NEWS

ထိုင်းရောက် MOU လုပ်သား ၃၀၀ ကျော် အလုပ်မရသေးဘဲ စား၀တ်နေရေးအခက်အခဲတွေ့နေ

CoverLogo
1.1K Views

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့်ချုပ်ဆိုပြီး သွားရောက်ကြပေမဲ့ အလုပ်မရသေးဘဲ စောင့်ဆိုင်းနေရတာကြောင့်  စား၀တ်နေရေးခက်ခဲနေတယ်လို့ သိရပါတယ်။

"၂ပတ် ဆိုတဲ့အတိုင်းအတာတစ်ခုကိုသည်းခံပြီးလူတိုင်းစောင့်ပေးပါတယ်။ အတူစု စားသောက်ကြနေထိုင်ကြတယ်။ အခုဟာကနောက်လအတွက်အဆောင်ခ စားစရိတ် လူတိုင်းအခက်အခဲဖြစ်နေတာပါ အလုပ်ဝင်ရမယ်လို့မျှော်လင့်ချက်ရှိလာပြန်တော့ ခွဲခြားပြီးခေါ်တယ်လို့ကြားရပါတယ် မြန်မာပြည်ကခေါ်လာတုန်းကအတူခေါ်လာပြီး အလုပ်ဝင်မှခွဲခြားတာက ကျန်ခဲ့တဲ့လူတွေအတွက်အဆင်မပြေပါဘူး တာဝန်ယူပေးသင့်ပါတယ်"လို့ အလုပ်သမားတစ်ဦးက ဆိုထားပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရှိ cal.comp အီလက်ထရောနစ်စက်ရုံသို့၀င်ရောက်လုပ်ကိုင် ကြရန် Zero Cost ဖြင့်  ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကသွားရောက်ခဲ့ကြတာဖြစ်ပြီး နှစ်ပတ်စောင့်ဆိုင်းရမည်ဆိုသည့်အတွက် စောင့်ဆိုင်းနေကြရာမှ ယခုအခါတစ်လအထိ ထပ်မံစောင့်ဆိုင်းရတာကြောင့် စားရေးနဲ့နေထိုင်စရိတ်အဆောင်လခတွေခက်ခဲနေကြတာဖြစ်တယ် လို့ သိရပါတယ်။

အဆိုပါစက်ရုံက အလုပ်မဆင်းခိုင်းသေးဘဲ စောင့်ဆိုင်းနေရတာကြောင့် ၎င်းတို့အတူထွက်လာခဲ့ကြတဲ့ အလုပ်သမားတွေအနက် အလုပ်မဝင်ရသေးဘဲ  အချို့က အပြင်တွေမှာ ရရာအလုပ်တွေထွက်လုပ်နေကြတာရှိပြီး အဆောင်ကလူတွေကိုပြန်မျှဝေပြီးစားသောက်နေရတာမျိုးတွေနဲ့ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့အလုပ်တွေရှာပြီးထွက်လုပ်ရတာမျိုးတွေလုပ်ဆောင်နေကြရတယ်လို့လည်း သိရပါတယ်။

"cal-comp ကလဲ တိုင်ပတ်နေတာချည်းပဲ အသစ်တွေကျတော့လဲ ခေါ်လိုက်တာ မနည်းဘူး အားတိုင်းခေါ်နေသလိုပဲ ။ ဒီမှာရှိတဲ့လူတွေကျပြန်တော့လဲ ခွေးနေရာမရဘူး ဟိုပို့ ဒီပို့နဲ့ လုပ်ချင်သလိုလုပ်နေတာ အသစ်တွေခေါ် ပြီးရင် လုပ်ငန်းထဲမှာ ငုတ်တုတ်လေးတွေထိုင်းခိုင်းနေရတာ ဘာပဲ ဖြစ်ဖြစ် လုပ်ငန်းထဲ ဝင်ပြီးဆိုတာနဲ့ ထိုင်လဲ နေ့စားခတော့ရပါတယ်"လို့ ထိုင်းရောက်အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ Zero Cost ဖြင့်သွားရောက်ကြတာဖြစ်ပြီး  ယင်းအလုပ်သမားတွေကို ပို့ဆောင်ပေးထားတဲ့အေဂျင်စီအနေဖြင့်လည်း အလုပ်သမားများအပေါ်တစ်ကျပ်မှမယူထားဘဲ  လမ်းစရိတ်များပင် စိုက်ထုတ်ပေးထားရတာကြောင့် လက်ရှိမှာအလုပ်သမားများအပေါ်နေထိုင်စရိတ်နဲ့စားသောက်စရိတ်အမ်းငွေပေးနိုင်တာမဟုတ်ပေမဲ့ လုပ်ငန်းရှင်နဲ့ညှိနှိုင်းမှုတွေနဲ့ အလုပ်သမားအပေါ်ကူညီပေးနိုင်ရန် ဘန်ကောက်သို့ရောက်ရှိနေပြီး  အလုပ်သမားများအရေးကူညီပေးဆောင်ရွက်ပေးနေတဲ့ Issara Myanmar ကလည်းလုပ်ငန်းရှင်နဲ့ ညှိနှိုင်းပေးရန် ဆောင်ရွက်နေတယ်လို့လည်း သ်ိရပါတယ်။


ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်ကြမဲ့အလုပ်သမားတွေအနေနဲ့ အေဂျင်စီတွေနဲ့သေချာစုံစမ်းသင့်သလို ပို့ဆောင်ပေးမဲ့ လိုင်စင်ရအေဂျင်စီတွေနဲ့ထိုင်းဘက်အေဂျင်စီတွေအနေနဲ့ကလည်း  ၀င်ရောက်ရမဲ့စက်ရုံဟာ အလုပ်အမှန်တကယ်ရှိမရှိသေချာစုံစမ်းပြီးမှ ဆောင်ရွက်သင့်တာကြောင့် အလုပ်သမားတွေဒုက္ခရောက်လာပါ က အေဂျင်စီတွေမှာတာ၀န်ရှိကြောင်းနဲ့ zero cost နဲ့စက်ရုံတွေကခေါ်ခိုင်းတဲ့ အလုပ်ကိုတွေကိုပင် ငွေကြေးယူပို့ဆောင်ပေးနေတာတွေအပြင် စာချုပ်ပါအလုပ်နဲ့ကွဲလွဲမှုတွေက ဖြစ်နေတဲ့အပေါ်မှာ  အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်သင့်တာဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားများအပေါ်  ကူညီဆောင်ရွက်ပေးနေတဲ့ ဦးထူးချစ် FED Foundation ကဆိုပါတယ်။

MyanmarLabourNews
migrantworkers


Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026