NEWS

လှိုင်သာယာမြို့နယ် ရေဥက္ကံရပ်ကွက်အတွင်း ညစဉ် စစ်မှုထမ်းအတွက် လူဆွဲနေ

CoverLogo
892 Views

ပေးစာ
အယ်ဒီတာခင်ဗျား

လှိုင်သာမြို့နယ်၊ ရေဥက္ကံရပ်ကွက်အတွင်း စစ်မှုထမ်းမဲပေါက်သည်ဆိုကာ ချက်ခြင်း ဝင်ရောက်ခေါ်နေသည်ကို တင်ပြအပ်ပါသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၁ ရက်နေ့တွင် မြသဇင်လမ်းရှိ အဆောင်တွင် မဲပေါက်သည်ဆိုကာ ညတွင်းချင်း (၄) ဦးကို ခေါ်ဆောင်သွားပါသည်။ 

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့နေ့လည် ၁၂း၀၀ နာရီတွင် စစ်မှုထမ်းမဲပေါက်သည်ဆိုကာ အောင်ချမ်းသာလမ်းထဲရှိ အဆောင်နေယောင်္ကျားလေး (၅) ဦးကိုလာရောက် ခေါ်ပါသည်။ (၃) ဦးမှာထွက်ပြေးသွားခဲ့ပါသည်။ (၂) ဦးပါသွားပါသည်။ 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ ရက်နေ့တွင် စိန်းရတနာလမ်းထဲ ဝင်ရောက်ခေါ်သည်များရှိပါသည်။ 
စစ်မှုထမ်းရန်ယခင်က မဲပေါက်သည်ဟုပြောပြီးမှ ခေါ်ပါသည်။ 

ယခုအခါ ဘယ်သူမှ မဲမနှိုက်ရသလို ဘယ်သူရယ်မဟုတ်ဘူး တွေ့တဲ့လူမှန်သမျှကို တစ်နေ့ (၅) ဦးနှုန်းဖြင့်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ခေါ်ဆောင်သွားသည့် လူငယ်အမျိုးသားများကို ဒဂုံဧရာအဝေးပြေးဝန်းဘက်ကို ကားဖြင့် ခေါ်ဆောင်သွား ပါသည်။ 

အခြားရပ်ကွက်တွေမှာ ယခုလိုမျိုးခေါ်နေသံမကြားရပါဘူး။ ရေဥက္ကံထဲမှာတော့ ရပ်ကွက် ဥက္ကဌနှင့် လူရမ်းကားတစ်စု ပူးပေါင်းကာ  အတင်းဆွဲခေါ် ကားပေါ်တင် စစ်သားစုဆောင်းရေးကို အဓမ္မလုပ်ဆောင်နေ ပါသည်။ 

၂၁ ရက်နေ့က စတင်ခေါ်တာ ညစဥ် ခေါ်ဆောင်မှုများ လုပ်ဆောင်နေပါသည်။ ရပ်ကွက်နေ ပြည်သူများအနေဖြင့် အရမ်းကို ထိတ်လန့်ကြောက်ရွံ့နေကြပါသည်။ 

လက်ရှိ နေထိုင်နေသည့် ကျွန်တော်၊ ကျွန်မတို့ အနေဖြင့် အနှေးနဲ့ အမြန် ကျွန်တော်တို့အလှည့် ရောက်လာမည်ဖြစ်ပါသည်။ ဘေးလွတ်ရာရှောင်ဖို့ အတွက်ကြိုးစားနေပါသည်။ လက်ရှိ အခြေအနေများကို အများပြည်သူ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ပြည်သူတစ်ဦး 

(ပေးစာကို မူရင်းအတိုင်း ဖော်ပြပါသည်)

 


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026