NEWS

လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာပြောဆိုပြီး အခြေခံရပိုင်ခွင့်တွေမရရှိဘူးလို့ အထည်ချုပ်အလုပ်သမားတွေပြော

CoverLogo
1.8K Views

လုပ်ငန်းခွင်အတွင်းမှာ ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ အောစူပါ နဲ့ စကားပြန်များက ရိုင်းစိုင်းစွာဆဲဆိုတာတွေပြုလုပ်နေပြီး အလုပ်သမားများရဲ့ အခြေခံအခွင့်အရေးတွေလည်း ဆုံးရှုံးနေတယ်လို့ KAIXI Myanmar စက်ရုံအလုပ်သမားတွေကပြောပါတယ်။

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား (၅၀၀၀) ကျော်ဖြင့် Multiway/Plus/Zara စတဲ့ အမှတ်တံဆိပ်ပါ ဘော်လီနှင့် အတွင်းခံများ ချုပ်လုပ်နေတာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံမှာ တနင်္ဂနွေနေ့တိုင်း အိုတီဆင်းနေရတာကြောင့် နားရက်မရှိဘဲ လုပ်ကိုင်နေရတာကြောင့်  အိုတီခေါ်ခြင်းကို နှစ်ပတ်တစ်ကြိမ်ခေါ်ရန်။  လုပ်ငန်းခွင်ထဲမှာ စူပါ၊ အောစူပါနှင့် စကားပြန်များက ရိုင်းစိုင်းစွာဆဲဆိုခြင်းများမပြုလုပ်ရန် နဲ့ ဥပဒေပါခွင့်များ ခံစားခွင့်ပြုရန်၊  အထည်စံချိန်ကို အလုပ်သမားများ ချုပ်လုပ်နိုင်သော စံချိန်ကိုသာ တောင်းရန်နှင့်  သောက်ရေ သုံးရေများကို လောက်ငှအောင်စီစဉ်ပေးရန်တို့ကို  Kaixi စက်ရုံမှ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

ရွှေပြည်သာမြို့နယ် ၊ ရွှေပြည်သာ စက်မှုဇုန်၊ ပန်းပဲခေါင်မောင်ခက်လမ်း  ရှိ အဆိုပါ KAIXI Myanmar Fashion စက်ရုံမှာအလုပ်သမား၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ လက်မှတ်များထိုးခိုင်ကာ အချိန်ပိုအတင်းအကြပ်ခေါ်နေတာတွေပြုလုပ်နေပြီး ဥပဒေပါခွင့်နှင့် ပတ်သက်၍ မည်သည့် ခွင့်မှ ခံစားခွင့်မရရှိဘူးလို့ ဆိုပါတယ်။

"တနင်္ဂနွေနေ့တွေ အပတ်တိုင်းနီးပါး အိုတီဆင်းရပါတယ်။ တနင်္ဂနွေနေ့ အိုတီဆင်းဖို့ ကြိုတင်လက်မှတ်ထိုးခိုင်းတယ် လက်မှတ်မထိုးပေးတဲ့ သူတွေကို  စူပါတွေက  အလုပ်စားပွဲသို့ခေါ်ပြီး အိုတီမဆင်းလျှင် ဂရိတ်ကြေးလျော့ပြီး အလုပ်ပါထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ် လက်မှတ်ထိုးထားတဲ့ စာရွက်တွေကို HR ဌာနမှာ ပြပြီး  အလုပ်သမားများက အိုတီ ဆင်းချင်တယ်လို့ ပြောတာပါ" လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။

စံချိန်တောင်းရာတွင်လည်း စူပါ၊အောစူပါများက ဆဲဆိုကြိမ်မောင်းပြီး စံချိန်တောင်းသောကြောင့် အချို့အလုပ်သမားများမှာ ထမင်းစားနားချိန်ကိုပင် မနားဘဲ စံချိန်ရအောင်လုပ်ပေးနေရပြီး   စံချိန်မပြည့်သော အလုပ်သမားများကို ညနေ(၆) နာရီတွင်ပြန်မလွတ်ဘဲ  ည (၈) နာရီအထိ အိုတီကြေးမပေးဘဲ ဆင်းခိုင်းခြင်းများရှိနေပါတယ်လို့ စက်ရုံတွင်း အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ သောက်သုံးရေနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ အများအားဖြင့် ရေ မရတာကြောင့်  ကျန်းမာရေးကိစ္စများအခက်တွေ့နေရပြီး ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘူးလို့ ဆိုပါတယ်။

စက်ရုံတွင် WCC  ဖွဲ့စည်းထားခြင်းရှိသော်လည်း အလုပ်သမားအများစု၏ အခက်အခဲများကို ၎င်း WCC သို့ ပြောကြားပါက ညှိနှိုင်းပေးခြင်းမရှိသည့်အပြင် အညိုးအတေးထားက အလုပ်ထွက်သွားအောင် ဖိအားပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းများပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

"ငတ်သေမှာစိုးလို့သာ အလုပ်လုပ်နေရတာ တကယ့်ကို လူ့အခွင့်အရေးရော အလုပ်သမားအခွင့်အရေးပါ ချိုးဖောက်ခံနေရတာပါ"လို့ အလုပ်သမားတစ်ဦးက ရင်ဖွင့်ပြောဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026