NEWS

မန်နေဂျာအမျိုးသမီး တရုတ်အမျိုးသားများနှင့် အောင်သွယ်ပေးနေလို့ လူကုန်မှု ဖြစ်ပွားမှာ အလုပ်သမားများ စိုးရိမ်

CoverLogo
826 Views
 
ပဲခူးတိုင်း၊ အင်းတကော်မြို့မှာရှိတဲ့ Sun Good ဂျင်းဘောင်းဘီ စက်ရုံမှာ စက်တန်း တာဝန်ယူထားတဲ့ တရုတ် အမျိုးသမီး(လုပ်ငန်းခွင်ထဲတွင် ကျဲကျဲဟု ခေါ်) အကြောင်း တိုင်ချင်လို့ပါ။
အဲဒီ တရုတ်အမျိုးသမီး(ထုတ်လုပ်ရေး မန်နေဂျာ)က အလုပ်ထဲက မြန်မာ မိန်းကလေး တချို့ကို တရုတ် အမျိုးသားတွေနဲ့ မိတ်ဆက် ပေးတယ်။ ရည်စားရှာပေးတဲ့ သဘောပေါ့ ။ မိန်းမရှာပေးတဲ့ပုံစံမျိုးကို စက်ရုံထဲမှာ လုပ်နေပါတယ်။
ညီမတို့ရှေ့မှာ ချောတဲ့ မြန်မာ မိန်းကလေးမှန်ရင် အကုန်လိုက်ပြီး အောင်သွယ်ပေးနေတာပါ။ မိန်းကလေး တယောက်ကို သူပြန်ရင် ခေါ်သွားဖို့ စီစဥ်းထားပါတယ်။
သူက တရုတ်နိုင်ငံဘက်က အမျိုးသားတွေနဲ့ အောင်သွယ်ပေးတာပါ။ အဲဒီ အမျိုးသားတွေက လူလွတ်တွေလား ၊မလွတ်တာတွေလားတော့ သေချာမသိရဘူး။
စက်ရုံမှာ အခု သူမရှိပါဘူး။ သူ့ နိုင်ငံကို ရက် ၂၀ လောက် ခဏပြန်သွားတယ်လို့ ကြားပါတယ်။
သူအောင်သွယ်ပေးတဲ့ မိန်းကလေးကို ခေါ်သွားလား၊ မခေါ်သွားဘူးလားဆိုတာတော့ မသိပါဘူး။ ခေါ်သွားပြီး လူချင်းပေးတွေ့ပေးဖို့တော့ သူ စီစဥ်ထားတာပါတယ်။
အဲဒီ တရုတ်အမျိုးသမီးက သူ့ ချိတ်ပေးပြီးရင် သွားဖို့လာဖို့ကို အကုန်တာဝန်ယူပေးပါတယ်။ သူ အောင်သွယ်တဲ့ တချို့ မိန်းကလေးတွေကတော့ လက်မခံပါဘူး။ တချို့ မိန်းကလေး (အမည်ပါ) တွေကတော့ လက်ခံတယ်။
ဖုန်း(ph) ထဲက အမျိုးသားပုံတွေပြပြီး အောင်သွယ်နေတာပါ။ သူ့ရဲ့ မောင်ဝမ်းကွဲ၊ အကိုဝမ်းကွဲ ဆိုပြီး ပြပြပြီး အောင်သွယ် ပြောနေတာပါ။
သူက အစစ သိုသိုသိပ်သိပ် လုပ်နေပါတယ်။ ရုံးခန်းထဲကို သူတို့ အောင်သွယ်တဲ့ မိန်းကလေးကို တယောက်ထဲ ခေါ်ပြီး စကားပြန်နဲ့ပြောတာပါ။
စက်ရုံမှာ ကိုယ်ပိုင်တံဆိပ်ချုပ်ပါတယ်။ လုပ်သားက အရင် ၁၀၀ မပြည့်ပါဘူး။ အခုဆို ပိုနည်းပါတယ်။ စက်ရုံထဲမှာ အမျိုးသမီး အပျို အအိုကတော့ ထပ်ဝက်စီလောက်ရှိပါတယ်။ နိုင်ငံရေးမကောင်း၊ အလုပ်အကိုင် မကောင်းလို့ အဲဒီတရုတ်အမျိုးသမီးက မြန်မာမိန်းကလေးတွေကို လူကုန်ကူး အမြတ်ထုတ်မှာကို စိုးရိမ်လို့ တိုင်ကြားတာပါ ။
(Sun Good အထည်ချုပ်စက်ရုံ ဖွင့်လှစ်တာ ငါးလ ဝန်းကျင်သာရှိပါသေးတယ်။ Dica ရဲ့ အချက်အလက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖွင့်လှစ်ထားတဲ့ စက်ရုံလို့ သိရပါတယ်)
Photo- Google

Related posts

Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026