NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့ဆိုင်ရာ တိုင်ကြားစာ telegram Letterbox ဖွင့်လှစ်ထားကြောင်း အသိပေးချက်

CoverLogo
647 Views

လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ သတင်းပေးပို့ရာတွင်  telegram Letterbox 
http://t.me/MLNLetterBox ဖွင့်လှစ်ကြောင်း အလုပ်သမားထုကို အသိပေးလိုပါတယ်။ 

ပြည်တွင်းမှာ VPN ချိတ်ဆက်မှုအခက်အခဲကြောင့် လူမှုကွန်ယက်စာမျက်နှာ ဖြစ်တဲ့ ဖေစ့်ဘွတ်ခ် စာမျက်နှာတွေ အသုံးပြုရခက်ခဲနေတာကြောင့် telegram Letterbox ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ 

Myanmar Labour News  တင်ဆက်ပေးနေတဲ့ ပြည်တွင်းသတင်းများ၊ အလုပ်သမားရေးရာသတင်းများနှင့် ဆောင်းပါးများ၊ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ နောက်ဆုံးရသတင်းတွေကို ဖတ်ရှု့နိုင်ဖို့  Myanmar Labour News Application  https://bit.ly/3oNDLga ကို ဒေါင်းလုပ်ဆွဲထားနိုင်ပါတယ်။ 

Myanmar Labour News အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားထုရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေနှင့် အခက်အခဲများ၊ အလုပ်သမားတို့၏အသံများ၊ ဥပဒေရေးရာ သိမှတ်ဖွယ်ရာများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့ဆိုင်ရာကဏ္ဍ၊ အလုပ်ရှင် အလုပ်သမားရေးရာကဏ္ဍ၊ အလုပ်သမားများဥပဒေပါအချက်အလက်များအတိုင်းရပိုင်ခွင့်၊ လုပ်သားသမဂ္ဂများရဲ့ကဏ္ဍများ၊ လုပ်သားထုများရဲ့အသံများကို အစဉ်တစိုက်ထုတ်ဖော်တင်ပေးနေတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ကြားကာလမှာ အလုပ်သမားအစုအဖွဲ့တွေ ဖြစ်တဲ့ လုပ်သားသမဂ္ဂများ၊ သမဂ္ဂခေါင်းဆောင်များကိုစစ်အုပ်စုကဖမ်းဆီးခြင်း အလုပ်သမားအခွင့်အရေး မပေးလိုတဲ့ လုပ်ငန်းရှင်တွေက သမဂ္ဂများကိုဖြိုခွဲခြင်း တို့ကိုအစဥ်တစိုက်လုပ်ဆောင်လာခဲ့ကြပါတယ်။

အဲ့ဒီ့လိုလုပ်ဆောင်လာတဲ့အတွက် အလုပ်သမားများနစ်နာမှု့များစွာကြုံတွေ့ခဲ့ရပြီး၊ နစ်နာမှု့များအတွက် Myanmar Labour News မှစဥ်ဆက်မပြတ်လေ့လာစောင့်ကြည့်သတင်းထုတ်ပြန်ခြင်းများကို ပြုလုပ်ပေး နေသလို ဆက်လက် ဖော်ထုတ်တင်ပြပေးသွားမှလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စက်ရုံ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ စတဲ့ လုပ်ငန်း ကဏ္ဍအသီးသီးမှာ တည်ဆဲ အလုပ်သမားဥပဒေပါ လုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်လာကြသလိုစစ်အုပ်စုနဲ့အလုပ်ရှင်အချို့ပေါင်းပြီး လုပ်သားများအပေါ်ဖိနှိပ်မှု့တွေလဲစဥ်ဆက်မပြတ်ကျူးလွန်လာနေတာကိုတွေ့နေရပါတယ်။

ဒါကြောင့်မို့လို့လုပ်သားထုကြီးအနေနဲ့စစ်အုပ်စုနဲ့လက်ပါးစေလုပ်ငန်းရှင်တွေရဲ့ဥပဒေမဲ့လုပ်သားအခွင့်အရေးချိုးဖောက်တာတွေ၊ လုပ်ငန်းခွင်ဖိနှိပ်တာတွေကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားဖို့လိုအပ်ပါတယ်။

အဲ့ဒီ့လိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားမှသာ လုပ်သားထုကြီးခံစားနေရတဲ့နစ်နာမှု့တွေ၊ ဖိနှိပ်ခံရမှု့တွေကို အများပြည်သူ သိရှိပြီးကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူနိုင်မှာပါ။

လာရောက်တိုင်ကြားတဲ့ လုပ်သားပြည်တွေရဲ့ပုဂ္ဂလိကလုံခြုံရေးအချက်အလက်များကို Myanmar Labour News မှကာကွယ်ထိန်းသိမ်းသွားမယ့်အပြင်
တိုင်ကြာလိုသူလုပ်သားများဖက်မှ-
-စက်ရုံအမည် 
-စက်ရုံလိပ်စာ
-ကုန်အမှတ်တံဆိပ်
-ပိုင်ရှင်
-ချိုးဖောက်မှုများ
-သမဂ္ဂ ရှိ/မရှိ
-ဝန်ထမ်းဦးရေ
-ကျား မ
-လက်ရှိလုပ်ခလစာ
-ခွင့် ခံစားခွင့်
-OT
-ဖူလုံရေး
-အလုပ်ထုတ်ခံရမှု အကြောင်းအရာတို့ကိုတိကျခိုင်မာစွာရေးသားပေးပို့နိုင်ပါတယ်။

ပေးစာကဏ္ဍမှပေးပို့လာတဲ့အလုပ်သမားများရဲ့နစ်နာမှု့များကို Myanmar Labour News မှစီစစ်ပြီး ပေးစာကဏ္ဍမှာဖော်ပြပေးသွားခြင်း၊ သတင်းထုတ်ပြန်ဖော်ပြပေးခြင်းများကိုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
Twitter Link - https://twitter.com/mm_labournews

Gmail Link- myanmarlabournews@gmail.com


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026