ငလျင်ဗဟုသုတနိုးကြားမှုက အားနည်းနေပါသေးတယ်။ Interview with Myanmar Labour News

cover
profile
Jul 10, 2022

ငလျင်လှုပ်ခတ်ခြင်းကို ခံစားရဖူးပါသလား။ နောက်ဆုံးကြုံတွေ့ခဲ့ရတာ ဘယ်အချိန်တုန်းက ဖြစ်မလဲ ။
ငလျင်လှုပ်ခတ်ခြင်းဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့မြေပြင်လွှာ လှုပ်ရှားမှု ဖြစ်ပြီး လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းအားပေါ်မူတည်ကာ သိသာမှုကို ခံစားရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ မြေငလျင်သတင်းအချက်အလက်တွေကို ပုဂ္ဂလိက ဆိုင်ရာ သုတေသနပြုလုပ်နေမှုနဲ့ သတင်းအချက်အလက်ဖြန့်ဝေနိုင်မှုဟာ နည်းပါးနေပါသေးတယ်။ငလျင်လှုပ်ခတ်ခြင်းနဲ့ မြေငလျင်ဆိုင်ရာသုနေသနတွေပြုလုပ်ကာ  လူမှုကွန်ယက်ကနေတဆင့် သတင်းအချက်အလက်တွေ ဖြန့်ဝေပေးဖို့ လုပ်ဆောင်နေတဲ့ စင်တာတစ်ခုရှိပါတယ်။အဲ့ဒီစင်တာကို မိတ်ဆက်ပေးပါမယ်။

အများပြည်သူတွေအတွက် ယုံကြည်အားထားရတဲ့ မြေငလျင်ဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ အသိပေးမျှဝေနိုင်ဖို့အတွက် ရည်ရွယ်ထားပြီး  ကမ္ဘာတစ်ဝန်းကငလျင်လှုပ်ရှားမှုများသတင်းများကို ပြည်သူများ ချက်ချင်းသိရှိနိုင်ကြစေရန်နှင့် ကြိုတင်သတိပေးချက်များက်ိုလည်း ပြည်သူများဆီသို့ ထုတ်ပြန်ပေးနိုင်ရန်အတွက် ရည်ရွယ်ထားတယ်လို့  “မြေငလျင်သတင်းများစင်တာ”ရဲ့ ငလျင်သုတေသီတစ်ဦးက ပြောပြပါတယ်။အင်တာဗျူးမေးမြန်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း( ၁) မြေငလျင်သတင်းများစင်တာ အနေနဲ့ မြန်မာနိုင်ငံသာမက ကမ္ဘာ အရပ်ရပ်က ငလျင်ဆိုင်ရာ အချက်အလက်တွေကို တင်ပြပေးတာ တွေ့ရှိရပါတယ်၊ ဒီစင်တာ တည်ထောင်ထားတဲ့ ငလျင် ဆိုင်ရာ ပညာရှင်တွေနဲ့ ရည်ရွယ်ချက်ကိုအရင်ဆုံး မိတ်ဆက်ပေးနိုင်မလားရှင့်။

မြေငလျင်သတင်းများနှင့်သုတေသနပြစင်တာ' သည် အများပြည်သူတွေအတွက် ယုံကြည်အားထားရတဲ့ မြေငလျင်ဆိုင်ရာ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ အသိပေးမျှဝေနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းကငလျင်လှုပ်ရှားမှုများသတင်းများကို ပြည်သူများ ချက်ချင်းသိရှိနိုင်ကြစေရန်နှင့် ကြိုတင်သတိပေးချက်များက်ိုလည်း ပြည်သူများဆီသို့ ထုတ်ပြန်ပေးနိုင်ရန်အတွက် အဓိကရည်ရွယ်ထားပါသည်။


မေးခွန်း (၂) ပြီးခဲ့တဲ့ ရက်ပိုင်းက  မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေကို အထူးသတိရှိဖို့ သတိပေးချက်ထုတ်ပြန်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါရှင့်။ ဘာတွေသတိထားဖို့လိုပါသလဲ။

ပြီးခဲ့သည့်ရက်ပိုင်းက ( ဇူလိုင် ၅ ရက်နေ့) သတိပေးချက်ထုတ်ပြန်ထားတာ မှန်ပါသည်။ အန်ဒမာန်ပင်လယ်ဟာ လွန်ခဲ့သည့် ၇၂ နာရီခန့်က မှုမမှန်သည့်လှုပ်ရှားမှုများ တ‌စ်ဖြည်းဖြည်းပို၍စိတ်လာသည်ကို‌တွေ့ရှိခဲ့ပြီး နောက်ထပ်အချက်အလက်များ‌ရှာဖွေတွေ့ရှိထားမှုများအရ မြန်မာအောက်ဘက်ပိုင်းအတွက် ငလျင်ငယ်များဖြစ်နိုင်ခြေဟာ ၉၀% ခန့်ရှိသည်ဟု ယူဆသောကြောင့် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာဟာ ငလျင်ဒဏ်ရင်ဆိုင်ရလျက်ရှိသည့်ကမ္ဘာ့နိုင်ငံများ၌ ရှေ့တန်းကပါဝင်နေသည့်အတွက်ကြောင့် နိုင်ငံတောင်ပိုင်းကမ်ရိုးတန်းဒေသ‌နေပြည်သူများ ဆူနာမီရေလှိုင်းအန္တရယ်အသိရှိပြီး ကြိုတင်သတိထားသင့်ပါသည်။ မြန်မာနိုင်ငံရဲ့ပင်လယ်ထွက်ပေါက်ဖြစ်သည့် အန်ဒမန်ပင်လယ်နှင့်အိန္ဒိယသမုဒ္ဒရာတို့သည် Magnitude 8.0 နှင့်အထက်အားပြင်းငလျင်ကြိီးများလှုပ်ရှားလာခဲ့ပါက ပြီးပြည့်စုံသည့် Mega ဆူနာမီရေလှိုင်းကြီးများဖြစ်ပေါ်လာ‌စေရန် ပထဝီအနေအထားအရ အကောင်းဆုံး‌နေရာဒေသတစ်ခုဖြစ်နေသည်ကိုလည်း မမေ့သင့်ပါ။


မေးခွန်း (၃) ဇူလိုင်လထဲမှာ ငလျှင်တွေ ဆက်တိုက်လှုပ်လာတာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာလည်း မြန်မာနိုင်ငံမှာ မကြာခဏဆိုသလို ငလျှင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်တာတွေ့ရှိရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။


ပြတ်ရွေ့ကြောင်းတစ်ခုမှာ ငလျင်ငယ်များ ပုံမှန်‌ရော ထို့ထက်ပိုမိုလှုပ်ရှားလာခဲ့ပါက ငလျင်ကြီးလှုပ်တော့မည်ဟု ပြောစမတ်ပြုကြပါတယ်။ ဒါဟာ အလုံးစုံမှန်ကန်မှုမရှိနိုင်ပါဘူး။ ငလျင်ငယ်များ မကြာခဏလှုပ်ခတ်ခြင်းဟာ ပုံမှန်အခြေအနေတစ်ခုသာဖြစ်ပြီး ရေဘုယျအားဖြင့် အားပြင်းငလျင်ကြီးများလှုပ်ရှားသွားပြီးမှသာ (aftershock) နောက်ဆက်တွဲငလျင်ငယ်များ ဒါဇင်နှင့်ချီကာ လှုပ်ရှားလာ‌ပါသည်။ တနည်းအားဖြင့်ဆိုရရင် ငလျင်ငယ်များ ဆက်တိုက်လှုပ်ရှားလာခြင်းမှာ အားပြင်းငလျင်ကြီးလှုပ်ရှားလာနိုင်‌ခြေအား တားဆီးရာရောက်သည် (သို့) အားပျော့သွားစေနိုင်ဟုလည်း တဖက်တလမ်းကယူဆ၍ရပြီး စိုးရိမ်မှုမလွန်ကဲပဲ သတိချက်ပြီးသာနေထိုင်သင့်ပါသည်။

မေးခွန်း (၄) ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ငလျင် လှုပ်ခတ်ခဲ့မှု အကြိမ်ရေဘယ်လောက်ရှိပါပြီလဲရှင့် ။ ပြင်းအားအနေနဲ့ရော ဘယ်လိုရှိပါသလဲရှင့်။


၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လဆန်းပိုင်းအချိန်ထိ မြန်မာနိုင်ငံအတွင်းမှာ ပြင်းအားပမာဏ မဂ္ဂနီကျု ၅ နှင့်အထက် ၈ ကြိမ်၊ မဂ္ဂနီကျု ၄-၅ ကြား ၁၇၃ ကြိမ်၊ မဂ္ဂနီကျု ၃-၄ ကြား ၂၄၅ ကြိမ်၊ မဂ္ဂနီကျု ၂-၃ ကြား ၄၂၃ ကြိမ်နှင့် မဂ္ဂနီကျု ၂ ဝန်းကျင်ငလျင်ငယ်များ ၁၉၄ ကြိမ် စုစုပေါင်း + ၁၀၄၃ ကြိမ် လှုပ်ရှားသွားခဲ့ပြီးဖြစ်ပြီး ခုချိန်တိုင်အောင် ငလျင်ငယ်များဟာဆက်လက်ပြီး လှုပ်ရှားလျက်ရှိနေပါတယ်။ အများစုဟာ မြို့ပြများနှင့်ဝေးသောဒေသကိုဗဟိုပြုလို့၊ ကွန်တော်တို့လူသားများသိရှိခံစားနိုင်လောက်သည့် ပမာဏပြင်းအားမရှိ‌လို့သာ လှုပ်ရှားမှန်းမသိနိုင်ခြင်းဖြစ်ပါတယ်။


မေးခွန်း (၅)စစ်ကိုင်းပြတ်ရွေ့နဲ့ ပတ်သက်ပြီးတော့ ရော စိုးရိမ်စရာရှိပါသလား။အခြား သတိထားရမယ့်အရာတွေရှိရင်လည်း ပြောပြပေးပါရှင့်။


စိုးရိမ်ရပါတယ် လို့ ပြောရပါလိမ့်မည်။ စစ်ကိုင်းပြတ်ရွေ့ဟာ အချိန်မရွေးပေါက်ကွဲနိုင်သည့်ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေပြီးငလျင်ကြောတ‌စ်လျှောက် မြို့ကြီး မြို့ငယ်များတွင်နေထိုင်ကြသည့်ပြည်သူများ ငလျင်သတိအမြဲရှိကြဖို့ အမှန်တကယ်လိုအပ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့နှင့်မြန်မာနိုင်ငံတစ်လွှားက ပြတ်ရွေ့ကြောများအနီးဝန်းကျင်ဒေသများမှာ ငလျင်ငယ်များလှုပ်ရှားခြင်းမရှိတော့ပဲ အချိန်အတန်ကြာအောင်င်ြိမ်သက်နေခဲ့ပါက ဖြစ်နိုင်ခြေရှိသည့်အားပြင်းငလျင်ကြီးလှူပ်ရှားနိုင်‌ခြေရှိ‌ကြောင်း သတိထားရန်လိုအပ်ပြီး ယင်းအတွက် ကြိုတင်ပြင်ဆင်ထားကြရန်လိုပါလိမ့်မယ်။ နောက်တချက်မှာ အဆိုပါစစ်ကိုင်းပြတ်ရွေ့ကြောင့်ပင်လယ်ကြမ်းပြင်‌အောက်ကိုဗဟိုပြု အားပြင်းငလျင်ကြီးလှုပ်ရှားခဲ့ပါက မြန်မာနိုင်အောက်ပိုင်း ကမ်းရိုးတန်းဒေသများဟာ ဆူနာမီရေလှိုင်းရိုက်ခတ်လာနိုင်မှုကို မလွဲမသွေခံရနိုင်ပါတယ်။

 

မေးခွန်း (၆) ပြည်သူလူထုကြား ငလျင်နဲ့ ပက်သတ်တဲ့ အသိပညာတွေ ဖြန့်ဝေပေးနေတာ ရှိပါသလား။ဘယ်လိုပုံစံမျိုး လုပ်ဆောင်နေပါသလဲ။


လက်ရှိမှာ အင်တာနက်စာမျက်နှာပေါ်မှ ငလျင်ဆိုင်ရာဗဟုသုတများအစီအစဉ်ကို အလျဉ်းသင့်သလို တင်ဆက်နေပါတယ်။  မိဘပြည်သူညီကိုမောင်နှမများ မြေငလျင်အန္တရယ်ကင်းဝေးကြစေရန်ရည်ရွယ်ပြီး အားပြင်းငလျင်ကြီးလှုပ်ရှားနိုင်ခြေခန့်မှန်းချက်များကိုပါ ထည့်သွင်းဖြန့်ဝေပေးလျက်ရှိပါသည်။

 

မေးခွန်း (၇) အခုလို လုပ်ဆောင်တာနဲ့ပတ်သက်ပြီး အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာရှိပါသလား။ဘယ်လို လုပ်ဆောင်နေပါသလဲရှင့်။


အခြေခံအားဖြင့် ကျွန်ုပ်တို့သည် လက်ရှိမှာ Volunteer team တစ်ခုကိုအခြေခံထားတာဖြစ်လို့ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်နေတာမျိုး လတ်တလောမှာ မရှိသေးပါ။ သို့သော်လည်း နိုင်ငံတကာသတင်းမီဒီယာကြီးများ၊ ပြည်တွင်းအစိုးရဌာန၊ မီဒီယာများက်ို မျက်ခြေမပျက်စောင့်ကြည့်လေ့လာကာ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကိုလည် ရှာဖွေနေပါသည်။
 


မေးခွန်း (၈) ငလျင်ဆိုင်ရာသုတေသနရေးရာကိစ္စတွေလဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လိုမျိုးလုပ်ဆောင်နေလဲ ဆိုတာရှင်းပြပေးလို့ရနိုင်မလားရှင့် ။


အများအားဖြင့် သုတေသနကိစ္စရပ်များကို လက်တွေ့ကွင်းဆင်းလေ့လာခြင်းထက် global quake data facts များစုဆောင်းခြင်းဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ လက်တွေ့ကျကျကွင်းဆင်းလေ့လာခြင်းအား ခုချိန်မှာအကြောင်းအမျိုးမျိုး‌ကြောင့်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း ကမ္ဘာအရပ်ရပ်က မြေငလျင်စင်တာကြီး (seismic station) များရဲ့ကမ္ဘာလုံးဆိုင်ရာ ငလျင်လှုပ်ရှားမှုမှတ်တမ်းဟောင်းအချက်အလက်များကို စာရင်းပြုစုကာ ပြန်လည်ပြီးသုတေသနပြုလုပ်ထားပါတယ်။

 


မေးခွန်း (၉) စင်တာအနေနဲ့ အခုလို သတင်းအချက်အလက် ရယူခြင်းနဲ့ အများပြည်သူကို ပြန်လည်ဖြန့်ဝေပေးတဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုတွေရှိနေပါသလဲ။


အဓိကစိန်ခေါ်မှုကတော့ ပြည်သူတွေရဲ့ မြေငလျင်သတင်းအပေါ်စိတ်ဝင်စားမှုနဲ့ စောင့်ကြည့်မှုက အတိုင်းအတာတစ်ခုမျှသာရှိသေးတယ်လို့ မြင်မိပါတယ်။ တစ်နည်းအားဖြစ် ငလျင်ဗဟုသုတနိုးကြားမှုက အားနည်းနေပါသေးတယ်။ မြေငလျင်လှုပ်ခါမှ တစ်ဖန်ပြန်ပြီးနိုးကြားလာသမျိုးပေ့ါ။ ဥပမာ - လူမှုကွန်ယက်စာမျက်နှာတွေမှာဆိုရင်လည်း  များများစားစားဖြန့်ဝေတာတွေ သိပ်မရှိလှပါဘူး။ ဒါ့အပြင် မြေငလျှင်နဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေ၊ အယူသီးမှုတွေဘက်ကိုပိုအားသန်တာလည်းတွေ့ရတတ်ပါတယ်။ ဒါကြောင့် သဘာဝတရားကြီးနဲ့အတူရှင်သန်နေတဲ့ မြေငလျင်သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်သိရှိနားလည်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။

ကျေးဇူးအထူးတင်ရှိပါတယ်။

854 Views

Related News

cover
ကျွန်မတို့ရဲ့တစ်နေ့လုပ်ခ ၄၈၀၀ နှုန်းက စားဆီငါးဆယ်သားတစ်ဗူးပဲရပါတယ်။
Oct 31, 2022
cover
အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ နိုင်ငံတကာအမှတ်တံဆိပ်တွေအနေနဲ့ အကျိုးအမြတ်ရရှိ‌ရေးသာဦးစားပေးလုပ်ဆောင်နေပြီး လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုတွေကို လစ်လျူရှု့နေတယ်လို့ဆို
Aug 22, 2022
cover
တချို့အလုပ်သမားတွေဆိုရင် ကိုယ့်အခွင့်အရေးက ဘာမှန်းတောင်မသိဘူး။ InterviewWithMyanmarLabourNews
Aug 22, 2022
cover
ဒီတကြိမ်မှာငြိမ်ခံနေလိုက်ရင် ဘယ်တော့မှရမှာမဟုတ်တော့ဘူးလေ။
Aug 15, 2022
cover
သူတို့ကငွေများတရားနိုင်ဆိုတော့ သပိတ်မှောက်တာပဲရွေးလိုက်တယ်။
Aug 9, 2022
cover
"သူတို့ တောင်းတာပေး မပေးရင် ကျန်သူတွေပါ ထပ် စတေးပစ်မယ် ဆိုတာမျိုး ကြောက်ပြီး ပါလာမလား ဆွဲခေါ်ချင်တဲ့ ရည်ရွယ်တဲ့ပုံ လို့မှန်းရမယ်"
Jul 27, 2022
cover
ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အတွက်ဘာတွေပြင်ဆင်ထားရမလဲ။ Interview with Myanmar Labour News
Jul 11, 2022
cover
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ( MSF Myanmar Seafarers Federation )ဥက္ကဌ ကပ္ပတိန်စိုးမင်းအောင် နှင့် တွေ့ဆုံမေးမြန်းခြင်း။
Jul 3, 2022
cover
ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေ ပညာရေးဘယ်လိုရှိလဲ။ Interview
Jun 17, 2022
cover
"ကျွန်တော်တို့နဲ့ အတူရပ်တည်ပေးပါ။"Foodpanda Rider တစ်ဦးနှင့်မေးမြန်းခြင်း။
Jun 6, 2022



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle