NEWS

တရုတ်နိုင်ငံ  တုန်ရိ အထည်ချုပ်အလုပ်သမားများ  အချိန်ပိုလုပ်ခ မရဘဲ လုပ်ကိုင်ပေးနေရ

CoverLogo
553 Views

တရုတ်နိုင်ငံ၊ ရွှေလီမြို့ ၊ တုန်ရိ အထည်ချုပ်စက်ရုံက အချိန်ပို လုပ်ခ မပေးဘဲ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ CAMEL တံဆိပ်အထည်တွေ ချုပ်လုပ်နေပြီး မြန်မာ လုပ်သား ၄၀၀ လောက် လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်(IWFM) ဆီက သိရပါတယ်။ 

 

“အထည်စံချိန် မပြည့်တာနဲ့ အောလင်း၊ အောနိုက်ကို လုပ်ခမရဘဲ အလကား ဆင်းပေးရတယ်။   တနင်္ဂနွေနေ့ အပတ်တိုင်း  မဆင်းမနေ ရဖိအားပေးပြီး အချိန်ပိုကို အလကား ဆင်းခိုင်းတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

 

စက်ရုံဘက်က အထည်စံချိန် မတရား တောင်းခံပြီး လုပ်သား ၃၀ ရှိတဲ့  စက်လိုင်းတစ်လိုင်းကို တစ်နာရီ လိုင်းပေါက် ၃၅  ထည်ကျော်  တောင်းခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ခန့်ထားစဉ်က ပေးမယ်လို့ ကတိပြုလုပ်ထားတဲ့ လုပ်ခလစာကို လျှော့ပေးတယ်လို့လည်း ဆိုပါတယ်။

 

“မြန်မာအလုပ်သမားတွေကို အလုပ်စခေါ်တော့ တစ်လ  တရုတ်ငွေ  ၁၈၀၀ ပေးမယ်ပြောတာ၊ တကယ်ပေးတော ၁၅၀၀ ပဲ။  လစာကို လည်ဆွဲကဒ် ကြိုးနဲ့ အရောင်ခွဲထားတယ်။ လစာတိုးဖို့  ကြိုးပန်းရောင် လဲပေးမယ် ဆိုပြီး တရုတ် ငွေ၁၀၀၀ ဖြတ်ထားတယ်၊ အခုထိ တိုးမပေးဘူး” လို့ ပြောပါတယ်။  

 

စက်ရုံထဲမှာပဲ အလုပ်သမားတွေ နေထိုင်ရပြီး ဘယ်လိုအကြောင်းနဲ့မှ အပြင် ထွက်ခွင့်မပြုလို့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရပြီး  အလုပ်သမားတချို့ စက်ရုံအပေါ်ထပ်ကနေ အပြင် ခုန်ချ ထွက် ပြေးရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

“အလုပ်သမားတွေက အကြွေးစနစ်နဲ့ အလုပ်  လာလုပ်တော့ ၊ တစ်ခုခုဆို ဘာမှ မပြောရဲကြတော့ဘူး။  အခု လစာ ပေးတာတွေ မမှန်မကန်တွေဖြစ်နဲ့ ။ အပြင် ထွက်မရတဲ့အပြင် အလုပ်ခွင်မှာလည်း အလုပ်ရှင်က စည်းကမ်းချက်တွေ သတိပေးစာတွေ တစ်ဖက်သတ် ထုတ်နေတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

တုန်ရိ အထည်ချုပ်စက်ရုံက ရွှေလီမြို့၊ ယွမ်တန်ရပ်ကွက်၊ ကျေးလက်လမ်း မှာ ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026