါ။ မြန်မာအလုပ်သမားတွေက ဆင်းရဲကြပါတယ်။ နိုင်ငံကလည်း ခြိမ်းခြောက်မှုတွေနဲ့ မတည်မငြိမ် အခြေအနေတွေ၊ စားရေးသောက်ရေး ရုန်းကန်နေရတဲ့ အထဲက စစ်မှုထမ်းခိုင်းမယ်ဆိုတာကလည်း မိသားစု ဘဝတွေ ဖျက်ဆီးခံရသလိုပါပဲ။
တရုတ်အထည်ချုပ်တွေရဲ့ စာချုပ်တွေက တဖက်သတ်ဆန်ပြီး နစ်နာမှု ရှိမှန်းသိသိနဲ့ အထည်ချုပ် အလုပ်ကို လာလုပ်ရတာပါ။
သည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်လာလို့ လူကြီးမင်းတို့ကို အကြောင်းကြားတာပါ။
မြန်မာအလုပ်သမားတွေ အရမ်းကို နစ်နာနေရတာပါ။ ဒါကြောင့်လည်း တရုတ်နိုင်ငံက အလုပ်သမားရုံးတွေ အကြောင်းကြားပေးစေချင်ပါတယ်။

Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026