NEWS

ကျွမ်းကျင်လုပ်သားတွေကိုသာ လုပ်ခတိုးပေးလာပြီး အောက်ခြေလုပ်သားတွေ အနည်းဆုံးလုပ်ခသာရရှိနေ

CoverLogo
454 Views

ပြည်တွင်းက စက်ရုံအလုပ်ရုံအများစုဟာ အနိမ်ဆုံးလုပ်ခလစာတစ်နေ့အလုပ်ချိန်၈နာရီအတွက် ၄၈၀၀ ကျပ်ပေးချေခဲ့ရာကနေ ဒေးကြေးတိုးမြှင့် ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပေမဲ့ အဆိုပါ လုပ်ခတိုးမြှင့်ပေးတာကို အောက်ခြေအလုပ်သမားများ အမှန်တကယ်မခံစားကြရဘူးလို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို ဥပေဒအရ အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ် သတ်မှတ် ထားတာဖြစ်ပြီး  ဥပေဒအရ ၂ နှစ်တကြိမ်းတိုးမြှင့်ပေးဖို့ ပြဌာန်းထားပေမဲ့  ၆ နှစ်ကြာတဲ့အထိ  တိုးမြှင့် ပေးတာ မရှိပါဘူး။  ပြီးခဲ့တဲ့ နှစ်အတွင်းထောက်ပံ့ကြေး ကျပ်တထောင် တိုးမြှင့်ပေးခဲ့ ပေမဲ့ အခြေခံလုပ်ခလစာ မဟုတ်လို့ စက်ရုံလုပ်သမားတွေ နစ်နေရတာတွေလည်းရှိနေတာပါ။

"စက်ရုံတွေကအများကြီးပဲလာပြောကြတာ။ ကျွန်တော်တို့မရဘူး ခေါင်းဆောင်ပိုင်းတွေပဲရတယ်။ အလုပ်ရှင်တွေက တော်တဲ့ကျွမ်းကျင်တဲ့အလုပ်သမားတွေမထွက်သွားအောင်လို့ သူတို့ကိုပဲတိုးပေးတဲ့သဘော။ ဆုကြေးတို့ကျွမ်းကျင်ကြေးတို့မှာထိုက်ထိုက်တန်တိုးပေးလိုက်တာတို့ရှိတယ်။ အောက်ကဝန်ထမ်းတွေကတော့ မရဘူး" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အဲ့ဒီလိုလုပ်ခလစာမတိုးရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်အလုပ်သမားတွေကလည်း လုပ်ခလစာတိုးမြင့်ဖို့နဲ့ခေါင်းဆောင်ပိုင်းလောက်တာတိုးမြင့်မှုကို  စက်ရုံမှူး ထံသို့တင်ပြခဲ့ရာ စက်ရုံမှူးမှ " ၅လပိုင်းတွင် ခေါင်းဆောင်တချို့ လစာတိုးသွားခြင်းမှာ မဟုတ်ကြောင်း၊ ကျွမ်းကျင်ကြေးသာတိုးပေးခဲ့ကြောင်း၊ယခုလိုခက်ခဲနေသည့်အချိန်ကာလတွင်  ခေါင်းဆောင်နိုင်သည့်သူများ၊ ဘာသာစကားတတ်ကျွမ်းသူများ  ကျွမ်းကျင်မှု များစွာရှိသူများကိုသာတိုးပေးကြောင်း၊ ကောင်းမွန်သောခေါင်းဆောင်များ အလုပ်မှထွက်တာ များလွန်းသောကြောင့် ကောင်းမွန်တဲ့ခေါင်းဆောင်တွေကို မထွက်အောင် ယခုလိုချီးမြှင့်ကြောင်းပြောခဲ့ပါတယ်"လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် လုပ်ခလစာတိုးမြင့်ပေးဖို့တောင်းဆိုချက်ကို၀န်ကြီးမှ ငွေကြေးဖောင်းပွမှုကြောင့် ၄၈၀၀ ထက်တိုးမပေးနိုင်သေးကြောင်း၊ တိုးပေးထားသောစက်ရုံများကိုလည်း Register လုပ်မလုပ်ပြန်စစ်ဆေးမှာ ဖြစ်ကြောင်း Registerလုပ်ထားသောစက်ရုံကိုသာတိုးခွင့်ပေးမယ်လို့သာ ပြန်လည်ဖြေကြားခဲ့တယ်လို့ အဆိုပါသမဂ္ဂထုတ်ဖော်ချက်အရ သိရပါတယ်။

" အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ လို့ပြောလို့ရတယ်။ ဒါပေမဲ့ အနည်းဆုံးဆိုတာကိုဖြုတ်လိုက်ပြီး စက်ရုံအလိုက် သူ့စက်ရုံနဲ့သူ့အလုပ်သမားအလိုက် သတ်မှတ်နှုန်းတွေကတော့ပြောင်းသွားမယ်။ တကယ်လည်းဒါကဖြစ်သင့်ပါတယ်။ အနိမ့်ဆုံးဆိုတာသည် ၄၈၀၀ အောက်ကိုလျော့မပေးနဲ့ အထက်ကိုကြိုက်သလောက်ပေးလို့ရတယ်။ အဲ့ဒီအပေါ် လုပ်ငန်းရှင်တွေကနားလည်မှု တွေ ဘယ်လိုပေးတယ်မသိဘူး ၄၈၀၀ ပေးရင်တာဝန်ကျေပြီလို့ထင်တယ်။ တကယ်တော့ လုပ်ငန်းလိုအပ်ချက်အရ ကိုယ့်စက်ရုံနဲ့ကိုယ့်အလုပ်သမားအခြေအနေတွေက မတူဘူး။brand ချုပ်တာနဲ့ local ချုပ်တာနဲ့မတူဘူး။ ကိုယ်ပေးနိုင်တဲ့အနေအထားနဲ့ အလုပ်သမားကိုပေးဖို့လိုအပ်တာပေါ့။ မဟုတ်ရင် အလုပ်သမားတွေကထွက်သွားမှာပဲ" လို့ ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

ဇွန်လထဲမှာ ရန်ကုန်မြို့ပေါ်က ကုမ္ပဏီလုပ်ငန်းရှင်အချို့ဟာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့်  လူသားချင်းစာနာထောက်ထားကာ  မိမိတို့ရရှိနေတဲ့လစာရဲ့ ၂၅ရာခိုင်နှုန်းကနေ  ၃၀ ရာခိုင်နှုန်းအထိတိုးပေးသလို  လုပ်သက်နဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီး တိုးမြင့်ပေးတာတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ  ကုမ္ပဏီအမည်နဲ့ တကွ ထုတ်ပြန်ခဲ့လို့လုပ်ငန်းရှင်၇ဦး တရားစွဲဆိုခံခဲ့ရပါတယ်။

လက်ရှိအခြေအနေတွင် အလုပ်ရှင်ဘက်ကအလုပ်သမားတွေအပေါ် ဒေးကြေးတိုးမြင့်ပေးမှာမဟုတ်ဘဲ အခြားသောတိုင်တွေမှာသာ တိုးမြင့်ပေးလာနိုင်တာကြောင့် အလုပ်သမားတွေက အလုပ်ချိန်အများကြီးလုပ်ဖို့မလိုဘဲ မိမိတို့ရဲ့ စွမ်းဆောင်ရည်အလိုက်  သေသပ်၊ လက်ရာကောင်းမွန်အောင် လုပ်ကိုင်ဖို့လိုအပ်တာကြောင့်  အချိန်ပိုတွေအများကြီးတိုးလုပ်တာထက် မိမိရဲ့ ကျွမ်းကျင်မှုကိုသာ မြှင့်ထား ဖို့လိုတယ်လို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက အကြံပြုထားပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026