NEWS

၁၀ နှစ်ကြာ လူမှုဖူလုံရေးကြေးသွင်းခဲ့တဲ့အလုပ်သမားကို မီးဖွားခွင့်ဆိုင်ရာ ခံစားခွင့်မပေးဘဲ ပယ်ချ

CoverLogo
494 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရုံးရှေ့တွင်ဖွင့်လှစ်ထားသော လူမှုဖူလုံရေးရုံးသည်ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွားခွင့်ပိုက်ဆံများကိုမပေးတော့ခြင်း။

--- တွင်အလုပ်လုပ်ကိုင်နေသော အလုပ် သမားအမျိုးသမီးကို မီးဖွားရန်အတွက်ခွင့်ရက်ကို ရှေ့(၆)ပတ်နောက်(၈)ပတ် နားခွင့်ပေးထားပြီး လူမှုဖူလုံရေး ရုံးတွင်မီးဖွားခွင့် ပိုက်ဆံပြန်ထုတ်ရန်အတွက် စာရွက်စာတမ်းအထောက်အထား အပြည့်ဆုံးဖြင့်တင်ထား ရာတွင်စာရွက်စာတမ်း အထောက်အထားပေးပြီး နှစ်လသုံးလကြာသော်လည်း မီးဖွားခွင့်တင်းထားသောပိုက်ဆံရပြီလားလို့ ဖူလုံရေးရုံးသို့သွားမေးရာတွင် ဖူလုံရေးရုံးမှခံစားခွင့်ပိုက်ဆံမရဘူး ပယ်ချလိုက်တယ်လို့ ၎င်းဌာနနှင့်သက်ဆိုင်သူက‌ပြောပါတယ်။

မီးဖွားခွင့်ရပိုင်ခွင့်ရှိလို့တင်ထားတဲ့ အလုပ်သမားမှဖူလုံရေးကြေး ထည့်၀င်ထားသည်မှာ (၁၀)နှစ်ကျော်ပြီးဖြစ်ခြင်း၊ ၁၀နှစ်ကျော်ကာလမှာ တစ်ခါမှထည့်၀င်‌ကြေးငွေတာဝန် ကျေစွာဖြင့် မပျက်ကွက်ထည့်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုတော့မိမိခံစားခွင့်ကို သွားရောက်ထုတ်သည့်အချိန်မှာ ပယ်ချတယ်ဆိုတော့ ဘာကြောင့်ပယ် ချတာလဲ၊ ပယ်ချတယ်ဆိုရင်လည်း ကျွန်မမီးဖွားခွင့်တင်ထားတဲ့ စာရွက်စာတမ်း အထောက်ထားတွေပြန်ပေး လို့တောင်းတော့လည်း ဖူလုံရေးရုံးမှာမရှိတော့ဘူး ပျောက်သွားပြီလို့ပြောပါတယ်။

ကျွန်မတိုရဲ့ထည့်၀င်ထား‌ သောဖူလုံရေးကြေးတွေကို ခံစားခွင့်မရဘူးဆိုရင် မီးဖွားခွင့်ကိုမွေးစားရင်း အထောက်ထားမတင်ခိုင်းပဲအစထဲကပိုက်ဆံခံစားခွင့်မရှိဘူးပြောပါလား။ 

အခုဟာကမီးဖွားပြီး မွေးစရင်းအထောက်ထားအပြည့်အစုံ တောင်းပြီးမှ ပိုက်ဆံပေးရတော့မယ်ဆိုမှ ပယ်ချတယ်ဆိုတာက ဘယ်လိုမှယုတ်တိမတန်ခြင်း၊ မီးဖွားခွင့်   ပိုက်ဆံကိုခဏခဏလာမတောင်းနဲ့ ပိုက်ဆံရရင်ဖုန်းဆက်မယ်ပြောပြီး အခုဆိုရင်မီးဖွားပြီးလို့ကလေး (၈လသားအရွယ်တောင်ရှိနေပါပြီ လူမှုဖူလုံရေးရုံးမှ ကျွန်မတို့အလုပ်သမားများရဲ့ ထည့်ဝင်ကြေးကိုကောက် ခံယူပြီးအကျိုးခံစားခွင် ပြန်လဲမပေးဘဲ  အလုပ်သမားလုပ်အားခဖြင့် ထည့်၀င်ထားသောပိုက်ဆံကို ခေါင်းပုံ ဖြတ်နေခြင်းကို သက်ဆိုင်ရာလူကြီးမင်းများသိစေရန် တင်ပြအပ်ပါတယ်။

#အလုပ်သမားတစ်ဦး

 


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026