NEWS

တောင်ကိုရီးယားအစိုးရက မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားသစ် ၁၀,၀၀၀ ခန့်ထပ်တိုးခေါ်ဖို့ စတင်လက်ခံ

CoverLogo
1.4K Views

တောင်ကိုရီးယားလုပ်ငန်းရှင်တွေရဲ့  မြန်မာအလုပ်သမားအပါအဝင် နိုင်ငံခြားသားလုပ်သားသစ် ၁၀,၀၀၀ အထိ ထပ်တိုးခေါ်ယူခွင့်တွေကို တောင်ကိုရီးယားအစိုးရက  စတင်လက်ခံနေပြီလို့ ကိုရီယားသင်တန်းကျောင်းတွေထံကနေ  သိရပါတယ်။

''စက်တင်ဘာ ၁၉ ရက်မှ ၂၉ ရက်အထိ ကိုရီးယား လုပ်ငန်းရှင်များက ၁၆ နိုင်ငံမှ နိုင်ငံခြားသား လုပ်သား အီးနိုင်း လုပ်သားသစ် တစ်သောင်းကို ခေါ်ရန်အတွက် လျှောက်လွှာများ လျှောက်ထား နိုင်ပြီဖြစ်ကြောင်း ကိုရီးယားအလုပ်သမား ဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လိုက်တယ်'' လို့ ကိုရီးယားသင်တန်းကျောင်းတစ်ခုမှ ဦးဇော်မိုးအောင်(ကိုရီးယား)က ဆိုပါတယ်။

လုပ်သား ၁၀၀ အထက်ရှိတဲ့ စက်ရုံအလုပ်ရုံများမှ လုပ်ငန်းရှင်တွေဟာ နိုင်ငံခြားသား လုပ်သားသစ်များ ထပ်မံခေါ်ယူရန် ပြင်ဆင်ထားပြိး လျှောက်ထားတာတွေကို စတင်လက်ခံပြီး  လာမည့်လမှစတင်ကာ စက်ရုံ အလုပ်ရုံပေါင်း ၁၅၀၀ ကို  စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

အလုပ်သမားလိုအပ်နေတဲ့ လုပ်ငန်းရှင်တွေလိုအပ်ချက်အရ စစ်ဆေးပြီး
ခေါ်ယူခွင့်ပြုမယ့်လုပ်ငန်းတွေဟာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် ၆,၈၀၀ ဦး၊ မွေးမြူရေးနဲ့စိုက်ပျိုးရေးအတွက်  ၁,၃၀ ဦး၊ ရေလုပ်ငန်းအတွက် ၆၁၀ ဦးနဲ့ ဆောက်လုပ်ရေးအတွက် ၃၆၀ ဦးအပါအဝင် စုစုပေါင်းလုပ်သားသစ်တစ်သောင်းခန့်ကို ထပ်မံခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

"မြန်မာအလုပ်သမားတွေအတွက် အခွင့်အရေးများနေချိန် ကိုယ့်မြန်မာလုပ်သားတွေ များများပါစေချင်တာပဲ။ ခုနှစ်ထဲခေါ်မဲ့ဟာအတွက်တောင်မှ ခုထိဖြေဆိုဖို့ မသိရသေးဘူး။ POEA ကတိတိကျကျနဲ့မြန်မြန်ဆန်ဆန်ဆောင်ရွက်စေချင်တယ်။ စာမေးပွဲဖြေဆိုစောင့်ရတဲ့ကလေးတွေက မျှော်တလင့်လင့်နဲ့ အလုပ်သမားတွေအပေါ် စာနာဖို့သင့်တယ်''လို့ တောင်ကိုရီးယားစာ​မေးပွဲဖြေဖို့စောင့်ဆိုင်းနေသူတစ် ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ယခုနှစ်ထဲမှာပဲ နိုင်ငံခြားသားလုပ်သား ၆၈,၀၀၀ ဦးအထိ ခေါ်ယူဖို့သတ်မှတ်ထားပြီးဖြစ်ပေမဲ့ထပ်မံလိုအပ်တာကြောင့် နောက်ထပ်လုပ်သားသစ်၁၀,၀၀၀ထပ်တိုးခေါ်ယူခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားအလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS)ဝင်ရောက် ဖြေဆိုမည့်သူများအနေဖြင့် ကုန်ထုတ်လုပ်ငန်းအတွက် နှစ်သောင်းခွဲကျော်ခန့် ဖောင်တင်ထားပြီး  ဆောက်လုပ်ရေးလုပ်ငန်းအတွက် ငါးထောင်ကျော်ခန့်  စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် လေး​ထောင်ကျော်ခန့်  လျှောက်ထားသူစုစုပေါင်း  ၃၇,၄၃၈ ဦးရှိခဲ့ပြီး  ဩဂုတ် ၁၆ ရက်မှာ ကျင်းပမယ်လို့ မူလက ​ကြေညာခဲ့ပေမဲ့ လက်ရှိအချိန်ထိ ေဖြဆိုနိုင်ခြင်းမရှိတဲ့အပြင် ယခုနှစ်ဖြေဆိုခွင့်မရရှိနိုင်တော့ တဲ့သတင်းတွေအပေါ်  ထုတ်ပြန်ကြေငြာခြင်းလည်းမရှိတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေဆဲဖြစ်ပါတယ်။

MyanmarLabourNews


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026