NEWS

ဒူဘိုင်းမှာရောက်ရှိနေတဲ့ မြန်မာအိမ်အကူလုပ်သားနေရပ်ပြန်လိုသူ ၅၀ ခန့်ရှိနေ

CoverLogo
1.1K Views

ဒူဘိုင်းမှာ အိမ်အကူသွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေအနက် 
ဒုက္ခရောက်နေတာကြောင့် နေရပ်ပြန်လိုသူအယောက် ၅၀ ခန့်ထိ ရှိနေတယ်လို့ သိရပါတယ်။

''ဟိုမှာ၅၀ကျော်လောက်အဆင်မပြေဘူးလို့အဆက်သွယ်ရထားတယ်။  ဒီမှာတော့  လက်ရှိမြန်မာပွဲစားနဲ့ညှိပြီးပြန်ခေါ်ထားတာ သုံးယောက်ရှိတယ်။ ဟိုဘက်မှာကဥပဒေမဲ့အလုပ်ခိုင်းနေတာမို့  ရောက်သွားပြီးလို့ပြန်လာချင်ကြရင် ပြန်လာလို့ မရဘူး။ လျော်ကြေးတောင်းတော့ခါးစည်းခံနေကြရတယ်။ လျော်ကြေးကအနည်းဆုံးသိန်း၇၀လောက်တောင်းနေတာ'' လို့ ယင်းအလုပ်သမားတွေနဲ့  အဆက်သွယ်ရရှိထားတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ကိုစိုင်းယုမောင်က ဆိုပါတယ်။

လက်ရှိမှာ မြန်မာဘက်ပွဲစားများနဲ့ချိတ်ဆက်ကာ ပြန်လည်ခေါ်ယူနိုင်ထားတာဟာ သုံးယောက်သာရှိနေပြီးထပ်မံခေါ်ဆောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေဆဲဖြစ်ကာ တဖက်မှာလည်း နေရပ်ပြန်လိုပါကလျော်ကြေးငွေသိန်း၇၀အနည်းဆုံးမှသိန်းရာချီတောင်းနေတာကြောင့် အလုပ်သမားတွေဟာ ပိုမိုခက်ခဲနေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

'' သမီး လုပ်အားခ ငါး လစာ မရသေးတဲ ကိစ္စနဲ့ ပတ်သက်ပြီ လူကုန်ကူးမှု့ နှိမ်နင်းရေ မှ တဆင့် အလုပ်သမား ဝန်ကြီးရုံးကို တိုင်စာပေးပို့ထားတာ  တစ်လကျော်နေပြီဘာမှထူးခြားမလာသေးပါ ခေါ်ယူစစ်ဆေးတာမျိုလဲမရှိသေးပါဘူး'' လို့ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသမီးက ဆိုပါတယ်။

မကြာသေးခင်က လူမှုကွန်ယက်မှာ အိမ်အကူအမျိုးသမီ ၇ ယောက် live လွှင့်ကာ အကူအညီတောင်းခံခဲ့ပြီးတဲ့နောက်  အိမ်အကူအမျိုးသမီးအချို့ဟာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့ တွေထံသို့  အကူညီတောင်းခံလာတာတွေရှိလာပြီး  မြန်မာအမျိုးသမီးတွေ ဒုက္ခရောက်နေကြသူများစွာရှိနေကာ လုပ်ခလစာမရရှိတာတွေ အစားအသောက်နပ်မမှန်တာတွေနဲ့ ရိုက်နှက်ခံရတာတွေပါ
ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးတွေဟာ မြန်မာပြည်မှ ပွဲစားတွေက အိမ်အကူလုပ်ခတွေ ကျွမ်းကျင်ပါက ၁၅၀၀ရပြီး မကျွမ်းကျင်ရင်၁၂၀၀ရမယ်ဆိုတဲ့ မက်လုံး နဲ့  ဒူဘိုင်း( UAE )သို့ခေါ်ဆောင်တာတွေနဲ့ပတ်သက်ပြီး အလုပ်သမားဆောင်ရွက်သူတစ်ဦးက ''ပွဲစားကမေဖုန်းပဲများတယ်။ မေဖုန်းမဟုတ်တဲ့သူက  နှစ်ယောက်ပဲတွေ့တယ်တော့ပြောတယ်။ မေဖုန်းကိုဒူဘိုင်းမှာဖမ်းထားတယယတော့ပြောတယ်။ 
ဆက်စပ်ပြီးလိုက်တော့ ပြည်တွင်းထဲက မေဖုန်းနဲ့ဆက်စပ်သူတွေဟာလည်း  တိမ်းရှောင်နေကြတယ်လို့သိရတယ်''လို့ ဆိုပါတယ်။

အလုပ်သမားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဟာလည်း လက်ရှိမှာ ဒူဘိုင်းရောက်ဒုက္ခရောက်နေတဲ့ မြန်မာအမျိုးသမီးတွေကို မြန်မာပြည်သို့ ပြန်ခေါ်နိုင်ဖို့ကြိုးစားနေပြီး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတကာကနေ ကူညီနိုင်မဲ့ အဖွဲ့အစည်းတွေ အမျိုးသမီးတွေ အလုပ်သမားအဖွဲ့အစည်းတွေ နိုင်ငံတကာကိုချိတ်ဆက်ကာပြန်လည်ခေါ်ယူရာမှာ ကုန်ကျမဲ့ ကုန်ကျစရိတ်တွေပါ တွက်ချက်ပြီးရှာဖွေနေတယ်လို့သိရပါတယ်။

MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
မလေးရှားနှင့်ဂျပန် ကိုပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်သည့် အေဂျင်စီကို အမှုဖွင့်အရေးယူ ထားဟု အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Mar 23, 2026
Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026