မြန်မာနိုင်ငံမှာ ချုပ်လုပ်ပြီး ဥရောပနိုင်ငံတွေကိုတင်ပို့နေတဲ့ အတွင်းခံချုပ်စက်ရုံမှာ အလုပ်သမား အများစု နေ့စားသမားများအဖြစ်သာလုပ်ကိုင်နေရပြီး အချို့မှာ တစ်နှစ်ကြာသည်အထိ နေ့စားအဖြစ်ရှိနေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားဥပဒေပါ အခွင့်အရေးများမရရှိဘူးလို့ Top Line အထည်ချုပ်စက်ရုံက အလုပ်သမားတွေကပြောပါတယ်။
လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မှာရှိတဲ့ အဆိုပါ စက်ရုံမှာ အမျိုးသား အမျိုးသမီးဝတ် အတွင်းခံအထည်တွေချုပ်လုပ်တာဖြစ်ပြီး လူဦးရေ ၆၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး တစ်ဝက်လောက်က နေ့စား အပတ်ရှင်းအလုပ်သမားတွေဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး Selene, SMOG စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
စက်ရုံထဲမှာ ဆေးပေးခန်းရှိပေမယ့် ဆေးဝါးနှင့် နာစ့်မရှိခြင်း၊ သောက်ရေ သုံးရေမှာ မီးလာသည့်အချိန်တွင်သာ ပြည့်ပြည့်ဝဝ သောက်သုံးရပြီး မီးပျက်ပြီး မီးစက်မောင်းသည့်အခါ သောက်သုံးရေမရှိတော့သည်မှာ ကာလအချိန်တစ်ခုထိ ကြာမြင့်လာပြီဖြစ်တယ်လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေကပြောဆိုပါတယ်။
ဖယ်ရီတစ်စီးလျှင် လူအင်အားနှင့်မမျှတသည်မှာလည်း ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်ထိပင် အန္တရာယ်ရှိစွာ စီးနင်းလိုက်ပါကြရပါတယ်လို့ ဆိုပါတယ်။
"အမြဲတမ်းဝန်ထမ်းက တစ်လိုင်းကို ၂၀ လောက်ပဲရှိတယ် စက်လိုင်းက ၁၆ လိုင်းဆိုတော့ ကျန်တာအကုန် နေ့စားအပတ်ရှင်းတွေချည်းပဲ နေ့စားသမားတွေကျတော့ အရင်က တရက် ၅၀၀၀ နှုန်း အိုတီ တစ်နာရီ ၁၀၀၀ နှုန်းနဲ့ပေးတယ် အခုနောက်ပိုင်း နေ့စားတွေ တပတ်ပြည့်အောင်မဆင်းရင် လုပ်အားခမပေးတော့ဘူးလို့ နိုဝင်ဘာ ၁၆ ရက်က စက်ရုံဘက်ကပြောတယ်"လို့ စက်ရုံတွင်း အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
"၁၁ လပိုင်း ၁၃ ရက်နေ့က ဆို နေ့စားဝန်ထမ်း မိန်းကလေး တစ်ယောက် နေ့စားခလာထုတ်တာကို မနက်ရမယ် ညနေ ရမယ်ဆိုပြီး လှည့်ပတ်ပြောဆိုပြီး လုပ်အားခမပေးခဲ့ဘူး" လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
လုပ်ငန်းခွင်ထဲမှာ နေ့စားသမားတွေကို စံချိန်တစ်လ ၂ သောင်း တောင်းထားပြီး စံချိန်ပြည့်မီပါက လစားအဖြစ်ခန့်အပ်မည်ဖြစ်ကြောင်း ပြောဆိုပြီး စံချိန်ပြည့်မီကာ လစားအဖြစ်ခန့်အပ်သော်လည်း စံချိန်််မပြည့်ပါက နေ့စားပြန်လည် လုပ်ကိုင်နေရပြီး တစ်နှစ်ကျော်ကြာသည်အထိ နေ့စားအဖြစ်သာ လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
"အလုပ်သမားတွေကို တားဂတ် target မမှီရင် ဝမ်တိမ်ထိုးခိုင်းတယ် တားဂတ်မမှီမှာကြောက်ပြီး အလုပ်သမားတွေ အပေါ့အပါးတောင်မသွားရဲဘူး ထမင်းစားချိန်တောင် ဝဝလင်လင်မစားရဘူး"လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။
လုပ်ငန်းခွင်ထဲမှာ ကြီးကြပ်သူတွေဖြစ်တဲ့ စူပါဗိုက်စာ နဲ့ လီဒါတွေက ဆဲဆိုကြိမ်းမောင်းခိုင်းစေနေလို့ အခက်အခဲတွေနဲ့ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင်ထဲမှာ ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေ လည်း ရရှိတာအားနည်းနေပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့် သည်းခံပြီးလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 
"ခွင့်တွေက ယူလို့မရတာမဟုတ်ဘူး အရေးကြီးရင် ကြီးသလိုမရဘူး ရှောင်တခင်ဆိုရင် တပတ်ကြိုပြီးတိုင်ခိုင်းတယ် အဲ့ဒါကျအဆင်မပြေဘူးလေ ဥပဒေထဲပါတာအဲ့လိုမှမဟုတ်တာ ရှောင်တခင် ခွင့်ပါဆိုမှ အရေးပေါ် ကိစ္စတွေရှိမှ ယူကြတာလေ လူမှုဖူလုံရေးခွင့်တွေလည်း အလွယ်တကူမရဘူး ဘယ်သူ့ကိုတိုင်လို့တိုင်ရမှန်းလဲမသိဘူး"လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
MyanmarLabourNews
NEWS
ဥရောပနိုင်ငံတွေကိုတင်ပို့နေတဲ့ အတွင်းခံချုပ်စက်ရုံမှာ အလုပ်သမား အများစု နေ့စားသမားများအဖြစ်သာလုပ်ကိုင်နေရ၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများမရရှိဟုဆို

1.7K Views
Related posts

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026

Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026

SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026

Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026

Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026

Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026

Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
