NEWS

ည ၉ နာရီထိ အချိန်ပိုတွေ နေ့စဉ်ခေါ်ယူနေပြီး သွားလာရေး မစီစဉ်ပေးသည့်အတွက် အလုပ်သမားများ အခက် တွေ့နေ

CoverLogo
688 Views

New Fubon အထည်ချုပ်စက်ရုံမှာ ည(၉)နာရီအထိ အချိန်ပိုတွေ နေ့စဉ်ခေါ်ယူနေပြီး အကြိုအပို့ ဖယ်ရီမစီစဉ်ပေး တာကြောင့် ကျန်းမာရေးထိခိုက်တာတွေပါရှိလာပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံတာနဲ့ သွားလာရေး အခက်အခဲတွေ ရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသားက ပိုင်ဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပြင်စည်မင်း သားကြီးလမ်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

အလုပ်သမားအင်အား (၃၅၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပြီး လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲနဲ့ ချိုးဖောက်မှုတွေ လုပ်ဆောင်နေသလို Plus အမှတ်တံ ဆိပ်ကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

“အချိန်ပိုအိုတီတွေကို တစ်လလုံးလုံး ဆင်းခိုင်းနေပါတယ်။ ဒီလအစပိုင်းကတည်း အချိန်ပိုတွေကို မနားမနေ ဆင်ခိုင်းပြီး ဖယ်ရီကား မစီစဉ်ပေးပါဘူး။ ဖယ်ရီကားမစီစဉ်ပေးဘဲနဲ့ အချိန်ပိုတွေဆင်းခိုင်းတာကို တိုင်ထားပေမယ့် ဘာမှ မထူးပါဘူး။ ဒီလဆို တစ်လလုံးကို  ည(၉)နာရီထိရော၊ နောက် (၁၁) ခွဲထိရော ဆင်းရပါတယ်။ အချိန်ပိုတွေ ဆင်းပြီး အိမ်ပြန်ရင် ကင်းလှည့်တဲ့ကားနဲ့တွေ့ပြီး ပြဿာနာအရှာခံရတာ၊ စစ်ဆေးမေးမြန်း ခံရတာတွေရှိပါတယ်။ တစ်ခုခုဆို အလုပ်ရှင်ဘက်က တာဝန်ယူပေးတာ ဘာမှမရှိပါဘူး။ အချိန်ပိုအိုတီတွေကို ညတိုင်းဆင်းနေရတာ ဆိုတော့ ကြာလာတော့ ကျန်းမာရေး ထိခိုက်လာပါတယ်။ နောက်ပြီး တနင်္ဂနွေပိတ်ရက်တွေလည်း မပိတ်ဘဲ အချိန်ပို ခေါ်ပါတယ်။ အချိန်ပိုခေါ်တာကို မဆင်းရင် အငြိုးအတေးထားပါတယ်။ နောက်ပြီး စူပါတွေနဲ့ အောစူပါက ခွဲခြားဆက်ဆံတယ်။ စိတ်ဒုက္ခများအောင် ဖိအားတွေပေးပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

စက်လိုင်းတစ်လိုင်းမှာ လူဦးရေ (၃၀) ကျော်ရှိပေမယ့် တစ်နာရီကို အထည်စံချိန်ကို (၉၀) တောင်းနေတာဖြစ်ပြီး ချုပ်ရတဲ့အထည်တွေဟာ လက်ဝင်ပြီးခက်ခဲတာကြောင့် အထည်စံချိန်ပြည့်မီအောင် အသည်းအသန် ချုပ်နေရ တယ်လို့ သိရပါတယ်။ 

စံချိန်မပြည့်ပါက ဖိအားပေးတာတွေရှိနေပြီး စက်လိုင်းစူပါတွေက ဆဲဆိုတဲ့အပြင် အလုပ်သမားတွေ အိမ်သာမသွားရတာ၊ ထမင်းစားနားချိန်မှာလည်း ထမင်းမစားရဘဲ အထည်ဆက်ချုပ်ရတာ ရှိနေပါတယ်။ 

စက်ရုံမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၈၀၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ် ပေးနေပေမယ့် ခွင့်ခံစားခွင့်မပေးတာကြောင့် တစ်ရက်ပျက်တာနဲ့ ဒေးကြေးကော၊ ရက်မှန်ကြေးပါ ဖြတ်တောက်ခံနေရပါတယ်။ 

ဒါ့အပြင် အိမ်သာတွေမသန့်ရှင်းတာ၊ ဆေးခန်းအသုံးပြုဖို့ အဆင်မပြေတာတွေကို အလုပ်ရှင်ကို တင်ပြထားပေ မယ့် တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ပေါ်တာဆွဲတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတာကြောင့် အချိန်ပိုတွေ ခေါ်ယူတာ တွေကို လျှော့ချပေးဖို့နဲ့ ဥပဒေပါ ခံစားခွင့်တွေပေးဖို့၊ လုပ်ငန်းခွင်တွင်းက လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026