NEWS

ZARA, CRIVIT စတဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြုံတွေ့နေရ

CoverLogo
2.9K Views

ZARA, CRIVIT, FIBLUE, ESMARA စတဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြုံတွေ့နေရတယ်လို့   Jiashihao (Myanmar) Garment Factory စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ ခရေလမ်းမှာ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တဲ့ အဆိုပါ လုပ်ငန်းခွင်မှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲ့ဒီစက်ရုံးမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်မရရှိဘူးလို့ သိရပါတယ်။ ရုံးပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေနေ့တွေမှာလည်း အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပို (အိုတီ) အတင်းအဓမ္မဆင်းခိုင်းကာ လုပ်ငန်းခွင်အတွင်း ညစ်ညမ်းစွာ ဆဲဆိုခိုင်းစေတာတွေ ကြုံတွေ့နေရတယ်လို့ အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားက ပြောပါတယ်။

ဆက်လက်ပြီး အထည်စံချိန်တွေ ချုပ်လုပ်နိုင်တာထက် တိုးတောင်းပြီး စံချိန်မပြည့်ပါက ကျွမ်းကျင်မှုအဆင့်လျှော့ချတာနဲ့ ရာထူးချခံရတာ လစာငွေ ၁၀၀၀၀ ကျပ် ဖြတ်တောက်တာတွေ ပြုလုပ်ခံနေရတယ် လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေက ပြောပါတယ်။

"ထမင်းစားနားချိန်တောင် အပြည့်မရဘူး အလုပ်လုပ်ပေးနေရတာ ထမင်းစားချိန်ထဲကကို ဖဲ့ပြီး အလုပ်ဆင်းပေးနေရပေမယ့် ရလာတဲ့ လစာနဲ့က မသေရုံတမယ်စားသောက်ဖို့ပဲ" လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းသဘောသဘာဝအရ လုပ်ငန်းခွင်အတွင်း အထည်စစ်ဆေးရာမှာ အမှားအယွင်းဖြစ်ပါက တနင်္ဂနွေနေ့ကိုပါ အစားထိုးဆင်းပေးရကာ အခကြေးငွေလည်းမရရှိဘူးလို့ ဆိုပါတယ်။

အဲ့ဒီလိုလုပ်ကိုင်နေရတဲ့ လုပ်ငန်းခွင်ထဲမှာ အခန့်အသင့်ရင် အလုပ်သမားကို အထည်နဲ့ပစ်ပေါက်တာနဲ့ မသက်ဆိုင်တဲ့ အလုပ်တွေပါ ပြောင်းလဲလုပ်ကိုင်စေတာတွေ လည်းပြုလုပ်တယ်လို့ သိရပါတယ်။

"နေထိုင်မကောင်းလို့များ အိမ်ပြန်မယ်ဆို ဂိတ်ပတ် (ထွက်ခွာခွင့်) မပေးဘူး ရှိသေးတယ် ကိုယ်ဝန် ၆ လရှိတဲ့ အမျိုးသမီးအလုပ်သမားကိုတောင် စံချိန်တိုးတောင်းတာတွေလုပ်တယ် အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူးလေ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲထိကို အချိန်ပို ၂ နာရီပါတယ်ပေါ့နော် ပြီးရင် နောက်ထပ် အချိန်ပိုကို ၁၂ နာရီထိဆင်းရတယ် အဲ့လိုမဆင်းဘူးဆိုရင် ဆဲဆိုအော်ဟစ်နေလို့ အဆင်ပြေမနေဘူးလုပ်ရကိုင်ရတာ တကယ့်ကို ငရဲခန်းရောက်နေသလိုပဲ" လို့ အချိန်ပို အဆမတန်ခေါ်ယူတာကို ကျေနပ်မှုမရှိတဲ့ အလုပ်သမားက ပြောဆိုပါတယ်။

ယင်းကဲ့သို့ အချိန်ပိုဆင်းရတဲ့ အလုပ်သမားတွေအနေနဲ့ စက်ရုံမှာ ညအိပ်လုပ်ကိုင်ရပြီး  ကြုံသလို အိပ်ရတာကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်ပေးမှုတွေပါ ပေါ့လျော့နေလို့ အလုပ်သမားတွေအနေနဲ့ အခက်အခဲအမျိုးအမျိုးနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အဲ့ဒီစက်ရုံမှာအလုပ်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ဥပဒေပါ အခွင့်အရေးတွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေပေးဖို့ အလုပ်သမားတယောက်ရသင့်တဲ့ ခံစားခွင့်တွေရရှိဖို့နဲ့ လုပ်ငန်းခွင်ထဲမှာ ညစ်ညမ်းစွာ ပြောဆို မှုတွေကိုလည်း ဖြေရှင်းပေးစေချင်တယ်လို့ ဆိုပါတယ်။

#MyanmarLabourNews
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026