NEWS

Lucky Fortune စက်ရုံလုပ်သား ၃၀၀ ခန့် အပြစ်မရှိဘဲအလုပ်ထုတ်ခံရဟုဆို

CoverLogo
939 Views

ရွှေပြည်သာမြို့နယ် ၁၄ လမ်းဆုံအနီး ခြံအမှတ် (၉၀) Lucky Fortune စက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများအနက်  ၃၀၀ ခန့်ဟာ အပြစ်မရှိဘဲအလုပ်ထုတ်ခံခဲ့ရတယ်လို့ ယင်းအလုပ်သမား တွေထံကသိရပါတယ်။ 

အဆိုပါစက်ရုံဟာ အလုပ်သမားအင်အား ၁၅၀၀ ကျော်ခန့်အပ်ကာ  Find-out, STRADIVARIUS, ZARA အမှတ်တံဆိပ်တို့ချုပ်လုပ်နေတာဖြစ်ပြီး 
လုပ်ငန်းခွင်မှာ  အလုပ်သမားများကို ဥပဒေမဲ့ ပြုလုပ်နေခြင်း၊ အပြစ်မရှိပဲ အလုပ်ထုတ်ခြင်း၊ နစ်နာကြေးမပေးခြင်း၊ စာရွက်၊ စာတမ်းမပါဘဲ မလုပ်ထုတ်ခြင်း၊ နေ့စားဝန်ထမ်းများ ခန့်အပ်ပြီးလျှင် မကြိုက်လျှင် တစ်လ၊ နှစ်လခန့်လုပ်ကိုင်ပြီး  အကြောင်းမဲ့အလုပ်ထုတ်ခြင်းများပြုလုပ်လာရာ  လက်ရှိ အလုပ်ထုတ်ခံရသည့် လူဦးရေ (၃၀၀) အထိ ရှိနေပြီလို့ သိရပါတယ်။ 

ဒါ့အပြင် အသက် မပြည့်သေးသော ကလေးလုပ်သား ၂၀၀ ကျော်အထိခိုင်းစေနေပြီး အောတစ်(စစ်ေဆးရေး)လာစစ်ဆေးလျှင်  ကလေးလုပ်သားများကို ပုန်းခိုင်းခြင်းများပြုလုပ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

စက်ရုံတွင် မီးဘေးအန္တရာယ်များ ခဏခဏ ကြုံတွေ့နေရခြင်များရှိနေပြီး စက်ရုံတွင်းဆေးခန်းရှိပေမဲ့ ဆေးမရှိတဲ့အပြင်  အလုပ်သမားများ ထိခိုက်မှုရှိလျှင် တစ်စုံတစ်ရာ တာဝန်ယူမှုမရှိခြင်း၊ လုပ်ငန်ခွင်ထိခိုက်မှုများလည်း မကြာခဏဖြစ်နေပြီး ကိုယ်အင်္ဂါ ချို့ယွင်မှုများ ဖြစ်သည့်အထိ ရှိနေခြင်းတွေ ရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

မကြာသေးခင်က စက်ရုံမှအပြန်လမ်းမှာ  အလုပ်သမား မိန်းခလေး တစ်ဦး အသက်ဆုံးရှုံမှု ဖြစ်ပွားခဲ့ခြင်းကို  စက်ရုံဘက်မှ သူတို့နှင့် မဆိုင်ဘူး ပြောပြီး တာဝန်ယူခြင်း၊ မေးမြန်ခြင်းလည်း မရှိဘဲ အလုပ်သမားများထံမှ တစ်ဦးကို နာရေးကြေး (၅၀၀) ကျပ် ကောက်ခံခဲ့ပေမဲ့  နာရေးသွားရောက်  ကူညီတာမရှိဘူးလို့လည်း အလုပ်သမားတွေကပြောဆိုပါတယ်။ 

အောစူပါ၊ စူပါများမှ အလုပ်သမားများကို ရိုင်းစိုင်းစွာပြောဆိုခြင်း၊ ဆဲဆိုနေခြင်းမျာအပြင် အလုပ်သမားအချင်းချင်း  ခွဲခြား ဆက်ဆံနေခြင်းများ ပြုလုပ်နေခြင်း၊ လိုင်း(၁)စူပါ မချိုမာစန်း လိုင်း(၄)မှ ဖြိုးပပလှိုင် အောစူပါ မမြင့်မြင့်ဆွေတို့ ၃ဦးမှာလည်း  အလုပ်သမားများ အပေါ်အလွန်ဆိုးရွာစွာ ဆက်ဆံခြင်း၊ ရိုင်းစိုင်းပြောဆိုခြင်း၊ အလုပ်သမားများ အလုပ်ထွက်သည်အထိ  စိတ်ဒုက္ခ အမျိုးမျိုးပေးခြင်း အလုပ်သမားများကို CCTV နှင့် စောင့်ကြည့်ခြင်း၊ တစ်နေ့လျှင် အိမ်သာ (၂) ခါပဲ သွားရမည်ဟု ကန့်သတ်ထားခြင်းမျိုး ဆောင်ရွက်တယ်လို့လည်း သိရပါတယ်။ 

လိုင်း(၁)စူပါဟာ မနှစ်သက်တဲ့ အလုပ်သမားများကို  အလုပ်ထုတ်ချင်ပါက  ပိတ်စခိုးလို့ဆိုပြီး စွပ်စွဲပြောဆိုပြီး အလုပ်မှထုတ်ပယ်ခြင်းပြုလုပ်လေ့ရှိပြီး  အောစူပါ၊ စူပါများက အလုပ်သမားများ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်နေခြင်းများ ရှိနေခြင်းကို စက်ရုံမှုမှ ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိတာအပြင်  ပြုလုပ်နေသော စူပါများကိုပါ အောစူပါ ရာထူးပါ တိုးပေးခြင်းသာ  ပြုလုပ်တယ်လို့ဆိုပါတယ်။ 

ကိုယ်ဝန်ဆောင်မိခင်များလည်း အနားမပေးဘဲ ပုံမှန်လုပ်သားများနဲ့တန်းတူချုပ်ခိုင်းခြင်း၊ အချို့ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ကိုယ်ဝန်ပျက်ကျသည့် အထိ ခိုင်းစေခြင်းခံရပြီး စက်ရုံဘက်ကလည်း တာဝန် မယူခြင်း၊ လူမှုဖူလုံရေး ဆေးခွင့်ကိုလည်းမပေးဘဲ  အလုပ်သမားများ ခွင့်မရလို့ အလုပ်တစ်ရက် ပျက်လျှင် (၁၅၂၀၀) အဖြတ်ခံရတယ်လို့ သိရပါတယ်။ 

တစ်နေ့လျှင်  အထည်ချုပ်ရတဲ့အရေအတွက်မှာ (၁၀၀၀)၊ မိနစ် (၄၀) တစ်ချိန်လျှင် အထည်အရေအတွက် (၇၀) နှုန်း တောင်းခံပါသဖြင့် မချုပ်နိုင်သော စံချိန်ကို တောင်းဆိုနေခြင်း၊ အထည်မပြည့်လျှင် ညဘက်အချိန်ပို (၇၊၈၊၉၊၁၀)နာရီ အထိ ဆက်ဆင်းရပြီး အချိန်ပိုအိုတီကြေး မရရှိခြင်း၊ ထမင်းမကြွေး နားချိန်မရဘဲ ဆက်တိုက်ခိုင်းခြင်း ဖယ်ရီကားမပေးခြင်း၊ အလုပ်ချိန်ပြီးလျှင်လည်း ကိုယ့်အစီစဉ်နှင့်ကိုယ် ပြန်ရတယ်လို့လည်း  သိရပါတယ်။ 

စက်ရုံတွင် အလုပ်သမားများ လစာတွေကို ဖြတ်တောက်ခြင်း၊ မတရားသဖြင့် ပြုလုပ်ခြင်း၊ အလုပ်သမားတွေရဲ့ လစာများကို မှန်ကန်စွာ တွက်ချက်ပေးခြင်း မရှိခြင်း၊ မမှန်ကန်လို့ သွားရောက် ပြောကြားလျှင် ဘာကြောင့် ဖြတ်တောက်လဲလို့ မေးခွင့် ပြောခွင့်မရှိဘဲ မလုပ်နိုင်ရင် အလုပ်ထွက်လို့သာ ပြောဆိုပြီး  အလုပ်သမားများ အထည်ပိုဆုကြေးများကို အလုပ်သမားထံ မပေးဘဲ စူပါနှင့် အောစူပါမှ ဖြတ်ယူထားတာမျိုးခံရတယ်လို့လည်း သိရပါတယ်။ 

စက်ရုံတွင် WCC မှာလည်းအလုပ်သမားများ ရွေးချယ်ထားခြင်း မဟုတ်ဘဲ အလုပ်ရှင်မှ ခန့်အပ်ထားတာ ဖြစ်သည့် အတွက် အလုပ်သမား ရေးရာကိစ္စများအား ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ 

အလုပ်သမားများ ဖုန်းကို စက်ရုံဘက်မှ အလုပ်ချိန်တွင် သိမ်းထားပြီး ဖုန်းပျောက်လျှင်လည်း တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

သီတင်းကျွတ်သည့်အခါတွင် အောစူပါများကို ကန်တော့မယ်ဆိုပြီး ဝန်ထမ်း (၁၃၀၀) ကျော်ထံမှ တစ်ယောက်ကို (၄၀၀၀) ကျပ်ဖြင့် ကောက်ခံပြီး မထည့်လျှင် အလုပ်ထွက်လို့ စူပါ၊အောစူပါတို့က ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ 

ဒါ့အပြင်  တနင်္ဂနွနေ့အချိန်ပိုအိုတီများလည်း အလုပ်သမားများက မဆင်းလျှင်လည်းမရဘဲ ဆဲဆိုခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်တာကြောင့် အမြဲဆင်းနေရကာ   အပြင်မှလာသော ဧည့်သည် တရုတ်လူမျိုးတို့်က  စက်ရုံတွင်ရှိ မိန်းကလေးများအား မဖွယ်မရာ အကြိမ်ကြိမ်၊ အခါခါပြုလုပ်နေခြင်းကို စက်ရုံဘက်မှ အပြစ်တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ  တရုတ်လူမျိုးများကို တားမြစ်ခြင်းမရှိဘဲ ဒီတိုင်းလွှတ်ထားသည့် အခြေအနေများလည်း ရှိနေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားတွေအနေနဲ့ (၁ )အလုပ်သမား ပင်ပန်းကြီးစွာ လုပ်ထားသော လုပ်အားခကို မှန်ကန်ပြည့်ဝစွာ ရှင်းပေးရန်။ 

(၂)တနင်္ဂနွေ အချိန်ပိုအိုတီကို အလုပ်သမားများ သဘောဆန္ဒ မေးမြန်းပြီးမှ ခေါ်ရန် မဆင်းပါက အငြိုးအတေးမထားရန်။ 

(၃)နိုင်ငံခြားသား တရုတ်လူမျိုးများ မိန်ခလေးများ မဖွယ်မရာ ပြုလုပ်ခြင်းကို အရေးယူပေးရန်။ 

(၄) အချိန်ပိုအိုတီ ခိုင်းလျှင် အိုတီကြေး ပေးရန်နှင့် အလကားဆင်းခိုင်းခြင်း မပြုလုပ်ရန်။ 

(၅) အလုပ်သမား သဘောဆန္ဒမပါပဲ အလုပ်သမားများဆီက ပိုက်ဆံမကောက်ရန်နှင့် ပိုက်ဆံမထည့်ပါက အငြိုးတေးမထားရန်။ 

(၆)။ အလုပ်ရှင်ဘက်မှ အလုပ်သမားအပေါ် ဆဲဆို ရိုင်းစိုင်းစွာ ပြောနေသော အလုပ်သမား အပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်နေသာ စူပါ၊အောစူပါများကို ထိရောက်စွာ အရေးယူပေးရန်။ 

(၇) လုပ်ငန်းခွင် ထိခိုက်မှုများကို အလုပ်ရှင်မှ တာဝန်ယူ ဆောင်ရွက်ပေးရန် တောင်းဆိုလိုတယ်လို့သိရပါတယ်။ 

MyanmarLabourNews


Related posts

Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
Dishang Kenny Garment မှ အလုပ်သမားတဦး၏ ပေးစာ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
GTIG EASTAR ရုံ (3) အလုပ်သမား ထောင်နှင့်ချီ နစ်နာ
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024