NEWS

အနည်းဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်မယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ သဘောထားကိုမေးမြန်းထားပါတယ်။

CoverLogo
722 Views

အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခဖြစ်တဲ့  အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့  စကစရဲ့ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်ကထုတ်ပြန်ပါတယ်။ 

အနည်းဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်မယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ သဘောထားကိုမေးမြန်းထားပါတယ်။ 

ဒေါ်ဖြိုစန္ဒာစိုး- လက်ထောက်အထွေထွေအတွင်းရေးမှူး CTUM 

"အကြမ်းဖက်စစ်တပ်ကဘာတွေပြောပြောလေနော်  ကျွန်မတို့လိုချင်တာက ကျွန်မတို့ဘာကြောင့်တော်လှန်ရေးဆင်နွှဲနေကြတာလဲဆိုရင် အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းလို့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတာဖြစ်တယ်။ 

အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို ပြည်သူ့ထံပြန်ပေးဖို့လိုတယ်။ အဲ့တာကရည်ရွယ်ချက်ဖြစ်တယ်။ ပြီးရင် အကြမ်းဖက်စစ်တပ်ကို မြန်မာ့တော်လှန် ရေးပြီးရင် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍကနေ လုံး၀ကိုအပြီးတိုင်ဖယ်ရှားပစ်ဖို့ရှိတယ်။ ဒါကကျွန်မတို့တော်လှန်ရေးအင်အားစုတွေရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။  ဘာလို့လဲဆိုရင် အကြမ်းဖက်စစ်တပ်အောက်မှာ ဒီမိုကရေစီ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးရှိမယ်လို့လည်း ယုံကြည်မှုမရှိပါဘူး။ ဒီမိုကရေစီကို တစ်ကယ်လေးစားလိုက်နာတယ်ဆိုရင် အာဏာသိမ်းစရာလည်းမလိုဘူး။ အာဏာသိမ်းတဲ့သူကို ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခဲ့တဲ့ပြည်သူလူထုတွေကိုလည်း သတ်ဖြတ်စရာအကြောင်းမရှိဘူး။  ဒီမိုကရေစီကိုအမှန်လိုလားတယ် အလုပ်သမားအခွင့်အရေးကို အမှန်လိုလားတယ်။ လူ့အခွင့်အရေးကိုအမှန်လိုလားတဲ့သူဆိုရင် အဲဒီလိုမျိုးလုပ်ရပ်တွေ လုပ်ခဲ့မှာမဟုတ်ဘူး။ ဆိုတော့ ဒီလိုမျိုးအနည်းဆုံးအခကြေးငွေတိုးတာတို့ အလုပ်သမားအခွင့်အရေးဘာဖြစ်တာတို့ဆိုတာတွေ ဒါက အပြည်ပြည်ဆိုင်ရာမျက်နှာပြင်မှာ လူမြင်ကောင်းအောင်လုပ်တဲ့လုပ်ရပ်သာဖြစ်တယ်။ 

တစ်ကယ့်နောက်ကွယ် မှာက ဒီမိုကရေစီ အလုပ်သမားအခွင့်အရေး လူ့အခွင့်အရေးကို တစ်ကယ်လိုလားတဲ့သူမဟုတ်ဘူးဆိုတာကို လည်း ကျွန်မတို့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေကို ကြည့်ရင်သိရှိနိုင်တယ်။ 

လက်ရှိ မှာလည်း ပြည်သူတွေကိုသတ်နေတာပဲ ဒီလိုလုပ်ရပ်တွေကို သက်သေတွေကပြထားပြီးလည်းဖြစ်တယ်။ ဆိုတော့ ကျွန်မတို့ကရှင်းတယ်။ သူတို့ဘာသာသူတို့ ဘာလုပ်လုပ် အကြမ်းဖက်စစ်တပ်ကို  မြန်မာ့နိုင်ငံရေးက နေဖယ်ရှားပြီးတော့ ဖက်ထရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကိုသွားချင်ပါတယ်။  ဒါကိုပဲပြောချင်ပါတယ်။ နောက်ပြီးတော့တစ်ခုထပ်ဖြည့်ပြောချင်တာက အကြမ်းဖက်စစ်တပ်က သူတို့ကတစ်ကယ်ဆိုရင် သူတို့ကိုဘယ်သူကမှဘယ်ပြည်သူကမှ ရွေးကောက်ပွဲကို ကျင်းပပိုင်ခွင့် အခွင့်အရေး ပေးထားတာလည်းမဟုတ်ဘူး။ သူတို့ကပြည်သူကအပ်နှင်းထားတဲ့ တရား၀င်မှုရှိတဲ့သူတွေလည်းမဟုတ်ဘူး။ သူတို့ကတရားမ၀င်တဲ့ရွေးကောက်ပွဲကိုကျင်းပတဲ့ကြိုးစားတယ်။  အနည်းဆုံးအခကြေးငွေဆိုတာကိုနိုင်ငံရေး လက်နက်တစ်ခုအဖြစ် အသုံးပြုကြခြင်းသာဖြစ်တယ်။ အဲ့လိုနိုင်ငံတွေလည်းရှိကြတယ်။ အနည်းဆုံးအခကြေးငွေကိစ္စကို နိုင်ငံရေးသမားတွေကကစားကြတာဖြစ်တယ်။ ဒီတရားမ၀င်ရွေးကောက်ပွဲကို ကျင်းပဖို့ကိစ္စကို ဒါကိုလက်နက်သဖွယ် အသုံးပြုတဲ့ကိစ္စရပ်ဖြစ်တယ်။  တိုင်းပြည်အတွက်တကယ်စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုမဟုတ်ဘူးဆိုတာ ကိုတော့ ပြောချင်တယ်။
#MyanmarLabourNews


Related posts

Cover
အချိန်ပို အတင်းအကျပ် ဖိအားပေးဆင်းခိုင်းတာနဲ့ ခွဲခြားဆက်ဆံမှုတွေဖြေရှင်းပေးစေလို
Oct 19, 2025
Cover
Xing Yuan (မြန်မာ) အထည်ချုပ်စက်ရုံတွင် အထည်စံချိန်မပြည့်လို့ဆိုပြီး ဖယ်ရီစီစဉ်မပေးဘဲ ပြန်လွှတ်
Oct 19, 2025
Cover
တောက်ပံကြေး တိုးပေးလည်း Skytex (မြန်မာ) အထည်ချုပ်စက်ရုံ လုပ်သားများ နစ်နာရ
Oct 19, 2025
Cover
Myanto စက်ရုံမှာ သိန်း ၂ ထောင် ပျောက်ဆုံးတယ်ဟုဆိုကာ စစ်တပ်ခေါ် စစ်ဆေးပြီး အလုပ်သမားအချို့ကို တရားစွဲဆို
Oct 17, 2025
Cover
စက်ရုံဖယ်ရီ အရှိန်လွန်ဝင်တိုက်ပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သား ၁ ဦးနှင့်ဒဏ်ရာရ ၃ ဦးအတွက်နစ်နာကြေးရရှိရေးဆောင်ရွက်နေ
Oct 17, 2025
Cover
LC Waikiki ချုပ် Sheng Jie စက်ရုံ အလုပ်သမားများ ဖိနှိပ်ခံရ
Oct 17, 2025
Cover
ဒီပါဝလီပွဲတော်နေ့ ကို တရားဝင်အလုပ်ပိတ်ရက် ဖြစ်ကြောင်း အသိပေးကြေညာထား
Oct 16, 2025
Cover
GTIG HUBO စက်ရုံတွင် အထည်စံချိန်မပြည့်ပါက ညလုံးပေါက် အချိန်ပို ဆင်းခိုင်း
Oct 16, 2025