NEWS

လက်ဝါးအထည်ချုပ်စက်ရုံလုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကျူးလွန်နေဟုဆို

CoverLogo
1.4K Views
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မူဇုန် ( ၃ )ရှိ လက်ဝါးအထည်ချုပ်စက်ရုံ ( ၁) သည်အလုပ်ချိန်မတိုင်ခင် အလုပ်ဝင်လုပ်ခိုင်းတာတွေ အထည်တစ်ကတ်ကြေးတွေ အပြည့်မပေးပဲ နောက်လမှပေါင်းပေးတာတွေ လုပ်တယ်လို့သိရပါတယ်။
" မနက်အလုပ်ဝင်ချိန် ၈နာရီကို ၈နာရီထိုးဖို့ ၁၀မိနစ်အလိုထဲက ဝင်ပြီးအလုပ်လုပ်ခိုင်းတယ် HR က နေ့လည်ထမင်းစားချိန် ၁၂နာရီကနေ ၁၂နာရီခွဲထိ မိနစ်၃၀ အနားပေးတာမှာ မိနစ်၂၀ပဲရတယ် ၁၀မိနစ်အလိုမှာ လုံခြုံရေးဝန်ထမ်းတွေက ခရစ်မှုတ်ပြီး အလုပ်ဝင်လုပ်ခိုင်းတယ်။
OT ခေါ်ရင်လည်း ငြင်းလို့မရဘူး အတင်းလက်မှတ်ထိုးခိုင်းတယ်။ ot မဆင်းရင် ပွိုင့်ပြောင်းတာတွေ ပွိုင့်ပိုင်မပေးတာတွေ လုပ်တယ်။
ဥပဒေပါခွင့်တွေယူရင်လည်း Super Leaderတွေပြောဆိုတာခံရတယ်။ တခြားလိုင်းကိုပြောင်းပစ်တာတွေ ပွိုင့်ပိုင်မပေးတာတွေ လုပ်တယ်။
တစ်ကတ်ကြေးနဲ့ချုပ်ရတယ်ဆိုပေမဲ့ အထည်စံချိန်ကိုမတရားတောင်းတာကြောင့် ရေမသောက်ရတာတွေ အပေါ့မသွားရလို့ဆီးအောင့်တာတွေ အထည်မပြီးလို့ အပြောအဆိုခံရမှာကြောင့် ထမင်းထွက်မစားရတွေကြောင့် အလုပ်သမားတွေအနေနဲ့ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲတာတွေတောင်ရှိတယ်။
အရေးပေါ်ထွက်ပေါက်လမ်းကြောင်းတွေဆိုလဲ အထည်လိပ်တွေနဲ့ ပိတ်နေလို့ လမ်းကျဥ်းပြီး မနည်းတိုးထွက်နေရတယ် ။ အလုပ်ဆင်းချိန်ဆို ထွက်ပေါက်တစ်ပေါက်ပဲဖွင့်ပေးထားတော့ ကြပ်ညပ်ပြီးမနည်းတိုးထွက်ရတယ်။ Super Leaderတွေကတော့ တခြားအပေါက်ကထွက်ရတယ်။
အိမ်သာတံခါးတွေဆိုလည်း ဂျက်မကောင်းတာတွေပြင်မပေးဘူး။
အမျိုးသမီး ဝန်ထမ်းတွေကို အလေးအပင်အထည်ပုံး​
တွေမခိုင်းတယ်၊ အထည်လှည်းတွေတွန်းခိုင်းတယ်။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သရုပ်ပြလေ့ကျင့်တာတွေလည်းမရှိဘူး အလရကစည်းကြပ်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဥပဒေကိုလည်းမလုပ်ဆောင်ဘူး။
အဆိုပါစက်ရုံသည် -------------နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၁ထောင်ဝန်းကျင်နဲ့ MOHITO brandကိုချုပ်လုပ်နေတာဖြစ်ပါတယ်။
"လုပ်ခပေးတဲ့နေရာမှာလဲ တစ်ကတ်ကြေးနဲ့ပေးတာဖြစ် ပြီး ဥပမာ ၅သိန်းဖိုးချုပ်ထားရင် ၃သိန်းပဲပေးတယ်။ ကျန်တဲ့ ၂သိန်းကို နောက်လ လကုန်ပြီး ၅ရက်နေ့မှပေးတယ်။အထည်ဆုကြေးတွေကိုလဲ အပြည့်မပေးဘူးနောက်လမှပေါင်းပေးတာတွေလုပ်တယ်။
WCC တော့ရှိတယ် အလုပ်ရှင်က ၆ယောက်လုံးကို့သူ့သဘောတိုင်းရွေးပြီး ဓာတ်ပုံကပ်ထားတာပဲရှိတယ်။
အိမ်သာသွားရင်တောင် အိမ်သာသွားကဒ်လုပ်ထားပြီး တစ်လိုင်းကို ၃ကဒ်ပဲပေးထားတယ်။ ပဲကျရင်လဲ ၅၀၀/၁၀၀၀ဖြတ်တယ်။ မနက်အလုပ်ဝင်တာနဲ့စက်ရုံဘတ်က ဖုန်းတွေကို ပုံးသေးသေးလေးထဲစုထည့်ထားရတယ် အဲ့လို့ထည့်ရလို့ ပျောက်တာပျက်တာတွေကိုလည်း တာဝန်မယူဘူး ဖုန်းပျက်တာတွေလည်း ရှိတယ် သူတို့သတ်မှတ်ထားတဲ့ပုံးထဲမထည့်ရင် ၅၀၀ပေးရတယ် အခုလို မတရား ပြုလုပ်နေတာတွေကို ဘတာဝန်ရှိသူတွေ ကူညီပေးစေချင်ပါတယ်။
 
 

Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026