NEWS

တနေ့အလုပ်ချိန် ၁၅ နာရီလုပ်ကိုင်နေရပြီး ပိတ်ရက်မပေး

CoverLogo
753 Views

လှိုင်သာယာမြို့နယ် ရွှေရင်အေး ဘုရားလမ်း ခြံအမှတ် - မှာဖွင့်လှစ်ထားတဲ့  GLAMOUR GARMENT CO,LTD မှာ အလုပ်ချိန် တရက်ကို ၁၅ နာရီလုပ်ကိုင်နေရသလို ပိတ်ရက်မှာ အနားယူခွင့်မရှိဘဲ အချိန်ပိုခေါ်ယူတာကြောင့် ကျန်းမာရေးထိခိုက်လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား ၈၀၀ ခန့်နဲ့ ROSA CLARA အမှတ်တံဆိပ် အထည်တွေချုပ်လုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့ ပြောပါတယ်။

အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ည ၁၁ နာရီအထိ လုပ်ကိုင်နေရပြီး ညဘက် အချိန်ပိုကို မဆင်းမနေရဆင်းရန် ခိုင်းစေနေပြီး ငြင်းဆန်ပါက အငြိုးအတေးထားခြင်း ခွဲခြားဆက်ဆံခြင်း နဲ့ ဖိအားပေးခိုင်းစေတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

"ည ၁၁ နာရီ အိုတီဆင်းရတာ ကြာလာတော့ ကျန်းမာရေးထိခိုက်လာတယ် အိပ်ရေး မဝတာ ၊ အိပ်ရေးပျက်တာတွေများလာပြီး နေမကောင်းဖြစ်တာတွေ အလုပ်ထဲ မူးလဲတဲ့ အထိတောင်ဖြစ်ကြတယ်"လို့ အလုပ်သမားကပြောပါတယ်။

နေ့စဉ် အလုပ်ချိန် ၁၅ နာရီခန့် အလုပ်လုပ်ကိုင်ရသလို ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာလည်း အလုပ်ပိတ်မပေးဘဲ အချိန်ပိုဆင်းခိုင်းတာကြောင့် နားရက်မရှိလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ လူမှုဖူလုံရေးကြေးပေးဆောင်ရပေမယ့် ဖူလုံရေးအကျိုးခံစားခွင့်မရဘဲ ကျန်းမာရေးဆေးခွင့် မရသလို ရှောင်တခင်ခွင့်လည်း မရဘူးလို့ ပြောပါတယ်။

"နေထိုင်မကောင်းဖြစ်ဖြစ် အရေးပေါ်ကိစ္စဖြစ်ဖြစ် ခွင့်တိုင်ရင်ခွင့်မပေးဘူး အလုပ်တရက်ပျက်ရင် ဒေးကြေး ၇၀၀၀ ရက်မှန်ကြေး ၂၀၀၀၀ စုစုပေါင်း ၂၇၀၀၀ အဖြတ်ခံရတယ် ဒေးကြေး ၇၀၀၀ ကအခုလမှ စပေးတာ"လို့ အဆိုပါစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ဝင်ချိန်မှာ အလုပ်သမားတွေရဲ့ သဘောတူညီချက်မရှိဘဲစက်ရုံဘက်မှ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားတာကြောင့် အရေးပေါ် အကြောင်းကိစ္စရှိပါက ဖုန်းဆက်ဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

"သမဂ္ဂတော့မရှိဘူး ၊ WCC ရှိတယ် သူကလည်း အလုပ်ရှင်ဘက်က ရွေးချယ်ခန့်ထားပြီး အလုပ်သမားတွေရဲ့ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူး"လို့ ပြောပါတယ်။

"စက်ရုံက တရုတ်က မိန်းကလေးချောချောလေးတွေဆို ငွေပေး ရာထူးပေးတယ် မယားလုပ်တယ်၊ အလုပ်သမားတွေက သိပေမယ့် မပြောရဲကြဘူး"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ကို သက်ဆိုင်ရာ အလုပ်သမားစစ်ဆေးရေးဌာနတွေက လာရောက်စစ်ဆေးပါကလည်း လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ပြုပြင်ပြောင်းလဲသွားတာမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က ဖြေရှင်းပေးဖို့ အချက် ၅ ချက်တောင်းဆိုထားပါတယ်။

အလုပ်သမားများ တောင်ဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို နေ့တိုင်းည ၁၁း၀၀ အထိ အချိန်ပိုအိုတီကိုမဆင်းမနေရ ဆင်းခိုင်းခြင်း၊ မပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့် ဆေးခွင့်ကိုခံစားခွင့်ပေးရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကိုယ်ပိုင်ဖုန်းများကို အလုပ်သမားများသဘောတူ ညီချက်မရှိပဲသိမ်း ဆည်းခြင်းမပြုလုပ်ရန်။
၄။ တရုတ်နိုင်ငံခြားသားမှ မြန်မာမိန်းခလေးများကို ငွေပေးခြင်း၊ ရာထူးပေးကာ မယားလုပ်ခြင်း၊ မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်က စူပါ ၊အောစူပါတွေက လိုင်းထဲတွင်  မီတင်ခေါ်ရင် အလုပ်နဲ့သက်ဆိုင်သော စကားများ သာပြောရန် ခြိမ်းခြောက်ပြောဆိုခြင်းမပြုရန် စတာတွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026