NEWS

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ခိုင်းစေခံရခြင်း၊ ဥပဒေမဲ့ အလုပ်ထုတ်ခြင်းနဲ့ လုပ်သားအခွင့်အရေးများ ဆိုးရွားစွာချိုးဖောက်ခံနေရတယ်လို့ ဆို

CoverLogo
1.8K Views

"အလုပ်သမားတိုင်းခံစားခွင့်ရှိတဲ့ ဥပဒေပါခွင့်တွေ အလုပ်ပိတ်ရက်တွေ ဘာတစ်ခုမှမရဘူး လူမှုဖူလုံရေးကြေးဖြတ်တောက်ခံရပြီး ဆေးခွင့်တို့ဘာတို့ ခံစားခွင့်မရဘူး ခွင့်ယူလို့ လည်း မရပါဘူး ၂  ရက်ပျက်တာနဲ့ ဥပဒေမဲ့ အလုပ်ထုတ်ခံရပါတယ်။"လို့ အဆိုပါ စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတွင်း အလုပ်သမားတွေအပေါ် အုပ်ချုပ်ပုံနဲ့ဆက်ဆံရေးတွေက ပိုမိုဆိုးရွားလာတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်ခိုင်းစေခံရခြင်း ဥပဒေမဲ့ အလုပ်ထုတ်ခြင်း လုပ်သားတွေရဲ့ ဖုန်းကို ကွန်ပျူတာဖြင့်စစ်ဆေးခြင်း ပျောက်ဆုံးပျက်စီးပါက တာဝန်မယူခြင်းစတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် စက်ရုံလုပ်သားတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန် (၄ )မှာ လုပ်သား အင်အား ၁၀၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ Lucky Fortune Garment  မှာ  အလုပ်သမားတွေကို တစ်ကတ်ကြေး ( ticket -အထည်အရေအတွက် များများချုပ်ပါက အပိုဆုကြေးရရှိနိုင်) ဟုအသိပေးထားပြီး အလုပ်သမားတွေမချုပ်နိုင်သည့်စံချိန်သတ်မှတ်ထားခြင်း မိနစ် ၄၀ လျှင် အထည်အရေအတွက် ၇၀ တောင်းခံပြီး ယင်းပမာဏသည် အလုပ်ချိန် အတွင်း မည်သို့မျှမရနိုင်သည့် ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။

တောင်းခံသည့်စံချိန်မရလျှင်လည်း‌အောစူပါ၊ စူပါများမှာမိုက်ဖြင့်အော်၍ကြမ်းတမ်းစွာအော်ဟစ်ခြင်း၊ ဆဲဆိုခြင်း၊ နောက်နေ့အလုပ်မလာနဲ့ဟုပြောဆိုခြိမ်းခြောက်ခြင်း၊ စက်ခုံမှထိုင်ရာမထချုပ်ခိုင်းခြင်း၊ အ‌ပေါ့ပါးသွားလျှင်လည်းတစ်နေ့တစ်ခါထဲသွားရမည်ဟု‌ဖိအားပေးစေခိုင်းပြီး၊ လိုင်း ၄မှ စူပါ ဆိုသူမှာ မိုက်အရိုင်းဆုံး၊ ဆဲဆိုကြမ်းတမ်ဆုံးအလုပ်သမားများဖိနှိပ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ အတင်းအကျပ် ဖိအားပေးစေခိုင်းနေသော်လည်း လစာများ  မတရားဖြတ်တောက်ထားပြီး တစ်ကဒ်ကြေးမပါသလို အလုပ်သမားအချို့မှာသွားရောက်မေးမြန်းသော်လည်းဖြေရှင်းချက်မရဘဲ အငြိုးတေးထားခံရခြင်း၊ အလုပ်ထုတ်ခံရမည်ဟုခြိမ်းခြောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"စက်ရုံမှာ မနက် ၈ နာရီကနေ ညနေ ၆ ခွဲထိ အလုပ်ဆင်းရတယ် အိုတီကို ည ၈ နာရီကနေ ၁၂ နာရီထိထပ်ခေါ်တယ် ပြီးရင် အချိန်ပိုကြေးမရှင်းပေးပါဘူး။ ညအချိန်မတော်ပြန်ရတာကိုလည်း ဖယ်ရီမစီစဉ်ပေးဘဲ ကိုယ့်ဖာသာ ပြန်ရတယ် အရမ်းဝေးတဲ့ လူဆို စက်ရုံမှာ အိပ်ရတာမျိုးတွေရှိတယ်" လို့ အဆိုပါစက်ရုံမှ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင်  တနင်္ဂနွေပိတ်ရက်များကိုအနားမပေးဘဲ အချိန်ပိုအိုတီခေါ်ပြီးလစာထဲတွင်ထည့်ပေးမည်ဟုဆိုကာအချိန်ပိုကြေးကိုလစာထည့်တွင်မထည့်ပေးဘဲ တနင်္ဂနွေအချိန်ပိုအိုတီကိုအလကားဆင်းခိုင်းနေတယ်လို့ သိရပါတယ်။

စက်ရုံတွင်း နေ့စားအလုပ်သမား ၂၀၀ ကျော်ရှိပြီး ၎င်းတို့ကို ၃၆၀၀ ကျပ်ဖြင့်စေခိုင်းပြီး အတည်ပြုဝန်ထမ်းမခန့်အပ်ခြင်း မလိုအပ်ပါက အလုပ်ဖြုတ်ခြင်း ပြန်ခန့်ခြင်း စသသည့် စနစ်ဖြင့် စေခိုင်းနေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများထိခိုက်မှုမျာရှိနေသော်လည်းတာ၀န်ယူမှုမရှိသည့်အပြင်ဆေးခန်မပို့ပေးဘဲ ၊ အနားလဲမပေးဘဲ ထိခိုက်ဒဏ်ရာရသောအလုပ်သမားကိုအလုပ်ဆက်ခိုင်းခြင်း၊ ဂိတ်ပတ်‌ ( ဝင် ၊ ထွက် ခွင့် )တောင်းခံလျှင်လည်းလုံး၀မ‌ပေးဘဲ အခက်ခဲများစွာရှိနေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အသက်မပြည့်သော ကလေးလုပ်သားအများအပြားကိုရှိ‌နေပြီးအသက် (၁၄,၁၅,၁၆)နှစ်များကိုခိုင်းစေပြီး၊ စက်ရုံကိုအော်တစ် ( စစ်ဆေးရေး) လာစစ်လျှင် ခလေးများကိုဂို‌ဒေါင်ထဲ၊‌ ငွေပင်လယ်ဘုရား အနားသွားပုန်းခိုင်းခြင်း၊ အလုပ်မလာခိုင်းခြင်းများရှိ‌‌နေခြင်း၊‌ အော်တစ် လာ၍လုပ်ငန်းခွင်ဆိုင်ရာ လုပ်ကိုင်ရပုံအထည်ချုပ်ပုံများ‌မေးလျှင်‌အောစူပါ၊ စူပါများက‌ဖြေကြားပုံသင်‌ပေးထား‌သော အလုပ်‌သမားများကိုသာ‌ အောတစ်နဲ့ပေး တွေ့ပြီးသင်ကြားထားသည့်အတိုင်း‌ဖြေကြားခိုင်းခြင်း၊ သူတို့မှာတဲ့အတိုင်းမဖြေသူများကိုလည်းအော်တစ်နဲ့ပေးတွေ့ခြင်းလည်းမပြုဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေဆီက နာရေးကြေးအဖြစ် တစ်လလျှင် ၅၀၀ ကျပ်ကောက်ခံနေပြီး နာရေးရှိပါက အများဆုံး ၂ သိန်းကျပ်ထောက်ပံ့ပြီး နှစ်နှင့်ချီကောက်ခံထားတဲ့ငွေကြေးတွေအတွက် စာရင်းရှင်းလင်းတာလည်း မရှိဘူးလို့ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း သမဂ္ဂဖွဲ့ခွင့်မရှိဘဲ ဖွဲ့မည်ဆိုပါက အလုပ်မှ ထုတ်ပယ်ခံရမည်ဟု ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ Lucky Fortune Garment စက်ရုံမှာ Bershka ,ZARA ,ONLY စတဲ့ အထည်အမှတ်တံဆိပ်တွေချုပ်လုပ်တင်ပို့တာ ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026