NEWS

မြောက်ဒဂုံက လူမှုဖူလုံရေး ဆေးခန်းမှာ ဆေးမရှိ

CoverLogo
1K Views

#ပေးစာ

အယ်ဒီတာများရှင့်

မြောက်ဒဂုံက လူမှုဖူလုံရေး ဆေးခန်း အကြောင်း ပြောပြချင်ပါတယ်ရှင့်။ ဆေးခန်းက လူမှုဖူလုံရေးဆေးခန်းပါ။  တော်ဝင်နဂါးဆေးခန်းလို့ ဆိုင်းပုတ် တင်ထားပါတယ်။ လူမှုဖူလုံရေး တံဆိပ်နဲ့ တော်ဝင်နဂါးတံဆိပ်တွဲ ရေးထား ပါတယ်။ ဗိုလ်မင်းရောင် လမ်းပေါ်မှာ ပါ။

ဆေးခန်းက အလုပ်သမားတွေကို ကုသပေးတဲ့ လူမှုဖူလုံရေးဆေးခန်းမို့လားမသိဘူး ရှင့် ၊  အချိန်အမှန် ဆရာဝန် မရှိပါဘူး၊ ဆေးကလည်း အစုံအလင်မရှိလို့ပါ ရှင့်။

ညီမက အကျိုးခံစားခွင့် တောင်းခံခြင်းလည်း မရှိပါဘူး။ 

ညီမက အရှေ့ဒဂုံ မှာ အလုပ်ဆင်းနေရတဲ့သူပါ ။ နေမကောင်းလို့ မြောက်ဒဂုံက တော်ဝင်နဂါးဆေးခန်းမှာ ခွင့် သွားယူပါတယ်။ ဆေးခန်းရောက်တော့ ဆရာဝန်က မရှိပါဘူး။ မနက် ၉ နာရီဆိုတာ စောနေလို့လားလို့၊ ဒါနဲ့  နောက်တစ်ခေါက်သွားပါတယ် ။ မနက် ၁၀ နာရီအထိ ဆရာဝန်က မရောက်သေးပါဘူး။ နေလယ် ၁၂ ခွဲ လောက် မှာ နောက်တခေါက်သွားပါတယ်။ 

အဲ့မှာ ဆရာဝန်နဲ့ တွေ့ရပါတယ်။ ဆရာဝန်ကစမ်းသပ်ပြီး ဆေးရေးပေးလိုက်ပါတယ်။ ဆေးက ၅ မျိုးသောက်ရ မှာပါ။ ဒါပေမယ့် ဆေးက တစ်မျိုးပဲ ရှိပါတယ် တဲ့။ ကျန်တဲ့ဆေးက ဝယ် သောက်ရပါမယ်တဲ့ ။ 

ညီမက လူမှုဖူလုံရေးကို လစဉ် ၅၀၀၀ ကျော် ပေးဆောင်နေတဲ့သူပါ။ အလုပ်ဝင်ကတည်း ၇ နှစ် ကျော် ဆက်တိုက် သွင်းလာတဲ့ သူပါ။ တခါမှ ဆေးခန်းပြသဖူးခြင်းမရှိပါဘူး။ အခု နှစ် နေမကောင်းလို့ ပြရတာပါ ။ 

အဲ့ဆေးခန်းကို သွားပြတိုင်းလည်း ဆရာဝန်မရှိတဲ့ရက်ဖြစ်နေတာနဲ့၊ မရောက်သေးတာနဲ့ပဲ မပြဖြစ်တော့တာပါ။  ရုံးကပြောလို့ စာချုပ်ဆေးခန်းဆိုပြီး သွားပြတာပါ။ ဖျားလို့  ဆေးခန်း ပြတာက လည်ချောင်းနာလို့ သောက်ရတဲ့ ဆေးလည်း မရခဲ့ပါဘူး။ အကိုက်ခဲပျေက်ဆေးလည်း မရခဲ့ပါဘူး။ ပိုးသတ်ဆေးလည်း မရခဲ့ပါဘူး။ အနီရောင် အားဆေးဆိုတာလေးပဲရခဲ့ပါတယ်။ ဇင့် နဲ့ပတ်သတ်တဲ့ အားဆေးတောင် မရှိပါဘူးရှင့်။ 

အကယ်၍ ဆေးမပေးနိုင်ရင်လဲ ဆေးခန်း ဖွင့်မထားဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။

မြောက်ဒဂုံမှ အမျိုးသမီးအလုပ်သမားတဦး 

 #MyanmarLabourNews


Related posts

Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026