NEWS

တနင်္ဂနွေပိတ်ရက်ကို အခကြေးငွေပေးချေခြင်းမရှိဘဲ အတင်းအကျပ်အလုပ်ခိုင်းစေနေဟုဆို

CoverLogo
2K Views

လစဉ်  စံချိန်မပြည့်ဆိုတဲ့အကြောင်းပြချက်နဲ့ တနင်္ဂနွေနေ့တိုင်းကို အလုပ်ဆင်းပေးနေရပြီးအဲ့ဒီအတွက်လည်း အခကြေးငွေပေးချေခြင်းမရှိဘဲ ခိုင်းစေနေတာဖြစ်တယ်လို့ မြန်မာဂျူလီဖက်ရှင် အထည်ချုပ် Myanmar Jiale Fashion Garment ဝန်ထမ်းတွေကပြောဆိုပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ချင်းတွင်း ၂ လမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံမှာ မြန်မာနိုင်ငံသား HR မန်နေဂျာ ခန့်အပ်ထားခြင်းမရှိဘဲ လုပ်ကိုင်နေပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့   H&M အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာရှိပြီး  ၎င်းစက်ရုံသည် စစ်အာဏာ သိမ်းပြီးထဲက လုပ်ငန်းခွင်အတွင်း အလုပ်ရှင်မှ အလုပ်သမားများ အပေါ် ချိုးဖောက်မှု အမျိုးမျိုး ပြုလုပ်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လက်ရှိမှာတော့  အလုပ်သမားများ ဆန္ဒမပါပဲ အချိန်ပိုအိုတီများကို ဖိအားပေးပြီး ဆင်းခိုင်းပြီး တနင်္ဂနွေနေ့ တစ်လမှာပိတ်ရက် လေးရက်ရှိလျှင် လေးရက်လုံး ပိတ်ရက်မရှိ ဆင်းနေရတယ်လို့ သိရပါတယ်။

“ပိတ်ရက်မှာခိုင်းရင် အချိန်ပိုအိုတီကြေးကို တစ်နာရီ ၁၂၀၀ နှုန်း ပေးရတယ် အလုပ်ချိန် ၈ နာရီ လုပ်ရင် ၉၆၀၀ ရရမှာ ဒါတောင်အလုပ်သမားသဘောဆန္ဒနဲ့အညီပဲခိုင်းရမှာ ခုက အလကားဆင်းခိုင်းနေတာ”လို့ အဆိုပါ စက်ရုံမှ လုပ်သားတစ်ဦးကပြောပါတယ်။

စက်ရုံတွင်း နေ့စားသမားများကို တစ်ပတ်စာချုပ် နှစ်ပတ်စာချုပ် တစ်လစာချုပ်များ ချုပ်ဆို ကာ ခိုင်းစေနေပြီး အော်ဒါ အရေးကြီးလျှင် ပြန်ခေါ် ကာ ထပ်မံခိုင်းစေတာတွေ ပြုလုပ်နေသလို စက်ရုံတွင် တရား၀င် ခံအပ်ထားသော  HR မန်နေဂျာ မရှိခြင်းကြောင့် စက်ရုံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များကိုလည်း တာ၀န်ယူ တာ၀န်ခံ‌ ဖြေရှင်းဆောင်ရွက် ပေးမည်သူမရှိခြင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

အလုပ်ရှင်ဘက်မှ အလုပ်သမားများကို စံချိန်များ မတရားတောင်းခံပြီး စံချိန်မပြည့်ပါက စူပါ အောစူပါများက စက်လိုင်းထိပ်တွင်   ခေါ်ပြီးကြမ်းတမ်းစွာ ပြောဆိုခြင်း -ာသယ်ဟု ပြောဆိုခိုင်းနှိုင်းခြင်း ညစ်ညမ်းစွာ ပြောဆိုပြီး ဆဲဆိုနေတာတွေ ပြုလုပ်နေတာကြောင့် လုပ်ငန်းခွင်အတွင်း အခက်အခဲများဖြစ်ပေါ်နေတယ်လို့လည်းအလုပ်သမားတွေက ပြောဆိုပါတယ်။

ဒါ့အပြင် စံချိန်မပြည့်ဘူးဟု ဆိုကာ အလုပ်သမားများမှာ တနင်္ဂနွေနေ့တွင် အချိန်ပိုအိုတီကို ပိုက်ဆံမရပဲ အလကား‌ ဆင်းပေးနေရပါတယ်လို့ သိရပါတယ်။


“စက်ရုံထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အလုပ်မခန့်ဘူးဆိုတဲ့ သတ်မှတ်ချက်ရှိတယ် တချို့ကျတော့လည်း စားဝတ်နေရေးကြောင့် ကိုယ်ဝန် ၂ လလောက်မှာ အလုပ်လာလုပ်တယ် အဲ့ခါကျတော့ အလုပ်ရှင်ဘက်က အလုပ်လိုချင်ရင် ကိုယ်ဝန်ဆောင်ခံစားခွင့်မရှိဘူး လက်ခံတယ်ဆို လုပ်ဆိုပြီးခန့်တယ် မီးဖွားကာနီးကျတော့ ဘာခံစားခွင့်မှမရှိဘဲ အလုပ်ထွက်ပေးရတယ် ပြီးတော့ အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေလည်းရှိသေးတယ်” လို့ ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံတွင်း မြန်မာ HR မန်နေဂျာ ခံအပ်ပေးရန်၊ လုပ်သမားများ သဘောဆန္ဒမပါပဲ အချိန်ပိုအိုတီ မခေါ်ရန်နှင့် တနင်္ဂနွေနေ့တွင် ဆင်းရသော အချိန်ပိုအိုတီကြေးများ ပြန်လည် ရှင်းပေးရန်  ၊ အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်သော စံချိန်ကိုသာ တောင်းခံရန်၊  တနင်္ဂနွေနေ့တွင် အလုပ်သမားများကို အချိန်ပိုအိုတီ မခေါ်ပဲ အလုပ်ပိတ်ပေးရန် စတာ တွေတောင်းဆိုလိုတယ်လို့ ဆိုပါတယ်။ 
 

MyanmarLabourNews

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026