NEWS

တရုတ်နိုင်ငံ Longchuan Depin Clothing အထည်ချုပ်စက်ရုံ အလုပ်ချိန် စော လုပ်ခိုင်းပြီး အချိန်ပိုခ မပေး

CoverLogo
507 Views
 
စက်ရုံက ဒီကနေ့ ရက်စွဲနဲ့ စည်းကမ်းတစ်ခု ထုတ်ပါတယ်။ အလုပ်ချိန်ကို မိနစ် ၂၀ ကြိုဝင်ခိုင်းပါတယ်။ အရင်က အလုပ်ချိန်က ပုံမှန် ၈ နာရီမှ စတာပါ။ အခုက ၇ နာရီ ၄၀ အရောက်ဝင်ခိုင်းပါတယ်။
 
စက်ရုံက ပေးတဲ့ အဆောင်မှာနေရတော့ လူများနဲ့ ဆိုတော့ ရေချိုး အ၀တ်လျှော်နဲ့ ဆို အဲ့လောက်အစောကြီးက အဆင်ပြေမပါဘူး။
 
အရင် အလုပ်စချိန် ၈ နာရီမှာ နောက်ကျသူ မရှိကြပါဘူး။ ၈ နာရီ မတိုင်ခင် အလုပ် စ လုပ်ကြပါတယ်။ သိုပေမယ့် အခု စည်းကမ်းချက်က ညီမတို့ လွတ်လပ်ခွင့်ကို ထိခိုက်နေသလို ခံစားရပါတယ်။
 
၇ နာရီ ၄၀ မရောက်ရင် ဘယ်လို အရေးယူမယ်ဆိုတာ မသိရသေးပါဘူး။ ဖြစ်နိုင်ချေများဆုံးကတော့၊ ပိုက်ဆံဖြတ်တာပဲ။ တစ်ယွမ်ကနေ ယွမ် ၅၀ လောက်အထိ ဖြတ်နိုင်ပါတယ်။ အဲ့ဒီ ပိုက်ဆံကို အလှူငွေ ပုံးလို ရေးထားတဲ့ ပုံးထဲ ပိုက်ဆံထည့်ရတာ ပါ။ ပုံးကတော့ မျက်စိရှေ့မှာ မြင်နေရပါတယ်။ ထည့်ခိုင်းသူတွေကတာ့ အောစူပါ၊ စက်ရုံမှူး ရားထူးရှိသူတွေပါ။
 
မေတ္တာ ရန်ပုံငွေလိုခေါ်တဲ့ စက်ရုံက ပရဟိလို အဖွဲမျိုးတော့ ရှိတယ်၊ အဲ့ငွေတွေဟာ အဲ့ဒီကို တကယ် ရောက်မရောက်တော့ မသိရပါဘူး။
 
ညနက် အချိန်ပိုတွေ အရင်က ၁၀ ခွဲ ၁၁ လောက်အထိ ခေါ်ခဲ့ပါတယ်။ အခုကတော့ ည ၉ နာရီ ခွဲအထိ ဆင်းရပါတယ်။
အိုတီခ ပိုက်ဆံမရပါဘူး။
 
မနက် ၈ နာရီကနေ အလုပ်စရင် နေ့လည် ၁၁ နာရီ ၄၅ မှာ ထမင်းစားနားပါတယ်။ ၁ နာရီမှာ အလုပ် ပြန်စပါ တယ်။ ည ၇ နာရီ၁၅ မှာ အလုပ်ဆင်းပါတယ်။
 
တခြားစက်ရုံတွေက ၁၂ နာရီ ထမင်းစားပြီး ၁ နာရီကနေ ည ၇ နာရီအထိ ဆင်းရပါတယ်။ အလုပ်ချိန်က ၁၀ နာရီကျော်တွေပါပဲ။
 
စက်ရုံအလိုက် ထမင်းစားဆင်းချိန်နဲ့ အလုပ်ဆင်းချိန်တွေမတူပါဘူး။ ညဘက် အိုတီကို ၈ နာရီပြန်လုပ်ရပါတယ်။ အဲ့အတွက် ပိုက်ဆံမရပါဘူး ။ အချိန်ပိုက နေ့တိုင်းဆင်းရတာပါ။ တနဂ်နွေနေ့ ပိတ်ရက်တွေပါ အချိန်ပိုတွေ ဆင်းနေရပါတယ် ။
 
ဇွန်လနဲ့ ဇူလိုင်လတွေမှာ အိုတီ အများဆုံးခေါ်တယ်။ အထည်စံချိန်တွေ တစ်နေ့ထက် တစ်နေ့ ပိုတိုးတောင်းလာတာပါ။ စံချိန်ကတော့ လူ့အလို နတ်မလိုက်နိုင် ဆိုသလိုဖြစ်နေတာပါ။
 
စက်ရုံမှာ တရုတ်အလုပ်သမားတွေရှိပါတယ်။ အလုပ် ချိန်တူပေမယ့် တရုတ်အလုပ်သမားတွေ ရတဲ့ လုပ်ခနဲ့က အများကြီးကွာပါတယ်။
 
သူတို့က တစ်နေ့ယွမ် ၁၀၀ ကနေ ၂၀၀ အထိရတာပါ။ ညီမတို့က ၅၉ ယွမ်ဆိုတာ အများဆုံးပါ။ အရင်က စက်ရုံမှာ အလုပ်သမား ၃၀၀၀ ကျော် ရှိပါတယ်။ လတိုင်း နီးပါးပြန်တဲ့သူတွေ ရှိပါတယ်။ အခုကတော့ အဲ့လောက်မရှိလောက်ဘူး။
ဒီတရုတ်နိုင်ငံမှာ မြန်မာ အလုပ်သမားတွေက အလုပ်တွေ မတရားခိုင်းခံရတာနဲ့ လက်ရောက်ကျူးလွန်ခံရတာတွေ ရှိတော့ အခံဘက်ချည်းပါပဲ။
 
ကူညီမဲ့ အဖွဲ့အစည်းလည်း မရှိပါဘူး။ ဖြစ်ရင်လည်း ဘယ်တိုင်ရမှန်း မသိဘူး။ စက်ရုံအကြောင်း ဒီ Myanmar Labour News မှာ ပါဖူးပါတယ်။ စက်ရုံက တရုတ်နိုင်ငံ၊ ကျင်းဖုန်းမြို့၊ Longchuan Depin Clothing Manufacturing Co., Ltd. အထည်ချုပ်စက်ရုံပါ။

Related posts

Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026
Cover
RAINBOWTEC အထည်ချုပ် အမျိုးသားအလုပ်သမားများအား သုံးလတကြိမ် အလုပ်ထုတ်
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
SINOPROUND စက်ရုံ အထည်စံချိန် တောင်းလို့ နားချိန်မရဘဲ ချုပ်ပေးရ
Aug 10, 2026