NEWS

တရုတ်နိုင်ငံ မန််စီရဲစခန်းမှာ  ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမားကို ပြန်လွှတ်ပေးရေး လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ တောင်းဆို

CoverLogo
457 Views
တရုတ်နိုင်ငံ မန််စီမြို့ ကျင့်မိန်အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတစ်ယောက်ကို ရဲစခန်းမှာဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေတောင်းဆိုနေကြပါတယ်။ 
 
အဲ့ဒီစက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်နဲ့ macondo အမှတ်တံဆိပ်အထည်တွေချုပ်လုပ်တာလို့ သိရပါတယ်။ 
 
"ဧပြီလ ၄ ရက်နေ့က စက်ရုံရဲ့လုပ်ငန်းခွင်ချိုးဖောက်မှုတွေကို သတင်းဖော်ပြခံရပြီးနောက် စက်ရုံရဲ့ စီစီတီဗွီကို ပြန်ကြည့်တော့ ဓါတ်ပုံရိုက်နေတဲ့အလုပ်သမားတယောက်ကို တွေ့ပြီး အလုပ်ရှင်ကနေ ထောင်ချမယ်ဆိုပြီး ရဲစခန်းမှာဖမ်းဆီးထားပါတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်းမှာ ချိုးဖောက်မှုတွေ အမှန်တကယ်လုပ်ဆောင်နေတာဖြစ်ပြီး အစားအသောက်ကို ဖြစ်သလိုကျွေးတာ အချိန်ပိုအလွန်အကျွံခေါ်တာ ၊ ဆေးပေးခန်းမရှိတာ ၊ ကျန်းမာရေးကြောင့် ရက်ပျက်ပါက ဆူပူပြောဆိုပြီး ဝမ်တိန်လက်မှတ်ထိုးခိုင်းတာ တွေ ပြုလုပ်နေတာကြောင့် အလုပ်လုပ်ကိုင်ရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကပြောပါတယ်။
 
"ဧပြီ ၈ ရက်နေ့က တရုတ်ရဲ တယောက်နဲ့ စက်ရုံမှူးက အလုပ်သမားတွေကို မီတင်ခေါ်ပြီး စက်ရုံမှာ အလုပ်မလုပ်ချင်ရင် မြန်မာနိုင်ငံပြန်မယ်ဆိုရင် ၁၀ ယောက််တဖွဲ့ပြန််ဆိုပြီးပြောတယ် အကြွေးမကျေသေးရင် ပြန်လို့မရဘူး အကြွေးကျေ အောင်လုပ်ပေးပြီးမှပြန်လို့ရမယ်ပြောတယ် အခုဆိုရင် CCTV ကနေ ကြည့်ပြီး မသင်္ကာရင် ရဲလက်အပ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။
 
လက်ရှိမှာတော့ အဖမ်းခံထားရတဲ့အလုပ်သမားကို ပြန်လွှတ်ပေးဖို့ စက်ရုံက အလုပ်သမားတွေ တောင်းဆိုနေပါတယ်။
 
ဖမ်းဆီးခံထားရတဲ့အလုပ်သမားကို စက်ရုံအလုပ်သမားတွေနဲ့ တွေ့ခွင့်မပေးတဲ့အပေါ်  စိုးရိမ်နေရတယ်လို့ လည်း ကျန်အလုပ်သမားတွေကပြောပါတယ်။
 
"ရိုက််နှက်ထားမှာလည်း စိုးရိမ်တယ်" လို့ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။
 

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026