NEWS

တနင်္ဂနွေနေ့တွေမှာပါ ပိတ်ရက်မရဘဲ အချိန်ပိုဆင်းနေရ

CoverLogo
679 Views

Tianjin Fashion Milestone Garment စက်ရုံမှာ နေ့စဉ်ပုံမှန်အလုပ်ချိန် တရက် ၈ နာရီအပြင် အချိန်ပို ၃ နာရီဆင်းရပြီး  အလုပ်သမားတွေရဲ့ နားရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာလဲ အချိန်ပို မဆင်းမနေရဆင်းခိုင်းလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၁၀၀ ကျော်နဲ့ လည်ပတ်နေတာလို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ယခင်က အလုပ်သမား ၁၃၀၀ ကျော်ရှိပေမဲ့ အချိန်ပိုကို တစ်နေ့ ၃ နာရီခွဲအထိ ပုံမှန်ဆင်းနေရတဲ့အပြင် တနင်္ဂနွေနေ့တွေမှာပါ အချိန်ပို မဆင်းမနေရခေါ်နေလို့ အလုပ်ပင်ပန်းပြီးနားခွင့်မရတဲ့အလုပ်သမားတွေအလုပ်ထွက်တာတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ချိန်က မနက် ၇ ခွဲကနေ ညနေ ၇ ခွဲထိဆင်းရတယ် နေ့လည် ၁၁ ခွဲကနေ ၁၂ ထိ ထမင်းစားနားရပြီး ၁၂ နာရီကနေ ည ၇ ခွဲထိ တောက်လျှောက်ဆင်းရတာ နားချိန်ခဏပေးဖို့ပြောလဲ အလုပ်ရှင်က မပေးဘူးပြောတယ်။အထည်စံချိန်တောင်းရင်လည်း စက်လိုင်းတလိုင်းကို စူပါ၊ အကူတွေအပါ ၅၅ ယောက်လောက်ရှိတာကို တနာရီကို ကုတ်အင်္ကျီ ၃၅ ထည်လောက်တောင်းတာ သူတို့တောင်းတဲ့စံချိန်မပြည့်ရင် စူပါက ရိုင်းရိုင်းစိုင်းစိုင်းဆဲပါတယ်။
အဆဲခံရတဲ့အပြင် ထမင်းစားနားချိန်မရတဲ့အထိ ချုပ်ပေးရတယ် ချုပ်နေရင်း ( ပဲကျ)ရင် ဒဏ်ကြေး ၅၀၀ ကနေ ၁၀၀၀ အထိ ဖြတ်ခံရတယ်။ စံချိန်ပြည့်အောင် မနားမနေ ထမင်းမစားဘဲ ချုပ်လို့ ပြည့်သွားရင်လည်း ဆုကြေးကို ခေါင်းပုံဖြတ်ထားတယ် ခွဲခြားပြီးပေးတာမျိုးတွေလုပ်တယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့သိရပါတယ်။စက်ရုံမှာ VERO MOODA၊ Sinsay၊ LCWAIKIKI စတဲ့အမှတ်တံဆိပ် ကုတ်အင်္ကျီနဲ့ ဂျာကင် အထည်တွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်ရှင်ရွေးချယ်တဲ့သူတွေနဲ့သာဖွဲ့စည်းထားတာကြောင့် လုပ်ငန်းခွင်ဆိုင်ရာအငြင်းပွားမှုတွေညှိနှိုင်းမရဖြစ်နေတာလို့ အလုပ်သမားကဆိုပါတယ်။

"အလုပ်ထဲမှာ ဆေးပေးခန်းနဲ့ဆရာမရှိတယ် ဆေးတွေတော့မရှိဘူး အလုပ်လုပ်ရင်းထိခိုက်လို့ ဆေးသွားတောင်းရင် မကြည်ဖြူတဲ့ပုံစံနဲ့ပြောဆိုလွှတ်တယ် ၊  COCချုပ်ထားတဲ့လူက  မြန်မာလူမျိုးဖြစ်ပြီး အသစ်ဝင်တဲ့အလုပ်သမားတွေဆိုရင် ခြေထောက်နဲ့ထိုးပြပြီးခိုင်းတာ ပစ္စည်းတွေပြတာတွေလုပ်တယ်  "လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အခုလို ပိတ်ရက်မရှိဘဲ အချိန်ပိုတွေဆင်းနေရတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေဖြစ်ပေါ်နေလို့ တပတ်လျင် တရက်နားခွင့်ပေးရန် အချိန်ပိုခေါ်ပါက အလုပ်သမားတွေကို မေးမြန်းပြီးမှ ခေါ်ရန်နဲ့ ဖိအားပေးဆင်းခိုင်းတာတွေရှောင်ကျဉ်ရန် အချိန်ပိုအိုတီမဆင်းခင် ခဏ အနားပေးရန် စူပါများက အလုပ်သမားကို ဆဲဆိုခြင်း ရိုင်းစိုင်းစွာပြောခြင်းမပြုလုပ်ရန် မြန်မာလူမျိုးဖြစ်သော COCချုပ်ဆိုသောသူမှာ အလုပ်သမားတွေကို ခြေထောက်ဖြင့် ခိုင်းစေခြင်းမပြုလုပ်ရန် အလုပ်ရှင်ဘက်မှ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့စံချိန်ကိုသာတောင်းခံရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026