NEWS

လူမှုဖူလုံရေးအာမခံအကျုံးဝင်လုပ်သားတွေအတွက်  ဖခင်ဖြစ်ခွင့်အကျိုးခံစားခွင့်ကို ရရှိမှုမရှိသလောက်ဖြစ်နေ

CoverLogo
982 Views

လူမှုဖူလုံရေး ကြေးထည့်ဝင်နေတဲ့ အမျိုးသား အလုပ်သမားများတွေမှာ မိမိရဲ့ဇနီးသည် ကလေးမွေးဖွားပါက  ဖူလုံရေးဥပဒေပါ အချက်အလက်များအရ ဖခင်ဖြစ်ခွင့်အကျိုးခံစားခွင့်ကိုရရှိမှာဖြစ်ပေမယ့် ယင်းခံစားခွင့်အားရရှိကြသူ မရှိသလောက်နည်းပါးနေသေးကြောင်း အလုပ်သမားတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

"၂၀၁၂ ခုနှစ်မှာပြဋ္ဌာန်း လိုက်တဲ့လူမှုဖူလုံရေး ဥပဒေသစ်အရ အမျိုးသမီးအာမခံအလုပ်သမားများအပြင် အမျိုးသားအာမခံလုပ်သားများလည်း ဇနီးသည်ကိုယ်ဝန်ဆောင်ပါက မီးဖွားစရိတ်နဲ့ခွင့်ကို ဖခင်ဖြစ်ခွင့်အကျိုးခံစားခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရနိုင်မယ်လို့ ကြေညာထားတယ်။လက်တွေ့ကတော့ အဲ့ဒီ့ခံစားခွင့်ကိုရတဲ့သူက မရှိသလောက်ပါပဲ "လို့ အလုပ်သမားအဖွဲ့အစည်း တစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ်။

ဖခင်ဘဝဖြစ်ခွင့်အကျိုးခံစားခွင့်ကို လုပ်ငန်းခွင်အတွင်းလုပ်သက် ၁နှစ်ရှိကာ လူမှုဖူလုံရေးကြေး ၆လဆက်တိုက်သွင်းထားတဲ့ အာမခံအမျိုးသားအလုပ်သမားများအနေနဲ့ ဇနီးသည်မီးဖွားပါက  လုပ်ခလစာရဲ့ ၇၀ရာခိုင်နှုန်းခံစားခွင့်နဲ့ခွင့်ရက်၁၅ရက်ကိုရရှိနိုင်မယ်လို့  လူမှုဖူလုံရေးဥပဒေမှာဖော်ပြထားပါတယ်။

"ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့် နဲ့ ခံစားခွင့်စရိတ်ကို ထုတ်ယူမယ်ဆိုရင် လိုအပ်တဲ့အထောက်အထားတွေကို မိမိလျှောက်ထားရမယ့် သက်ဆိုင်ရာဖူလုံရေးရုံးဌာနတွေမှာသွားရောက်လျှောက်ထားရမှာဖြစ်ပြီး ဥပမာအားဖြင့် ဖခင်ဖြစ်ခွင့်ခံစားလိုသူ အာမခံအမျိုးသားက လစာ၃သိန်းခွဲ ပမာဏဖြစ်လျှင် မီးဖွားမယ့်အာမခံအလုပ်သမားအမျိုးသမီးရနိုင်မယ့်မီးဖွားစရိတ်ရဲ့ထက်ဝက်ဖြစ်တဲ့ အာမခံစရိတ်ငွေ ၁သိန်းခွဲပမာဏကိုရရှိနိုင်မှာပါ။ဒီဖခင်ဘဝဖြစ်မှုအတွက် ဖူလုံရေးစရိတ်ကိုတော့ ရချင်လို့လျှောက်ထားသူက အာမခံအမျိုးသမီးလုပ်သားမီးဖွားစရိတ်လျှောက်သူတွေထက်စာရင် စရိတ်အတွက်လျှောက်ကြသူနည်းပါတယ်။ အချို့ကလည်း ငွေရတာနည်းလို့ မလျှောက်ကြဘူးလို့ပြောကြတယ်။ အချို့ကြတော့လည်း လျှောက်ချင်ပေမယ့် ဘယ်လိုလုပ်ရမလဲ မသိလို့ဆိုပြီး မလျှောက်ကြတာလို့ပြောပါတယ်။ "လို့ လူမှုဖူလုံရေးရုံခွဲတစ်ခု မှ တာဝန်ရှိသူကရှင်းပြထားပါတယ်။

ဖခင်ဘဝဖြစ်မှု ငွေကြေး အကျိုးခံစားခွင့်နဲ့ ဖခင်ဘဝဖြစ်မှုစရိတ်အကျိုးခံစားခွင့်ထုတ်ယူရာတွင် လိုအပ်တဲ့ အထောက်အထားတွေအနေနဲ့ က ဖူလုံရေးဌာနက ထုတ်ပေးထားတဲ့  (၁)ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်နဲ့မီးဖွားစရိတ်တောင်းဆိုလွှာအပါအဝင် အလုပ်ရှင်ထံက အကြောင်းကြားစာ (ပုံစံ ၁၉/၂၀) ဖောင်ပုံစံ ၊ (၂) ကလေးမွေးထားတာမှန်ကန်ကြောင်းထောက်ခံစာ၊ (၃)မိခင်က အလုပ်မရှိမှီခိုဖြစ်ကြောင်းထောက်ခံစာ၊ (၄)အရှင်မွေးလက်မှတ် ၊(၅) လင်မယားနှစ်ယောက်သန်ခေါင်စာရင်း မရှိပါက (လက်ထပ်စာချုပ်) (၆) လူမှုဖူလုံရေးကဒ် မိတ္တူ  စတာတွေကို ကလေးမွေးပြီး၃လအတွင်း လူမှုဖူလုံရေးဌာနကိုသွားရောက်လျှောက်ထားရမှာဖြစ်ကြောင်းသိရပါတယ်။

"ဖခင်ဘဝဖြစ်မှု ဖူလုံရေးစရိတ် က မတင်ဖြစ်ကြတာများတယ် ။ မီးဖွားစရိတ်အတွက် အမျိုးသမီးအာမခံလုပ်သားက တင်မယ်ဆိုရင် သူ့ယောကျ်ားအမျိုးသားဖြစ်သူက လည်းဖူလုံရေးအာမခံလုပ်သားဖြစ်ပေမယ့်လည်းရမှာမဟုတ်ဖူး ။ အာမခံလုပ်သား လင်မယား၂ယောက် ဆိုရင်မီးဖွားစရိတ်ကတစ်ယောက်စာပဲရတာ။ အခုဟာက အမျိုးသမီးအာမခံလုပ်သားတွေရဲ့မီးဖွားစရိတ် တောင် အကြာကြီးနေမှရတာတို့ တစ်ချို့လည်းမရကြတာတွေ ခုထိရှိနေတော့ အမျိုးသားတွေဆိုရင် နဂိုကမှ စိတ်မရှည်ကြတာရယ် ။ အမျိုးသမီးတွေရဲ့မီးဖွားစရိတ်ထက် ရတာနည်းတာရယ် တို့ကြောင့် အမျိုးသားဖူလုံရေးအာမခံ လုပ်သားတွေရာခိုင်နှုန်းတော်တော်များများက ဖခင်ဖြစ်မှုအတွက်ရမယ့်ဖူလုံရေးစရိတ်ကို လက်လျှော့လိုက်ကြတာများပါတယ်"လို့ လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့အမျိုးသားအာမခံလုပ်သားတစ်ဦးက  သူ့ရဲ့အမြင်ကိုသုံးသပ်ပြောကြားထားပါတယ်။

 


Related posts

Cover
Dong Chen Handbag စက်ရုံ ဖူလုံရေး မွေးဖွားစာရိတ် ကျပ် ခုနှစ်သောင်း ရမည်ဟု ပြောဆို
Jun 14, 2025
Cover
Shunrong Garment Myanmar လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်မပေး
Jun 11, 2025
Cover
လူမှုဖူလုံရေးအာမခံ လုပ်သားများ၏ သားသမီးများပညာသင်ထောက်ပံငွေ ရမည်
May 27, 2025
Cover
လူမှုဖူလုံရေး အာမခံကြေး လစဉ်ပေးသွင်းနေရပေမယ့် အားကိုးရတဲ့ အခြေအနေမဟုတ်ဘူးလို့ အလုပ်သမားတွေဝေဖန်
Dec 14, 2024
Cover
မြောက်ဒဂုံက လူမှုဖူလုံရေး ဆေးခန်းမှာ ဆေးမရှိ
Dec 03, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
လုပ်ငန်းခွင်ထိခိုက်မှုအတွက် ဖူလုံရေးစရိတ်ထုတ်ယူရာမှာ သတ်မှတ်ချက်တွေကြောင့် နစ်နာမှုဖြစ်ပေါ်နေ
Jul 23, 2024