NEWS

တနဂ်နွေကိုအချိန်ပို အခမဲ့ ဆင်းခိုင်းနေ နေ့စဥ်အိုဗာတိုင်သုံးနာရီထပ်ဆင်းပေးနေရတယ်လို့ Tianjin Fashion Milestone Garmentမှအလုပ်သမားများအခက်ကြုံနေရ

CoverLogo
3.4K Views

လုပ်အားခမပေးဘဲ တနဂ်နွေနေ့ကိုအချိန်ပိုအလကားဆင်းခိုင်းတာတွေ၊ နေ့စဥ်နဲ့အမျှအိုဗာတိုင်သုံးနာရီခိုင်းနေတာတွေ၊ တနေ့ကိုအလုပ်ချိန် ၁၁ နာရီဆင်းနေရပြီးအော်ဒါအရေးကြီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ညလုံးပေါက်အလုပ်လုပ်ခိုင်းနေတာတွေအပြင်စက်ရုံဖက်ကအလုပ်သမားတွေကိုဖိအားပေးခိုင်းစေတာတွေပြုလုပ်နေတဲ့အတွက်Tianjin Fashion Milestone Garment ကဝန်ထမ်းတွေအခက်တွေ့နေကြရတယ်လို့သိရပါတယ်။

Tianjin Fashion Milestone Garmentအထည်ချုပ်စက်ရုံဟာရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ဆိပ်ကမ်းသာလမ်း၊ ရွှေလင်းဗန်းစက်မှုဇုန်မှာလုပ်ကိုင်နေတဲ့ တရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီးလုပ်သားဦးရေ ၁၂၀၀ နဲ့လည်ပတ်နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

"အလုပ်သမားတွေရဲ့ဆန္ဒမပါဘဲအတင်းလက်မှတ်ထိုးခိုင်းပီး(overtime)တွေတစ်နေ့ကို (၃)နာရီဆင်းပေးနေရတယ်၊ သူတို့ခေါ်တဲ့(OT)မဆင်းရင်မဆင်းတဲ့အလုပ်သမားမကိုတစ်လလုံး(OT) မခေါ်တော့ဘူး၊မနက်(7:30)မှည(7)နာရီအထိတစ်နေ့အလုပ်ချိန် ၁၁ နာရီအထိဆင်းပေးနေရတယ်၊ အော်ဒါတွေအရေးကြီးလို့ဆိုပြီးခေါ်တာညဆိုင်းတင်မကဘူးအောလင်းပါဆင်းနေရတယ်ခုဟာက"လို့အဆိုပါစက်ရုံဝန်ထမ်းတဦးကပြောပါတယ်။

စက်ရုံဖက်ကအလုပ်သမားတွေကိုလတ်မှတ်ထိုးထားတဲ့ အိုတီချိန်စာရွက်မှာအိုတီချိန်ကိုရေးသားမထားပဲ အိုတီမဆင်းတဲ့အလုပ်သမားတွေကိုခြိမ်းခြောက်တာတွေအပြင်(OT)မဆင်းသောအလုပ်သမားများတစ်စုကိုစောင့်ကြည့်ပြီးအပြစ်ရှာနေခြင်း၊ အချိန်ပိုများ တစ်နေ့မဆင်းလျှင်နောက်ရက်များတွင်(OT)လုံးဝမခေါ်ပဲခွဲခြားဆက်ဆံမှုများလည်းရှိနေပြီးမနား မနေOTများဆင်းနေရခြင်းကြောင့်ကျန်းမာရေးထိခိုက်မှုများလည်းရှိနေတယ်လို့သိရပါတယ်။

"ခုကလဲနေ့စားခေါ်ခိုင်းတယ် တနေ့၈နာရီဆင်းရတာငါးထောင်ပဲပေးတယ် စံချိန်တွေလဲမတရားတိုးတောင်းတာ ဘယ်သူ့မှမချုပ်နိုင်တဲ့စံချိန်တွေစူပါတွေကလဲဆဲတာကိုမိုးမွှန်နေတာပဲအိမ်သာတက်တာတောင်အချိန်ကန့်သတ်ထားတယ် နေထိုင်မကောင်းဖြစ်လို့ပြန်မယ်ဆိုလဲ Gate pass မပေးဘူးတော်တော်ကိုအခွင့်အရေးချိုးဖောက်နေတာစက်ရုံက"လို့အလုပ်သမားတဦးကထပ်ပြောပါတယ်။

လက်ရှိမှာတော့Tianjin Fashion Milestone Garment မှဝန်ထမ်းများအနေနဲ့အလုပ်သမားများဆန္နမပါပဲ(OT)အတင်ဆင်းခိုင်ခြင်းမပြုလုပ်ရန်၊(OT)တစ်နေ့မဆင်းလျှင်အလုပ်ရှင်ဘက်မှမဆင်သောအလုပ်သမားများကိုခွဲခြားဆက်ဆံခြင်း မပြုလုပ်ရန်၊ စူပါများမှကြမ်းတမ်းစွာ၊ဆဲဆိုခြင်းမပြုလုပ်ရန်၊
နေ့စားဝန်ထမ်းများကိုစနေနေ့ဆင်းခဲ့သောလုပ်ခလစာအပြည့်အဝပေးရန်းနှင့်ကျန်းမာရေးတစ်စုံ တစ်ရာရှိပါက(Gate pass)ပေးရန်၊ အစရှိတဲ့အချက်တွေကိုစက်ရုံဖက်ကအမြန်ဆုံးဆောင်ရွက်ပေးဖို့တောင်းဆိုနေကြပါတယ်။

အထက်ပါစက်ရုံဟာ Sinsay, VERO MODA ,ONLY စတဲ့အမှတ်တံဆိပ်အထည်တွေချုပ်လုပ်ပြီးစျေးကွက်ကိုတင်ပို့နေတဲ့စက်ရုံတခုလဲဖြစ်ပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026