NEWS

တနင်္ဂနွေနားရက်မရတာ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေမရရှိတာအပါအဝင် လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခိုင်းစေခံနေရတယ်လို့ NEX STAR GARMENT အထည်ချုပ်စက်ရုံလုပ်သားတွေပြော

CoverLogo
1.4K Views

လူမှုဖူလုံကြေးလစဉ်ဖြတ်တောက်ပေမယ့် အကျိုးခံစားခွင့်တွေဖြစ်တဲ့ ဆေးခွင်လိုခွင့်မျိုးတွေမရရှိဘူးလို့ဆိုပါတယ်။ဒါ့အပြင် အလုပ်သမားတွေရသင့်တဲ့ ပုံမှန်ခွင့်ရက်မျိုးတွေပါ မရရှိဘဲ အတင်းအကြပ် အချိန်ပိုဆင်းခိုင်းတာတွေလည်းရှိနေလို့ လုပ်ငန်းခွင်မှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ NEX STAR GARMENT အထည်ချုပ်စက်ရုံလုပ်သားတွေကပြောပါတယ်။

စက်ရုံတွင်းမှာ အထည်ချုပ်စက်ရုံလုပ်သားတွေကို ကြီးကြပ်တဲ့ စူပါတွေရှိနေပေမယ့် စက်ရုံမှ တရုတ်နိုင်ငံသား အမျိုးသမီးက အော်ဟစ်ဆဲဆိုတာတွေ အရှက်ရအောင် ပြောဆိုတာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။

“တနင်္ဂနွေနေ့အလုပ်ပိတ်ရက်ကိုလည်း  အလုပ်သမားတွေကို အနားမပေးဘဲ အပတ်စဉ်အိုတီခေါ်ပါတယ်။နေ့စား၀န်ထမ်းများကိုသုံးလမပြည့်သေးလို့ဆိုပြီးသကြင်္န်ပိတ်ရက်(၁၀)ရက်စာကိုလည်းအလုပ်ရှင်မှဖြတ်တောက်ထားတယ် နိုင်ငံရေး မကောင်းဘူးဆိုမှ အခွင့်ကောင်ယူပြီးအလုပ်သမားတွေ အပေါ်ကို ဥပဒေကိုနည်းလမ်းမျိုးစုံဖြင့်ချိုးဖောက်နေပါတယ် လို့ အဆိုပါ စက်ရုံမှ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။

သကြင်္န်ပိတ်ရက်(၁၀)ရက်စာဖြတ်တောက်ခံထားရတဲ့ အလုပ်သမားတွေအနေနဲ့  အလုပ်ရှင်ဘက်မှပြန်ပေးရန် အလုပ်သမားတွေလိုလားနေကြတယ်လို့ဆိုပါတယ်။ 
ဒါ့အပြင်လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသားတရုတ်လူမျိုးမှတိုက်ရိုက်အုပ်ချုပ်နေခြင်း၊ ဆဲဆို၊ အော်ဟစ်၊ လက်နဲရွယ်ခြင်းများမ ပြုလုပ်ရန် နဲ့ အချိန်ပိုအိုတီများအောနိုက်၊ အောလင်းများခေါ်ယူရာတွင်အလုပ်သမားသဘောဆန္ဒမပါဘဲ မခေါ်ယူဖို့ တနင်္ဂနွေပိတ်ရက်များကိုနားရက်ပေးရန်တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။


ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီးလမ်းနဲ့ ဖန်ချက်ဝန်ဦးညွှန်လမ်းမှာဖွင့်လှစ်ထားပြီး ဝန်ထမ်း ၁၅၀၀ နီးပါးနဲ့လည်ပတ်နေတဲ့ အဆိုပါစက်ရုံမှာ JOHN Baner, Women’secret စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 


Related posts

Cover
Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ
Mar 02, 2026
Cover
Chuan Qi အထည်ချုပ် စုပေါင်းတောင်ဆိုမှု ပြုလုပ်
Mar 02, 2026
Cover
Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း
Mar 02, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026