NEWS

မတ္တရာမြို့နယ်၊ ကင်းရွာက ပြည်သူ ၅၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရ

CoverLogo
1.4K Views

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာက ပြည်သူ ၅၀၀၀ခန့် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်တွေက ကင်းကျေးရွာကို မီးရှို့မယ်လို့ သတင်းထွက် နေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်နိုင်မယ့် နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


မတ္တရာနယ်ခံတစ်ဦးက"လောလောဆယ်တော့ ပြေးနေကြရတယ်၊ ဘေးပတ်ပတ်လည်က ရွာတွေကလည်း တောတွေမှာ ပြောင်ရွှေ့နေထိုင်နေကြရတာ"လို့ ပြောပါတယ် ။


ကင်းကျေးရွာမှာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ ငါးထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။
ကင်းကျေးရွာမှာ ဧပြီလ ၃ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်လို့ နာမည်ကျော်နေတဲ့ ဘုန်းကြီးတပါးကို အမည်မသိသူတွေရဲ့ အသတ်ခံခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးရောက်ရှိလာတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီတပ်သားတွေကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ အတွက် ကျေးရွာကို မီးရှို့မယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကြိမ်းမောင်းနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
 


Related posts

Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
ဆေးနှင့် ဆက်စပ်ပစ္စည်များ ဈေးနှုန်းမြင့်တက်၊ ပစ္စည်းပြတ်လပ်မှုများရှိနေ
Apr 07, 2024
Cover
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို
Apr 07, 2024
Cover
ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ
Mar 22, 2024
Cover
စစ်မှုထမ်းရန်ဆင့်ခေါ်စာပေးပို့မှုများကြောင့် သားယောက်ျားလေးရှင်မိဘတွေ စိုးရိမ်သောကရောက်နေရ
Mar 15, 2024
Cover
Facebook account များ ပြန်လည်အသုံးပြုနိုင်
Mar 05, 2024