NEWS

စက်ရုံနှစ်ခုစာအတွက် တစ်လလုံးပိတ်ရက်မပေးဘဲ အချိန်ပိုခိုင်းစေနေ

CoverLogo
1.2K Views

တရုတ်နိုင်ငံသားပိုင် YUAN HONG GARMNENT Co,LTD  မှာ ရန်ကုန်နဲ့ ပုသိမ် စက်ရုံနှစ်ရုံစာအတွက် အလုပ်သမား တွေကို တစ်လလုံး ပိတ်ရက် မပေးဘဲ ခိုင်းစေနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် တွင်းသင်းတိုက်ဝန် ဦးထွန်းညိုမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၁၀၀၀) ခန့်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထား တာမရှိဘဲ ချိုးဖောက်တာတွေ လုပ်ဆောင်နေကာ CLOSSHI၊ JP၊ Lugnoncure၊ BLACK NUMBER စတဲ့ အမှတ်တံ ဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ 

 

“အလုပ်ချိန် မနက် (၇) ခွဲကနေ ညနေ (၇)နာရီအထိပါ။ လစာကတော့ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၈၅၀၀)ကျပ်၊ အချိန်ပိုအိုတီကြေး (၁၇၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ် ပေးထားပါတယ်။ စက်ရုံမှာက တစ် လလုံး ပိတ်ရက်မရှိပါဘူး။ တနင်္ဂနွေ ၄ ပတ်ရှိရင် လေးပတ်လုံး ခိုင်းပါတယ်။ အလုပ်သမားရုံးကိုတိုင်လို့ လာစစ် ရင်လည်း မန်နေဂျာက အလုပ်သားတွေကို ထိုးခိုင်းထားတဲ့ အချိန်ပိုအိုတီလက်မှတ်တွေကိုပြပြီး ဖြေရှင်းပါတယ်။ အမှန်က လက်မှတ်က တစ်ခါလောက် ထိုးခိုင်းတာပါ။ ဒါပေမယ့် အလုပ်သမားတွေ သဘောတူလို့ ခေါ်တာပါဆိုတဲ့ ပုံစံနဲ့ ဖြေရှင်းတာပါ။ အလုပ်သမားတွေကိုလည်း စက်ရုံနှစ်ရုံစာ ခိုင်းပါတယ်။ စက်ရုံခွဲက ပုသိမ်မှာ ရှိတာပါ။ ပုသိမ် စက်ရုံကအထည်တွေကို နေ့တိုင်းကားနဲ့လာပို့ပြီး ချုပ်ခိုင်းပါတယ်။ တနင်္ဂနွေနေ့တိုင်းလည်း အပတ်တိုင်း ဆင်းရ ပါတယ်။ အချိန်ပိုအိုတီမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က ဖိအားပေးတာတို့၊ အငြိုးအတေးထားတာ တို့ လုပ်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တွေကို အလွန်အကျွံ တောင်းခံသလို စက်လိုင်းတစ်လိုင်းကို တစ်နာရီ အထည် (၇၀) အထိပေးရသလို၊ စံချိန်မပြည့်ရင် စူပါ၊အောစူပါတွေက ဆဲဆိုတာတွေ လုပ်ဆောင်နေပါတယ်။ အလုပ်သမားတွေ  အကုန်လုံးကို အလုပ်ချိန်အတူတူ ခိုင်းစေပြီး အထည်စံချိန်တွေလည်း အတူတူတောင်းခံပေမယ့် HR မန်နေဂျာ၊ တရုတ်ဆရာမ စက်ရုံမှူးတွေက ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 

 

စက်လိုင်းသမား တွေကို ကျွမ်းကျင်ကြေးကို အမြင့်ဆုံး (၁၃၀၀၀၀) ကျပ်ပေးထားပေမယ့် မီးပူတိုက်ဌာနကို (၉၀၀၀၀)ကျပ်၊ ပါကင်  ဌာနကို (၇၀၀၀၀) ကျပ်၊ QC ဌာနကို (၆၀၀၀၀) ကျပ်၊ Cutting ဌာနက စက်ထိုးသမားတွေကို အမြင့်ဆုံး (၉၀၀၀၀) ကျပ်နဲ့ အနိမ့်ဆုံး (၅၀၀၀၀) ကျပ်(၂၀၀၀၀) ကျပ်ပေးနေကာ ကျွမ်းကျင်ကြေးတွေကိုလည်း ခွဲခြားထားတာ ဖြစ်ပါတယ်။ 

 

“စက်ရုံHRမန်နေဂျာ၊ HRစာရေးမများမှာ လုပ်ငန်းခွင်ထဲရောက်ရင် တနေကုန်အလုပ်ထဲပတ်ကြည့်ပြီး အလုပ်သမားတွေစကားပြောရင်လည်း အော်ဟစ်ဆဲဆိုကာပြောဆိုပါတယ်။ အလုပ်သမားကပြန်ပြောရင်  "နင်တို့ကHRကို ပြန်ပြောပြန်ဆိုရအောင် ဘာတွေမို့လို့လဲ"အော်ဟစ်ပြောဆိုပြီး ဝမ်တိမ်ထိုးခိုင်းပြီး ပြန်ပြောတဲ့ အလုပ်သမားကို ဥပဒေမဲ့အလုပ်ထုတ်ပါတယ်။ တရုတ်နိုင်ငံသားစက်ရုံမှူး တရုတ်ဆရာတွေကလည်း ဥပဒေမဲ့ အလုပ်လုပ်ကိုင်ခိုင်းစေနေတာမျိုးတွေရှိနေပါတယ်။၊ ပိတ်ရက်တွေဆိုမပိတ်ခိုင်းဘဲ အချိန်ပိုအိုတီ ခေါ်တာ။ မတရားခိုင်းစေတာ၊ မရနိုင်တဲ့အထည်အရေအတွက်တွေ တောင်းတာမျိုးတွေကို ဖိအားပေး ခိုင်းပါတယ်။ စက်ရုံမှူး၊HRမန်နေဂျာ၊ တရုတ်ဆရာ၊ စက်လိုင်းအောစူပါတွေက မျက်လုံးဒေါက်ထောက် ကြည့်ပြီးအကျဥ်သားပုံစံမျိုး ဆက်ဆံတာကို အလုပ်သမား တွေခံစားနေရပါတယ်။ လုပ်ငန်းခွင်ထဲ wccတွေရှိပေမယ့် အလုပ်သမားတွေကို  ဖိနှိပ်နေတာကို ဖြေရှင်းပေးတာမပါပါဘူး။ စက်ရုံမှာအလုပ်သမား wccသုံးဦးရှိရမှာဖြစ်ပေမယ့် တစ်ဦးအလုပ်ထွက်သွားတာကို အသစ် ပြန်ရွေးခွင့်မရှိပါဘူး။ ကျန်နှစ်ဦးကလည်း အလုပ်သမားအကြောင်းရာ အလုပ်သမားဥပဒေဘာမှ နားမလည်တဲ့အတွက်အနားပေးပြီး အသစ်ပြန်ရွေးချယ်စေချင်ပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လုပ်ငန်းခွင်မှာ ဆေးခန်းရှိပေမယ့် ဆေးဝါးတွေ မရှိဘဲ ဆေးသွားတောင်းတဲ့သူတွေကိုလည်း ဆရာမက ခွဲခြား ဆက်ဆံပြီး သူနဲ့အဆင်ပြေတဲ့သူကိုပဲ ဆေးထုတ်ပေးနေတာ လို့ ပြောဆိုမှုရှိနေပါတယ်။ 

 

အလုပ်သမားတွေအတွက် ဖယ်ရီကား မလုံလောက်လို့  အမျိုးသမီး အလုပ်သမားတွေလည်း တွယ်စီးနေရတာေကြာင့် ရုံးပေါ်ကို ပြောဆိုပေမယ့် ဖြေရှင်းပေးမှု မရှိဘူးလို့ ဆိုထားပါတယ်။ 

 

အလုပ်သမားတွေအတွက် ထွက်ပေါက်ကလည်း ကျဉ်းမြောင်းနေပြီး အရေးပေါ်အခြေအနေမှာ အလုပ်သမား ထောင်ဂဏန်းအတွက် စုထွက်လို့ အဆင်မပြေသလို ကိုယ်ဝန်ဆောင်မိခင်တွေ အဝင်အထွက်အတွက် ဆယ်မိနစ်လောက် စောဆင်းပေးဖို့ ပြောဆိုပေမယ့် ခွင့်ပြုပေးတာ မရှိပါဘူး။ 

 

“လုပ်ငန်းခွင်ထဲမှာ နေ့စားတွေအများကြီး ရှိပါတယ်။ အလုပ်များတဲ့ အချိန်တွေကို နေ့စားတွေအများကြီးခေါ်ပြီး ပုသိမ်စက်ရုံအတွက် ချုပ်ခိုင်းပါတယ်။ အလုပ်ပါးသွားရင် အလုပ်ထုတ်လိုက်ပါတယ်။ အစမ်းခန့်ကာလပြည့်ပေမယ့် နေ့စားတွေကို လခစားမခန့်ပါဘူး။ ဥပဒေမဲ့ အလုပ်ထုတ်ပါတယ်။ အလေးအပေါ့သွားရင်လည်း အကျဉ်းသားတွေလို မိနစ်နဲ့ သွားခိုင်းပါတယ်။ အိမ်သာမှာ မိနစ်မှတ်တဲ့သူ ရှိပါတယ်။ အလုပ်သမားတွေရဲ့ ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ အကုန်သိမ်းထား

အရေးအကြောင်းဆို မိသားစုက ဆက်သွယ်လို့မရပါဘူး။ အလုပ်သမားတွေကအရေးကြီး ဂိတ်ပတ်ယူရင်လည်းမပေးပါဘူး။ ဂိတ်ပတ်တစ်ခါယူရင် တစ်နာရီကို၂၅၀၀နဲ့ ရက်မှန်ကြေးလည်းဖြတ်ပါတယ်။  လုပ်သက်နှစ်ပြည့်ရင် နှစ်ကြေး၊ ကျွမ်းကျင်ကြေးပါဖြတ်တောက်ပြီး ဂိတ်ပတ်ယူတဲ့အလုပ်သမားကို အောစူပါတွေက အငြိုးအတေးထားပြီး ခွဲခြားဆက်ဆံပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်း ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

 

အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ စူပါ၊အောစူပါတွေက ဆဲဆိုအော်ဟစ်နေပြီး အထည်မတောင်းဖို့၊ နေ့စားအလုပ်သမားတွေကို အလုပ်ရှိရင်ခေါ်လိုက် အလုပ်မရှိရင်အလုပ်ထုတ်လိုက် မလုပ်ဖို့၊ တနင်္ဂနွေအပတ်တိုင်း နားရက်မရှိ အချိန်ပိုအိုတီအမြဲမဆင်းခိုင်းဖို့၊ အကြောင်းပြချက်မရှိဘဲ အလုပထုတ်ပယ်တာ၊ ဝမ်တိမ်းထိုးတာ မလုပ်ဖို့၊ ဖယ်ရီအခက်အခဲကို ဖြေရှင်းပေးဖို့၊ ဆေးဝါးတွေ ပြည့်စုံအောင် ထားရှိပေးဖို့၊ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ မသိမ်းဖို့ ပျောက်ရင်တာဝန်ယူပေးဖို့ စတာတွေကို လိုလားနေတာပဲ ဖြစ်ပါတယ်။ 


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026