SURVEY

အလုပ်သမားများ လုပ်ခလစာ အပြည့် ရမရ(သို့) မတ်လ ချိုးဖောက်မှုများ

CoverLogo
33 Views

Myanmar Labour News ရဲ့ website မှာ မတ်လအတွင်း ဖော်ပြထားတဲ့ အလုပ်သမားဥပဒေနဲ့ အခွင့်အရေး ချိုးဖောက်ခံရတဲ့ သတင်းတွေကို စိစစ်လေ့လာခဲ့ရာမှာ စက်ရုံလုပ်ငန်း ၃၂ ခု ပါဝင်တာကို တွေ့ရှိရပါတယ်။ 

ဒီစိစစ်လေ့လာမှုရဲ့ ရည်ရွယ်ချက်က အလုပ်သမားတွေ နစ်နာရတဲ့ အခြေခံ အကြောင်းအရာတွေကို ရှာဖွေပြီး ပြုပြင် ပြောင်းလဲ နိုင်မဲ့ နည်းလမ်းတွေ တွေ့ရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါ့ကြောင့် ဒီတွေ့ရှိ မှုတွေက အလုပ်သမား အကျိုးစီးပွားအတွက် ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း အသီးသီးအတွက်လည်း ရည်ရွယ်ပါတယ်။ 

သတင်းတွေထဲ ချိုးဖောက်မှုတွေက လူအခွင့်အရေး၊ ဥပဒေ၊ အလုပ်သမားအခွင့်အရေး၊ အလုပ်သမားဥပဒေ ချိုးဖောက်မှု နဲ့ ကျားမ စံနှုန်းခွဲခြားမှုတွေကို အခြေခံပြီး ကဏ္ဍ  ၂၇ခု ခွဲခြားပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ မတ်လ သတင်းတွေထဲမှာ အကြောင်းအရာ ၄ ခု ချိုးဖောက်တာ မတွေ့ရပါဘူး။ 

စက်ရုံလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်း ၃၆ ပုဒ် ကို မတ်လအတွင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ စက်ရုံ ၃၃ ရုံထဲမှာ တကြိမ်ထက် ဖော်ပြခံရတဲ့ စက်ရုံလုပ်ငန်း နှစ်ခု ပါဝင်ပါတယ်။ အဲဒီစက်ရုံတွေကတော့ Myanmar GiGi Leather  အိပ်ချုပ်စက်ရုံနဲ့ စကြာမင်း တိုင်းရင်းဆေး စက်ရုံတွေ ဖြစ်ပါတယ်။

Myanmar GiGi Leather  အိပ်ချုပ်စက်ရုံကတော အလုပ်သမားတွေက လုပ်ခလစာနဲ့ ရပိုင်ခွင့် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး စကြာမင်းတိုင်းရင်းဆေးစက်ရုံကတော့  အမျိုးသမီးအလုပ်သမားတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတာနဲ့ အလုပ်သမားဥပဒေကို ချိုးဖောက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

မတ်လအတွင်း သတင်းဖော်ပြထားတဲ့ စက်ရုံလုပ်ငန်းတွေရဲ့ လုပ်ငန်းအမျိုးအစားကတော့ ဖိုင်ဘာစက်ရုံ၊ ဆေးထိုးအပ်ထုတ်လုပ်တဲ့စက်ရုံ၊ တိုင်းရင်းဆေးစက်ရုံ၊ ထုတ်ပိုးစက်ရုံ၊ ပိုက်ဆံအိပ်၊ ဖိနပ်နဲ့ အထည်ချုပ်စက်ရုံနဲ့ မိုးကာစက်ရုံတွေ ဖြစ်ကြပြီး ချိုးဖောက်အများဆုံးကတော့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။ 

တွေ့ရှိချက် 

ဖော်ပြထားတဲ့ သတင်းတွေထဲက ဆန္ဒမပါဘဲ အချိန်ပိုလုပ်ကိုင်ရမှု အကြိမ် ၂၀၊ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေမှု ၁၆ ကြိမ်၊ လုပ်ခလစာ ဖြတ်တောက်ခံရမှု ၁၄ ကြိမ်၊ ဥပဒေပါခွင့်တွေ မရမှု ၁၃ ကြိမ်၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်မတဲ့ စက်ရုံ ၁၁ ရုံ၊ ဥပဒေမဲ့ အလုပ်ထုတ်မှု ၉ ကြိမ်၊ မမျှတတဲ့ အထည်စံချိန် တောင်းခံမှု ၉ ကြိမ်၊ လုပ်ငန်းခွင် ခွဲခြား ဆက်ဆံတာနဲ့ EC စာချုပ်ချိုးဖောက်မှု ၈ ကြိမ်စီ၊ ဆဲဆိုခိုင်းစေတာ၊ အသက်မပြည့်သည့် လုပ်သား ခိုင်းစေမှု၊ နေ့စားလုပ်သမားတွေအပေါ် ချိုးဖောက်မှုနဲ့ ရက်အစားလုပ်ကိုင်ခိုင်းမှုက  ၅ ကြိမ်စီ ၊ စက်ရုံစစ်ဆေးရေး အဖွဲ့တွေကို လိမ်လည် ဖြေကြား တိမ်း ရှောင်းခိုင်းမှု ၄ ကြိမ်၊ တောင်းဆို ဆန္ဒပြမှု နဲ့ အလုပ်ချိန် ၅ နာရီတဆက်တည်းခိုင်းစေမှု ၃ ကြိမ်စီ ၊ သမဂ္ဂဖြိုခွဲမှု ၊ ကြီးကြပ်သူ များက လုပ်ခငွေကြေးဖြတ်ယူမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ကိုယ်ဝန်ဆောင်များ ချိုးဖောက်ခံရမှု၊ WCC ဥပဒေကို ချိုးဖောက်မှုနဲ့ တခြား အလုပ်အမျိုးအစားများအား ခိုင်းစေမှုတွေက ၂ ကြိမ်စီနဲ့ လူမှုဖူလုံရေးဥပဒေ ချိုးဖောက်ခံမှု ၁ ကြိမ်  စတဲ့ ချိုးဖောက်မှုတွေကို တွေ့ရှိရပါတယ်။

ဇယား ၁

အများဆုံး ချိုးဖောက်ခဲ့တဲ့ အကြောင်းအရာ ကတော့  ဆန္ဒမပါဘဲ အချိန်ပိုလုပ်ကိုင်ခိုင်းတာနဲ့ လုပ်ခလစာ ဖြတ်တောက်မှုတွေ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခလစာ ဖြတ်ယူနိုင်တဲ့ အကြောင်းအရာက ဥပဒေမှာ အချက်အနည်းငယ်ပဲ ပါဝင်ပေမဲ့ စက်ရုံတွေဘက် ဥပဒေကို ကျော်လွန်ဆောင်ရွက်တာကို သတင်းတွေမှာ တွေ့ရပါတယ်။ 

ဒီ လုပ်ခလစာ ဖြတ်တောက်မှုတွေထဲမှာ နှစ်ဖက်သဘောတူ သတ်မှတ်ထားတဲ့ လုပ်ခလစာကို အပြည့် မပေးခဲတာတွေ ပါဝင်လာပြီး အရေအတွက်များတာကို  တွေ့ရပါ။

ဧပြီလအတွင်း လုပ်ခလစာ အပြည့်အဝ မပေးတဲ့ စက်ရုံ၊ စက်ရုံအမည်နဲ့ကို  TikTok လူမှုကွန်ရက်မှာ ပိုစ့်တင်ပြီး အကူအညီတောင်းတာကို တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာအထည်ချုပ်လောကမှ  လုပ်ခလစာ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဝန်ကြီးဌာနက အခြေခံလုပ်ခလစာ တိုးမြှင့်မပေးဘဲ ထောက်ပံကြေး ကျပ်နှစ်ထောင်တိုးမြှင့်ဖို့ ညွှန်ကြားခဲ့ပေမဲ့လည်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အထွေထွေစာရိတ်တွေ ကြီးမြင့်မှုကို အလုပ်သမားတွေ လိုက်မမီ နိုင် ဖြစ်ခဲ့ရတာပါ ။

ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် အထည်ချုပ် လုပ်သားတွေ အိမ်နီးချင်း နိုင်ငံတွေဆီ ပြောင်းရွှေ့လုပ်ကိုင်မှုက လုပ်အား လိုအပ်ချက်ကို သိသိသာသာ ဖြစ်ပေါ်စေခဲ့ပါတယ်။

မြန်မာ အထည်ချုပ်ကဏ္ဍရဲ့လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပြည်တွင်းအခြေစိုက် အထည်ချုပ်စက်ရုံတွေက လုပ်ခလစာတိုးမြှင့်ပေးပြီး အလုပ်သမားတွေကို ဆွဲဆောင်ခဲ့ ပါတယ်။ စက်ရုံတွေဘက်က လုပ်ခလစာ တိုးပေးဖို့ကလည်း စိန်ခေါ်မှုတွေ ရှိခဲ့လို့ ခေါင်းစဉ်(တိုင်) အမျိုးမျိုး ခွဲပြီး တိုးမြင့်ပေးခဲ့တာကို တွေ့ရပါတယ်။

ထောက်ပံကြေးနဲ့ လုပ်ငန်းရှင်တွေ တိုးမြှင့်ပေးတဲ့ လုပ်ခတွေက အလုပ်သမားတွေ တကယ်လိုအပ်တဲ့ အခြေလုပ်ခလစာကို တိုးမြှင့်မဟုတ်တာကြောင့် အလုပ်သမားတွေအတွက် နစ်နာမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

 ခိုင်မာမှုမရှိတဲ့လုပ်ခလစာတိုးမြှင့်ပေးမှုရဲ့ အကျိုးဆက်တခု မတ်လထဲခု ထင်ထင်ရှားရှားပေါ်ပေါက်လာပါတယ်။ 

တရုတ်နိုင်ငံသားပိုင် Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) မှာ ဖြစ်ပေါ်ခဲ့တာပါ။ စက်ရုံက အထည်စံချိန်တောင်းပြီး မပြည့်ပါက အလုပ်သမားတွေကို အော်ဟစ် ပြောဆိုတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 

 ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သား အင်အား (၅၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ  sinsay အမှတ်တံဆိပ်ချုပ် စက်ရုံလို့ သိရပါတယ်။  

 “အလုပ်ထဲမှာ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို မတရားတောင်းပါတယ်။ စက်လိုင်း တစ်လိုင်းမှာ လူ (၄၀)  ရှိတာကို ကုတ်အင်္ကျီလိုင်းပေါက်အထည် ဂွတ်ထည်ကို တစ်နာရီကို (၃၅) ထည်ထိ တောင်းပါတယ်။ အလုပ်မှာက လိုင်းတိုင်းလိုလိုမှာ အသက်မပြည့်သေးတဲ့ လူငယ်အလုပ်သမားတွေ ထည့်ထားတော့ အထည်က မနိုင်ပါဘူး။ အလုပ်လူပြည့်ရင်ပြီးရော တွေ့သမျှလူ ခေါ်ခန့်ပြီး အထည် အရေအတွက်ကျတော့ လူကြီး အလုပ်သမားတွေက ပိုပြီးပင်ပင်ပန်းပန်း ချုပ်နေရပါတယ်။ ကလေးတွေက အလုပ်ရှင်တောင်းတဲ့ အထည် စံချိန် ကို မချုပ်နိုင်ပါဘူး။ အလုပ်ရှင် ဘက်က သူတို့တောင်းတဲ့ စံချိန်ကို မရရင် တရုတ်အမျိုးသမီးကိုယ်တိုင်က အထည်လိုက် တောင်းပြီး မြန်မာလိုစကား မပီပေမယ့် အလုပ်သမားတွေကို အော်ဟစ်ပြောဆိုနေပါတယ်။ ကလေးတွေကိုလည်း ဆရာဝန် ထောက်ခံစာမပါဘဲ အလုပ်ခန့်ပါတယ်။ အသက်မပြည့်တာသိလည်း ခန့်ပါတယ်။ တကယ်လုပ်ရတော့ ကလေးတွေလည်း ပင်ပန်း၊ အထည်ကမရ ဖြစ်ပါတယ်။ အထည်မရရင် နေ့တိုင်းဆဲဆို ပါတယ်”လို့ စက်ရုံအလုပ်သမား တစ်ဦးက ပြောပါတယ်။ 

စက်ရုံဘက်က လုပ်ခလစာပေးချေရာမှာ အလုပ်ခေါ်ယူစဥ် ပြောဆိုတာနဲ့ ကွာဟမှုရှိတယ်လို့လည်း ပြောပါတယ်။ ဒေးကြေး၊ ရပိုင်ခွင့်နဲ့ ထောက်ပံ့ကြေး အားလုံးပေါင်း ကျပ် ၉၀၀၀ ကို  ပြောင်းလဲ သတ်မှတ်ပေးမယ်လို့  ဆိုပေမဲ့ ဂရိတ်ကြေးတွေ လျှော့ချမယ်ဆိုပြီး စက်ရုံဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။ အလုပ်သမားတွေက ကျေနပ်မှု မရှိလို့ အလုပ်သမားတချို့က အလုပ်မလုပ်ဘဲ ရပ်ခဲ့ပေမယ့် အလုပ်ရှင်ရဲ့ ဖိအားကြောင့် ပြန်လုပ်ခဲ့ရ ပါတယ်။ 

 “အချိန်ပိုအိုတီတွေကို အလုပ်သမားတွေဆန္ဒမပါဘဲ ခေါ်ချင်သလို ခေါ်နေပါတယ်။ အချိန်ပိုတွေကို ည (၈) နာရီခွဲ၊ (၉) နာရီခွဲအထိ ဆင်းခိုင်းပါတယ်။ အခါကြီးရက်ကြီးတွေလည်း အချိန်ပိုအိုတီခေါ်ပါတယ်။ အချိန်ပိုမဆင်းရင် အလုပ် ဖြုတ်ပါတယ်။ အရင်ကလည်း အချိန်ပိုမဆင်းလို့ အလုပ်ထုတ်တာတွေ ရှိခဲ့ပါ တယ်။ အလုပ်သမားတွေကို ရှောင်တခင်ခွင့်လည်း ခံစားခွင့်မပေးပါဘူး။ အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး၊ ထောက်ပံ့ကြေးပေါင်းပြီး (၈၀၀၀) ကျပ်နဲ့ ရက်မှန်ကြေး (၅၀၀၀၀) ကျပ် အကုန်ဖြတ်ပါတယ်။ စက်ရုံက ဖယ်ရီတွေက ကားနှစ်စီးလောက်မှ အဆင်ပြေမယ့် ၊ လူဦးရေကို ကားတစ်စီးတည်းပေးပြီး၊ မရ ရအောင် စီးခိုင်းပါတယ်။ တချို့မိန်းကလေးတွေဆို အနောက်က တွယ်စီးရပါတယ်။ EC စာချုပ်လည်း တစ်နှစ်ရှိနေပေမယ့် အခုထိ အလုပ်သမားတွေ လက်ထဲမရ သေးပါဘူး။ ဆေးခန်းမှာလဲ ဆေးကော၊ ဆရာမပါ မရှိပါဘူး။ ဆေးခန်းဆရာမက HR ဌာနမှာ တောက်တိုမယ်ရ လုပ်ပေးနေရပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

ဒီက စက်ရုံက အရင် ရွှေလင်ဗန်းစက်မှုဇုန်ထဲမှာ ဖွင့်ထားပြီး   မြစိမ်းရောင်စက်မှုဇုန်မှာ အမည်ပြောင်း ဖွင့်ထားတာလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်မှာ ချိုးဖောက်မှုသတင်းဖော်ပြခံရလို့ အလုပ်သမားရုံးက လာစစ်ပေမဲ့ အလုပ်ရှင်က သင်ကြားပေးတဲ့ အလုပ်သမားတွေကို ဖြေကြားခိုင်းတယ်လို့လည်း ဆိုပါတယ်။ 

သတင်းဖော်ပြထားသည့် စက်ရုံများ

၂၀၂၅ ခုနှစ် မတ်လ အတွင်း သတင်းဖော်ပြထားသည့် စက်ရုံလုပ်ငန်းများ
No စက်ရုံ/ လုပ်ငန်း အမည် လုပ်ငန်းအမျိုးအစား ထုတ်ကုန်အမှတ်တံဆိပ် တည်နေရာ သတင်း
1 FZ GARMENT Co.ltd အထည်ချုပ် DUNLOP, ikka , Functionality makes your life comfortable ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်း https://www.myanmarlabournews.com/posts/အထည်စံချိန်အလွန်အကျွံတောင်းခံကာ-ဖိအားပေး-ပြောဆိုခိုင်းစေ
2 Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) အထည်ချုပ် Sinsay ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်း https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်တွင်း-ချိုးဖောက်မှုများကို-လာရောက်စစ်ဆေးသော်လည်း-ဆက်လက်ချိုးဖောက်နေဆဲဖြစ်
3 Yuan Hong Garment Co.,Ltd အထည်ချုပ် CLOSSHI၊ JP၊ Lugnoncure၊ BLACK NUMBER ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း https://www.myanmarlabournews.com/posts/စက်ရုံနှစ်ခုစာအတွက်-တစ်လလုံးပိတ်ရက်မပေးဘဲ-အချိန်ပိုခိုင်းစေနေ
4 Preclo Myanmar Co.,Ltd အထည်ချုပ် AIRCRAFT,BURTLE ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ တိုးချဲ့စက်မှုလမ်းသွယ် ၁လမ်း https://www.myanmarlabournews.com/posts/preclo-myanmar-အထည်ချုပ်-စက်ရုံ-အချိန်ပို-ခြိမ်းခြောက်-အတင်းအကျပ်-ခိုင်းစေ
5 Sunme (Myanmar) Industrial Ltd အထည်ချုပ် TopTex၊ NEXT လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊မြခေတ္တာလမ်း https://www.myanmarlabournews.com/posts/myanto-အထည်ချုပ်-ပယ်ထည်-တခါကျ-ကျပ်-ထောင့်ငါးရာဖြတ်
6 Myanto Industrial Co.,Ltd အထည်ချုပ် October, AMISU, aero guard ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၃၊ မင်းကြီးမဟာမင်းခေါင်လမ်း https://www.myanmarlabournews.com/posts/sunme-myanmar-အထည်ချုပ်-လူမှုဖူလုံရေး-ခွင့်အား-ငြင်းပယ်ပြီး-ရက်ပျက်သတ်မှတ်-လစာ-ဖြတ်
7 XING YUAN ( Myanmar) Co.,Ltd အထည်ချုပ်   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ရာဇာဓိရာဇ်လမ်း https://www.myanmarlabournews.com/posts/xing-yuan-myanmar-coltd-အထည်ချုပ်-နားချိန်မပေးဘဲ-အချိန်ပို-ဆက်တိုက်ခိုင်း
8 He MeT Company Limited အထည်ချုပ် CHAPTER,MAKE TODAY AMAZING, Pageone, JEAN PASCALE ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အလယ်ရွာ၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း၊ မီတာရုံဘေး https://www.myanmarlabournews.com/posts/he-met-စက်ရုံ-ခွင့်မပေးဘဲ-ရက်ပျက်ဆိုပြီး-ဒေးကြေး-ဖြတ်
9 JinKai Manufacturing(Myanmar) Co.,Ltd အထည်ချုပ် LC Walklkl, macron ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မဟူရာလမ် https://www.myanmarlabournews.com/posts/jinkai-အထည်ချုပ်-အချိန်ပိုခေါ်-အတင်းအကျပ်ခေါ်ယူပြီး-လိမ်လည်-ဖြေခိုင်း
10 SDI Manufacturing Co.,Ltd အထည်ချုပ်   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန် https://www.myanmarlabournews.com/posts/sdi-အထည်ချုပ်-စစ်တပ်-တပ်စွဲထားပြီး-hr-မှ-ခြိမ်းခြောက်ခိုင်းစေ
11 SM Myanmar Garment အထည်ချုပ်   ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း https://www.myanmarlabournews.com/posts/sm-myanmar-garment-စက်ရုံ-အချိန်ပိုအတင်းအကျပ်ဆင်းခိုင်းပြီး-ငွေကြေးမပေး
12 မြန်မာရှိုင်းလုံ မိုးကာစက်ရုံ   ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ အမှတ်(၂၃)၊ ဗိုလ်တိုက်ချွန်းလမ်း နှင့် စက်မှုဒေသလမ်း https://www.myanmarlabournews.com/posts/အလုပ်သမားအခွင့်အရေးချိုးဖောက်လို့-တိုင်ကြားတဲ့အလုပ်သမားတွေကိုဖမ်းဆီး-ခြိမ်းခြောက်
13 Fitex (Myanmar) Garment Manufacturing Co,Ltd အထည်ချုပ် FSBN, SMOG,AMISU, Macron, ikka လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေလင်ဗန်းဆေးရုံ ရှေ့၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့် https://www.myanmarlabournews.com/posts/အခွင့်အရေး-ချိုးဖောက်မှုများကို-ပြောဆိုသည်ဟု-သံသယရှိသည့်-အလုပ်သမားတိုင်းကို-သုံးနာရီကြာ-စစ်ဆေးပြီး-အလုပ်ထွက်သည်အထိ-ဖိအားပေး
14 Fook Hing Paper Packaging ထုတ်ပိုးစက်ရုံ   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိမ်လမ်း https://www.myanmarlabournews.com/posts/fook-hing-paper-packaging-စက်ရုံ-လုပ်သက်ခွင့်-၂-နှစ်ပြည့်မှရပြီး-ပိတ်ရက်များအတွက်-ထောက်ပံကြေး-မပေး
15 LITA MYANMAR Co.,Ltd အထည်ချုပ် BURTLE, URBAN RESEARCH DOORS, Golden Bear ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄) ၊ စက်ဆရာဦးထွန်းလမ်း https://www.myanmarlabournews.com/posts/အလုပ်ပိတ်ရက်-မပေးဘဲ-တစ်ဖက်သတ်-ခိုင်းစေ
16 Beaume International Garment Mfg Limited အထည်ချုပ် I’Z FRONTIER,NEO ENGINEER GEAR ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်း https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်တွင်း-ချိုးဖောက်မှုများကို-ဝန်ကြီးဌာန-တာဝန်ရှိသူများ-လာရောက်စစ်ဆေး-သော်လည်း-ပြောင်းလဲမှုမရှိ
17 HUNTER TEXTILE Co.,Ltd အထည်ချုပ် essentials , OVS ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ် ၊ စက်မှုဇုန် ၄ ၊ မြဝတီမင်းကြီးလမ်း https://www.myanmarlabournews.com/posts/hunter-textile-စက်ရုံ-သင်္ကြန်ပိတ်ရက်-အတွက်-ရက်အစားထိုး-လုပ်ကိုင်ခိုင်းနေ
18 Peak Outdoor (Yangon) Co.,Lt အထည်ချုပ် INAREM ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ် ၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြသရဖီလမ်း https://www.facebook.com/myanmarlabournews/posts/pfbid02ttP9MsPdiE6KduhQqyLrN8DCTNcvHqey6m5VWrEz42Ko1vhZtB79yACfwT1QpALQl
19 Sanyuan (Myanmar) Apparel Manufacturing Co., Ltd အထည်ချုပ် LC Waikiki ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ ဧရာဝတီလမ်း https://www.myanmarlabournews.com/posts/sanyuan-အထည်ချုပ်-ec-စာချုပ်-ချိုးဖောက်၊-လက်မှတ်ထိုင်းခိုင်း
20 Dishang Fashion (Myanmar) Co.,L.td အထည်ချုပ် Only ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာ မင်းခေါင်လမ်း https://www.myanmarlabournews.com/posts/dishang-fashion-အထည်ချုပ်-သမဂ္ဂခေါင်းဆောင်ဟောင်းအား-အတင်းအကျပ်-အလုပ်ထုတ်
21 Dong Yu အထည်ချုပ် WindCore မြစိမ်းရောင်စက်မှုဇုန် https://www.myanmarlabournews.com/posts/dong-yu-စက်ရုံ-တွင်-ည-၁၁-နာရီထိ-အချိန်ပိုခိုင်းစေပြီး-လုံခြုံရေးတာဝန်မယူဟု-ပြောဆို
22 GTIG Easter Garment အထည်ချုပ် CALLIOPE , ALLER Bien Sport ရန်ကုန်မြို့ ၊ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန် https://www.myanmarlabournews.com/posts/gtit-easter-garment-စက်ရုံ-ရုံးပိတ်ရက်-အချိန်ပို-ဆက်တိုက်-ခိုင်း
23 Myanmar Fala Fala Clothing Co.,Ltd အထည်ချုပ်   ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ် https://www.myanmarlabournews.com/posts/myanmar-fala-fala-clothing-coltd-အချိန်ပို-အတင်းအကျပ်ခိုင်း
24 Myanmar GiGi Leather ပိုက်ဆံအိပ်   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပုလဲလမ်း https://www.myanmarlabournews.com/posts/လုပ်ခလစာတိုးပေးဖို့-myanmar-gigi-leather-ပိုက်ဆံအိတ်စက်ရုံ-အလုပ်သမား၂ထောင်ခန့်ဆန္ဒပြတောင်းဆို
25 New Plus အထည်ချုပ်   သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း (နွားခြံမှတ်တိုင်အနီး) https://www.myanmarlabournews.com/posts/new-plus-စက်ရုံ-အစားထိုး-ပိတ်ရက်-တဖက်သတ်-ဆုံးဖြတ်
26 Prettex Myanmar အထည်ချုပ် Have a wonderful day , Chinese National Geography ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် https://www.myanmarlabournews.com/posts/prettex-myanmar-စက်ရုံ-နားရက်မပေးဘဲ-ဆက်တိုက်-ခိုင်းစေနေ
27 စကြာမင်းစက်ရုံ တိုင်းရင်းဆေးစက်ရု့ စကြာမင်း ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဥယျာဉ်မြို့တော်၊ ရန်ကုန်စက်မှုဇုန် https://www.myanmarlabournews.com/posts/အမျိုးသမီးအလုပ်သမားတွေ-လုံခြည်လှန်ပြီး-ဓမ္မတာလာ-မလာစစ်ဆေးခံခဲ့ရတဲ့အပေါ်-အရေးယူပေးစေလို
28 Alpha Best Global Limited အထည်ချုပ် GEOX ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန် https://www.myanmarlabournews.com/posts/alpha-best-global-limited-ဖိနပ်စက်ရုံတွင်-လုပ်ခလစာ-တိုးမြှင့်ပေးရေး-တောင်းဆို
29 Golden Storage Eagle (PVC Door Joy Fiber Glasses) Fiber   ရန်ကုန်မြို့၊ ဒဂုံမြိုသစ်(တောာင်ပိုင်း)စက်မှုဇုန်၁ ၊ကျန်စစ်သားလမ်း https://www.myanmarlabournews.com/posts/အများပြည်သူအလုပ်ပိတ်ရက်တွင်-ခိုင်းစေမှုတွေ-ရှိနေ
30 Myanmar Jick Young ဆေးထိုးအပ်   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ မင်းသိဒ္ဒိကျော်စွာလမ်း https://www.myanmarlabournews.com/posts/အများပြည်သူအလုပ်ပိတ်ရက်တွင်-ခိုင်းစေမှုတွေ-ရှိနေ
31 Sunrise Myanmar Fashion Garment အထည်ချုပ်   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄ ၊ ကျောက်စိမ်း လမ်း https://www.myanmarlabournews.com/posts/sunrise-myanmar-fashion-garment-စက်ရုံ-ပိတ်ရက်-အစားထိုး-လုပ်ကိုင်ခိုင်းမှု-အိုတီလုပ်ခများ-နစ်နာရ
32 Universal Apparel Co,Ltd အထည်ချုပ် MOORES, DUMRP, Dutmp, TMW,ELCORTE, SUNYOUTH,URBANT,SSTS ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ငွေပင်လယ်စက်မှုဇုန် https://www.myanmarlabournews.com/posts/universal-apparel-စက်ရုံအကြီးအကဲများအတွက်ဆိုပြီး-အလုပ်သမားတဦး-ကျပ်-နှစ်သောင်း-အထိ-ဖြတ်ယူ
ချိုးဖောက်မှု အများအနည်းကို အစဉ်လိုက် ဖော်ပြထားသည်

ချိုးဖောက်မှုနှင့် စက်ရုံများ

Myanmar Labour News မှာ မတ်လအတွင်း ဖော်ပြထားထဲ့ သတင်းတွေထဲက ချိုးဖောက်မှု အများဆုံး အကြောင်းအရာ ငါးခုနဲ့ စက်ရုံတွေကို အဓိကထား‌ ဖော်ပြမှာ ဖြစ်ပါတယ်။ ချိုးဖောက်ခံရမှု အများဆုံး အကြောင်းအရာကတော့ အလုပ်သမားတွေ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ 

ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ရခြင်း

စက်ရုံအလုပ်ရုံတွေမှာ အများဆုံး ချိုးဖောက်နေတဲ့ အကြောင်းအရာ တခုဖြစ်ပြီး အလုပ်သမားတွေအတွက် ဥပဒေအရ၊  အခွင့်အရေးအရ ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလုပ်ရုံများ အက်ဥပဒေအရ လုပ်ငန်းခွင်က အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေခွင့်မရှိသလို ၊ တပတ်အတွက် အချိန်ပိုကို နာရီ ၂၀ ပဲ လုပ်ကိုင်ခွင့် ပေးထားပါတယ်။ လူအခွင့်အရေး ကြေညာ စာတမ်းရဲ့ အပိုဒ် ၄ မှာဆို မည်သူ့ကိုမျှ အဓမ္မခိုင်းစေခွင့် မပြုထားပါဘူး။

မတ်လအတွင်း အလုပ်သမားတွေ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ရတယ်ဆိုတဲ့ စက်ရုံများစုကတော့ အထည်ချုပ် စက်ရုံတွေဖြစ်ပြီး ၊Fiber စက်ရုံ၊ ဆေးထိုးအပ် ထုတ်လုပ်တဲ့စက်ရုံနဲ့ မိုးကာစက်ရုံ တွေပါဝင်တာကို တွေ့ရပါတယ်။

အဲဒီစက်ရုံတွေကတော့  Fitex (Myanmar) Garment Manufacturing Co,Ltd ၊ Beaume International Garment Mfg Limited ၊ Dong Yu ၊ FZ GARMENT Co.,Ltd ၊ Golden Storage Eagle (PVC Door Joy Fiber Glasses) ၊ GTIG Easter Garment ၊ HUNTER TEXTILE Co.,Ltd ၊ JinKai Manufacturing(Myanmar) Co.,Ltd ၊ LITA MYANMAR Co.,Ltd ၊ Myanmar Fala Fala Clothing Co.,Ltd  ၊ Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) ၊ Myanmar Jick Young ၊ Myanto Industrial Co.,Ltd ၊ Preclo Myanmar Co.,Ltd ၊ Prettex Myanmar၊ SM Myanmar Garment ၊ Sunme (Myanmar) Industrial Ltd ၊ XING YUAN ( Myanmar) Co.,Ltd ၊ Yuan Hong Garment Co.,Ltd နဲ့ Myanmar Shuang Long (မြန်မာရှိုင်းလုံ) စက်ရုံတွေ ဖြစ်ပါတယ်။ 

ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ပေးရတာကြောင့် လုပ်ခလစာမရဘဲ လုပ်အားခေါင်းပုံ အဖြတ်ခံရတာ၊ အလုပ်အကိုင်အတွက် ခြိမ်းခြောက်တာ၊ လုံခြုံရေးဆိုင်ရာ အာမခံချက်မရှိလို့ စိုးရိမ်ကြောက်လန့်မှု ဖြစ်ပေါ်တာ၊ နေထိုင် စားသောက် အိပ်စက်ရေး အခက်အခဲ ဖြစ်တာ၊ လုပ်ခမပေးတာ၊ ကြိုပို့ယာဉ် စီစဉ်မပေးတာကြောင့် ကုန်ကျစာရိတ်ပိုမိုများပြားတာ၊ ပုံမှန် အလုပ်ချိန် ထက် ပိုမိုပင်ပန်းတာ၊ အလုပ်ဖြုတ်ခံရတာ၊အနားယူချိန် နည်းပါးတာ စတာတွေကို အလုပ်သမားတွေ ခံစားရတာကို တွေ့ရပါတယ်။ 

ဖိအားပေး ခြိမ်းခြောက်ခိုင်းစေခြင်း

မတ်လအတွင်း ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတယ်ဆိုတဲ့ စက်ရုံ ၁၆ ရုံ ရှိတာကိုတွေ့ရပါတယ်။ ဒီချိုးဖောက်တွေကို အထည်ချုပ်စက်ရုံတွေ အများဆုံးဖြစ်ပွားတာတွေ့ရပြီး ထုတ်ပိုးစက်ရုံနဲ့ မိုးကာစက်ရုံ ပါဝင်တာကိုလည်း တွေ့ရပါတယ်။ 

မတ်လအတွင်း စစ်ကောင်စီက ဝန်ထမ်းတွေအတွက်ရည်ရွယ်တဲ့ ပိတ်ရက်ရှည်က စက်ရုံအလုပ်ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီပိတ်ရက်နဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက ရှင်းလင်းတဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာမရှိခဲ့သလို  ဒီလို ထုတ်ပြန်မှုမရှိတာကို စက်ရုံအလုပ်ရုံပိုင်ရှင်တချို့က အသုံးချခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီပိတ်ရက်ရှည်က အလုပ်သမားတွေအတွက် ပိတ်ရက်ရှည်မဖြစ်ခဲ့တဲ့အပြင် ပိတ်ရက်တွေမှာ ပုံမှန်လုပ်ခနဲ့ ရက်အစား လုပ်ကိုင်ပေးရပြီး ခြိမ်းခြောက်ဖိအားပေး ခိုင်စေခံရလို့ နစ်နာမှုတွေ ရှိခဲ့ပါတယ်။ 

ဖိအားပေး ခြိမ်းခြောက် ခိုင်းစေမှုတွေမှာ အလုပ်ဖြုတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ ရပိုင်ခွင့်တွေ လျှော့မယ် ဆိုပြီးခြိမ်းခြောက်တာ၊ အငြိုးထားဆက်ဆံခံရတာ၊ အော်ဟစ်ပြောဆိုခံရတာ၊ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ခြိမ်းခြောက်တာ စတာတွေ ဖြစ်ပါတယ်။

ဖိအားပေးခြိမ်းခြောက်တယ်ဆိုတဲ့ စက်ရုံတွေကတော့ Dishang Fashion (Myanmar) Co.,L.td ၊ Dong Yu၊ Fitex (Myanmar) Garment Manufacturing Co.,Ltd ၊ Fook Hing Paper Packaging ၊ HUNTER TEXTILE Co.,Ltd  ၊ Myanmar Fala Fala Clothing Co.,Ltd ၊ Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) ၊ Myanto Industrial Co.,Ltd ၊ Peak Outdoor (Yangon) Co.,Lt ၊ Preclo Myanmar Co.,Ltd ၊ Prettex Myanmar ၊ Sanyuan (Myanmar) Apparel Manufacturing Co., Ltd ၊ SDI Manufacturing Co.,Ltd  ၊ XING YUAN ( Myanmar) Co.,Ltd ၊ Yuan Hong Garment Co.,Ltd နဲ့ Myanmar Shuang Long (မြန်မာရှိုင်းလုံ) မိုးကာစက်ရုံ ဖြစ်ပါတယ်။ 

လုပ်ခလစာ ဖြတ်တောက်ခံရခြင်း

မြန်မာအလုပ်သမားဥပဒေအရ အလုပ်သမားတွေဆီက လုပ်ခလစာ ဖြတ်တောက်ခွင့်မရှိပေမဲ့ စက်ရုံအလုပ်ရုံတွေမှာတော့ လစာနဲ့ ရပိုင်ခွင့်တွေ ဖြတ်တောက်တာတွေရှိနေတာပါ။ 

မတ်လအတွင်း လုပ်ခလစာ ဖြတ်တောက်မှုတွေကတော့ ရက်မှန်ကြေး ဖြတ်တာ၊ ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ထောက်ပံ ကြေး မပေးတာ၊ သတ်မှန်လုပ်ခစာကို အပြည့်မပေးတာ၊ ခွင့်မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ဒေးကြေးနဲ့ ရက်မှန်ကြေးတွေ ဖြတ်တာ၊ အချိန်ပိုခမပေးတာ၊ ပယ်ထည်ကျလို့ လုပ်ခဖြတ်တာ၊ စက်ရုံပွဲတွေနဲ့ လူမှုရေးကိစ္စတွေအတွက် အတင်းအကျပ် ငွေကောက်ခံတာတွေ  ဖြစ်ပါတယ်။

ဒီလို လုပ်ခလစာ ဖြတ်တောက်တဲ့ စက်ရုံပေါင်း  ၁၄ ရုံပါဝင်ပြီး အထည်ချုပ်စက်ရုံတွေ၊ ထုတ်ပြီးစက်ရုံနဲ့ မိုးကာစက်ရုံပါဝင် တယ်။ 
Fook Hing Paper Packaging  ၊ FZ GARMENT Co.,Ltd ၊ GTIG Easter Garment ၊ JinKai Manufacturing (Myanmar) Co.,Ltd ၊ LITA MYANMAR Co.,Ltd ၊ Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) ၊ Myanto Industrial Co.,Ltd ၊ Preclo Myanmar Co.,Ltd ၊ SDI Manufacturing Co.,Ltd ၊ SM Myanmar Garment ၊ Universal Apparel Co,Ltd ၊  XING YUAN ( Myanmar) Co.,Ltd၊ Yuan Hong Garment Co.,Ltd နဲ့ Myanmar Shuang Long (မြန်မာရှိုင်းလုံ) မိုးကာစက်ရုံတွေမှာ လုပ်ခလစာ ဖြတ်တောက်တယ်ဆိုတာကို တွေ့ရပါတယ်။ 

ဥပဒေပါ ခွင့်တွေ မရခြင်း

 မြန်မာအလုပ်သမားဥပဒေမှာ အလုပ်သမားတွေအတွက် ခွင့်ရက်တွေကို တိတိကျကျ ပြဌာန်းထားပြီး အလုပ်သမားတွေ ခွင့်မရတာကို ချိုးဖောက်ခံရဆုံး အကြောင်းအရာ ဖြစ်ပါတယ်။ ဥပဒေတွေထဲမှာ ရှောတင်ခင်ခွင့်အမျိုးအစားတွေနဲ့ လူမှုဖူလုံရေးခွင့်တွေ ရှိပေမဲ့ အဲဒီခွင့်တွေအားလုံး စက်ရုံအများအစုက ငြင်းပယ်နေကြတာပါ။ ဒီ ငြင်းပယ်မှုတွေကြောင့် ရက်ပျက်သက်မှတ်ပြီး လုပ်ခလစာဖြတ်တာပါ။ ရက်ပျက်သုံးကြိမ်ဆို အလုပ်ထုတ်တဲ့ အထိ အရေးယူကြပါတယ်။ ခွင့်အမျိုးအစားထဲက လုပ်သက်ခွင့်လည်း အလုပ်သမားတွေ မရကြပါဘူး။ 
လူမှုဖူလုံရေးထည့်ဝင်ငွေ လစဉ်ထည့်ပေမဲ့ ဆေးခွင့်၊ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ ခွင့်တွေ ခံစားခွင့်မရတဲ့ စက်ရုံအလုပ်သမားတွေ ရှိနေပါတယ်။

မတ်လအတွင်း ခွင့်ခံစားခွင့်တွေ မရဘူးဆိုတဲ့ စက်ရုံ ၁၃ ရှိတာတွေ့ရပါတယ်။ အဲဒီစက်ရုံတွေကတော့ အထည်ချုပ်စက်ရုံတွေ အများဆုံးဖြစ်ပြီး ထုတ်ပိုးစက်ရုံတရုံပါဝင်ပါတယ်။ 

Fook Hing Paper Packaging၊ FZ GARMENT Co.,Ltd ၊ He MeT Company Limited ၊ JinKai Manufacturing (Myanmar) Co.,Ltd ၊ LITA MYANMAR Co.,Ltd ၊ Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) ၊ Myanto Industrial Co.,Ltd ၊ Peak Outdoor (Yangon) Co.,Ltd ၊ Preclo Myanmar Co.,Ltd ၊ SDI Manufacturing Co.,Ltd ၊ Sunme (Myanmar) Industrial Ltd ၊ XING YUAN ( Myanmar) Co.,Ltd နဲ့ Yuan Hong Garment Co.,Ltd စတဲ့ စက်ရုံက အလုပ်သမားတွေ ခွင့်ရက်တွေ မရဘူးလို့ သိရပါတယ်။ 

ကောင်းမွန်တဲ့ လုပ်ငန်းခွင်မဖြစ်ခြင်း

၁၉၅၁ ခုနှစ် အလုပ်ရုံများအက် ဥပဒေမှာ ကောင်းမွန်တဲ့ လုပ်ငန်းဖြစ်ဖို့  ရှိသင့်ရှိထိုက်တဲ့ အခြေအနေတွေကို ပြဌာန်း သတ်မှတ် ထားပါတယ် ။ အဲဒီ ဥပဒေ အခန်း ၃ ကျန်းမာရေးအခန်းမှာ သုတ်သင်ရှင်းလင်းရေး၊ လေဝင်လေထွက်နဲ့ အပူအအေးမျှတရေး၊ အမှုန်များနှင့် အခိုးအငွေ့များ၊ လေထုစိုထိုင်းခြင်း၊ လူထူထပ်ခြင်း၊ အလင်းရောင်ရခြင်း၊ သောက်ရေ၊ သန့်စင်ခန်း၊ အမှိုတ်ပုံးများ ဆိုပြီး ပြဌာန်းထားပါတယ်။ 
ဒါ့အပြင် ကြိုပို့ယာဉ်ပတ်သက်ပြီး သီးခြားဖော်ပြချက်ကို EC စာချုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဥပဒေပါ ပြဌာန်းချက်တွေ မလိုက်နာတဲ့ စက်ရုံတွေကြောင့် အလုပ်သမာတွေ ထိခိုက်ခံစားနေတာဖြစ်ပါတယ်။

မတ်လအတွင်းဖော်ပြထားတဲ့  သတင်းတွေထဲမှာ လုပ်ငန်းခွင်အတွင်း မပြည့်စုံမှုတွေ ရှိနေတယ်ဆိုတဲ့ စက်ရုံတွေကတော့ Fook Hing Paper Packaging ၊ FZ GARMENT Co.,Ltd၊ He MeT Company Limited ၊ Myanmar Fala Fala Clothing Co.,Ltd၊ Myanmar Huasheng Kefu Fashion Co.,Ltd (Victory Fashion) ၊ Preclo Myanmar Co.,Ltd၊ SDI Manufacturing Co.,Ltd၊ SM Myanmar Garment ၊ Sunme (Myanmar) Industrial Ltd၊ XING YUAN ( Myanmar) Co.,Ltd ၊ Yuan Hong Garment Co.,Ltd စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ 
စက်ရုံတွေမှာ ဆေးခန်းနဲ့ သူနာပြုတွေမရှိတာ၊ အသုံးပြုဖို့ ဆေးမရှိတာ၊ ဆေးတောင်းဖို့ ခက်ခဲတာ၊ ကြိုပို့ယာဉ်တွေ မလုံလောက်တာ ကျပ်တည်းတာ၊ စီစဉ်မပေးတာ၊ သန့်စင်ခန်းတွေ သန့်ရှင်းမရှိတာ၊ လုံခြုံမှုမရှိတာနဲ့ မလုံလောက်တာ၊ သောက်ရေ မကောင်းတာနဲ့ သန့်ရှင်းမှုမရှိတာတွေကို အလုပ်သမားတွေ ကြုံတွေ့ရတာကိုတွေ့ရပါတယ်။ 

မတ်လအတွင်း ထူးခြားချက်

မတ်လအတွင်း ဖော်ပြထားတဲ့ သတင်းတွေထဲမှာ ရက်အစား လုပ်ကိုင်ပေးရတာ၊ ဥပဒေမဲ့ အလုပ်ထုတ်တာ၊ တောင်းဆိုဆန္ဒပြတာ၊  အလုပ်ချိန် ၅ နာရီကျော် တဆက်တည်း ခိုင်းစေခံရတာတွေ  နဲ့ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရတာတွေ၊ တခြားအလုပ် လုပ်ကိုင်ပေးရတာတွေက ထူးခြားချက်အတွေဖြစ်ပါတယ်။

သာမန်မဟုတ်တဲ့ ပိတ်ရက်တွေကြုံရတိုင်း စက်ရုံအလုပ်ရုံက အလုပ်သမားတွေမှာ နားရက်မရတဲ့အပြင် လုပ်ခလစာ လျော့ရတဲ့ နစ်နာမှုတွေနဲ့ ကြုံခဲ့ရတာပါ။ အလုပ်သမားတွေ စည်းကမ်းဖောက်ဖျက်လို့ဆိုပြီး အလုပ်ထုတ်တယ်ဆိုပေမဲ့   ဥပဒေနဲ့ မညီတဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး   အလုပ်ထုတ်ခဲ့တာကို တွေ့ရပါတယ်။ 

လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် စက်ရုံလုပ်ငန်းခွင်အတွင်းတောင်းဆိုမှုတွေ ဆက်လက်ဖြစ်ပွားနေက အလုပ်သမားတွေမှာ ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာကို တူညီစွာ မရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အလုပ်ချိန် ၅ နာရီကျော် တဆက်တည်း ခိုင်းစေတာတွေကလည်း အထိန်းအကွပ်မရှိ ဆက်လက် ဖြစ်ပွားနေပြီး တချို့စက်ရုံတွေက အကြိမ်ကြိမ် သတင်းဖော်ပြခံရပေမဲ့ ပြုပြင်ပြောင်းမှုမရှိတာကို တွေ့ရပါတယ်။ 

လိင်ပိုင်းဆိုင် ကျူးလွန်တာတွေက မမျှော်လင့်နိုင်တဲ့ အခြေအနေတွေမှာ ဖြစ်ပေါပြီး တဦးတယောက်တည်း ခံစားရတာ မဟုတ်ဘဲ အလုပ်သမားအများခံစားရတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အရေးယူမှု၊ တာဝန်ယူမှုတွေက ပေါ်ပေါက်အောင် ကြီးကြပ်မှုမရှိတာကြောင့် အလုပ်သမားတွေမှာ ခြိမ်းခြောက်ခံရပြီး ပိုမို နစ်နာ ခဲ့ရတာကို တွေ့ရပါတယ်။

 Myanmar Labour News အနေနဲ့ သတင်းဖော်ပြချက်တွေထဲက အလုပ်သမားနစ်နာမှုတွေကို ဆက်လက် စိစစ်ပြီး တွေ့ရှိချက်တွေကို လစဉ် ဆက်လက်ဖော်ပြသွားမှာ ဖြစ်လို့ အလုပ်သမားကဏ္ဍမှာ ပါဝင် ဆောင်ရွက် နေသူ အာလုံးလည်း အခုတွေ့ရှိချက်တွေ အသုံးချနိုင်ဖို့ မျှော်လင့်ထားကြောင်း တင်ပြလိုက်ပါတယ်။ 

ရေးသားသူ    - မင်းနီကျော်
တည်းဖြတ်    - ဆုလာဘ်ဖြူ
ဒီဇိုင်း        -     ကျော်ကြီး

သတင်းရေးသားသူများ
- ဆုလာဘ်ဖြူ
- မင်းနီကျော်
- မမ
- ယွန်းဆက်

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

Myanmar Labour Society 
Research Team

Download PDF