NEWS

ကလေးလုပ်သားများကို အချိန်ပိုကြေးမပေးဘဲ  အဓမ္မအလုပ်ခိုင်းစေ

CoverLogo
487 Views

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဗန်းမော်အတွင်းဝန်လမ်း အဝိုင်းမှတ်တိုင် အနီးက တရုတ်နိုင်ငံသားပိုင် San Yu အထည်ချုပ်စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေကို အချိန်ပိုကြေးမပေးဘဲ အချိန်ပိုတွေအတင်းအကျပ် အလုပ်ခိုင်းစေနေတယ်လို့ FGWM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အချိန်ပို ခေါ်ယူရာမှာလည်း အတင်းအကျပ် ဖိအားပေးတာတွေရှိပြီး အိုတီမဆင်းပါက အလုပ်ကနေထုတ်ပယ်မယ်လို့ ခြိမ်းခြောက်ခေါ်ယူတာတွေ လုပ်ဆောင်နေလို့ အခက်အခဲတွေဖြစ်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"စက်ရုံမန်နေဂျာက အော်ဒါတွေအရေးကြီးပြီဆိုရင် အသက်မပြည့်သေးတဲ့ ခလေးလုပ်သားတွေကိုဈေးပေါပေါ နဲ့အခြားဘာခံစားခွင့်မှရပဲ အလုပ်ခေါ်ခိုင်းတယ် အော်ဒါပြတ်တာနဲ့ အဲဒီကလေးလုပ်သားတွေကို (နိုးတစ်)စာကပ် ပြီးဘာခံစားခွင့်မှမပေးဘဲ အသက်မပြည့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ပြစ်တယ် အဲဒါ တခါလဲမကဘူး အမြဲတမ်းပဲ အော်ဒါ အရေးကြီးပြီဆိုအဲလိုပုံစံမျိုးအမြဲလုပ်တယ်" လို့ အလုပ်သမားများမှ ပြောပါတယ်။ 

အဆိုပါစက်ရုံက အသက်မပြည့်သေးတဲ့ အလုပ်သမားတွေကိုခေါ်ယူခိုင်းစေပြီး အိုတီကြေးမပေးဘဲ ခိုင်းစေသလို အချိန်ပိုလုပ်အားပိုအလွန်အကျွံခေါ်ယူကာ  အဓမ္မအလုပ်ခိုင်း စေခြင်းများ ပြုလုပ်ကာ ယခုနှစ် ၁၀ လပိုင်းကစပြီး အလုပ်သမားတွေကို ဘာအကြောင်းပြချက်မှမရှိဘဲ အလုပ်ကထုတ်ပစ်တယ်"လို့ အလုပ်သမားရဲ့ ပြောဆိုချက်အရ သိရပါတယ်။  

"အမျိုးသားဝန်ထမ်းတွေက နေ့ခင်းထမင်း စားနားချိန် သူတို့ကိုယ်ပိုင်အချိန်မှာ အမျိုးသားအိမ်သာရှေ့မှာဆေးလိပ်သောက်တာ ကိုလုပ်ငန်းခွင်ထဲမှာ ဆေးလိပ်သောက်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ဘာခံစားခွင့်မှမရဘဲ အလုပ်ကထုတ်ပစ်တယ် စနေနေ့အိုတီကိုပုံမှန်ညနေ (၄း၃၀)ထိဆင်းပေးနေရတာကိုအခု (၅း၃၀)ထိဆင်းပေးရမယ် ဒါကတရားဝင်ပဲ မဆင်းလို့မရဘူး ဆိုပြီး အောစူပါတွေ စူပါတွေနဲ့ ရုံးပေါ်ကလူတွေကအတင်း အတင်းအကြပ်ဖိအားပေးဆင်း ခိုင်းနေတယ် " လို့ ဆိုပါတယ်။ 

အလုပ်သမားတွေရဲ့ ထမင်းစားဆောင်ဟာ ကျဉ်းလွန်းတာကြောင့် တစ်ချို့၀န်ထမ်းတွေဆိုလူသွားလမ်းကြမ်းပြင်မှာပင်ထမင်းစားရတဲ့အထိ ဖြစ်ပေါ်နေတယ်လို့လည်းပြောပါတယ်။

အလုပ်သမားတွေကို ဒေးကြေး (၇၈၀၀) ကျပ်ပြောထားပေမယ့် နေ့စားအလုပ်သမားတွေကိုတော့  (၆၈၀၀) ကျပ်သာ ရှင်းပေးပြီး နေ့စားအလုပ်သမားတွေရဲ့ စနေနေ့အလုပ်ဆင်းရချိန်မှာ အိုတီကြေးမပေးဘူးလို့ လည်း  သိရပါတယ်။ 

အဆိုပါစက်ရုံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ အခြေအနေများကိုသက်ဆိုင်ရာကုန်အမှတ်တံဆိပ်များက သိရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်အမြန်ဆုံးဖြေရှင်းပေးစေရေး အတွက် အဆိုပါ စက်ရုံလုပ်သားတွေက   မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမားသမဂ္ဂများအဖွဲ့ချုပ် FGWM သို့ဆက်သွယ်အကူအညီတောင်းခံထားတာဖြစ်ပါတယ်။

စက်ရုံမှာ Sinsay, ENCUENTRO တံဆိပ်အမည်ရှိ ကုန်အမှတ်တံဆိပ်များ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026